တရုတ်ပြည်မကြီး အိမ်ခြံမြေ developer က စင်္ကာပူရှိ GSH ပလာဇာကို စင်္ကာပူ ဒေါ်လာ ၇၂၅ သန်းဖြင့် ဝယ်ယူမည်

တရုတ်ပြည်မကြီး အိမ်ခြံမြေ developer က စင်္ကာပူရှိ GSH ပလာဇာကို စင်္ကာပူ ဒေါ်လာ ၇၂၅ သန်းဖြင့် ဝယ်ယူမည် - Property News in Myanmar from iMyanmarHouse.com
14 Feb 2017 12:31 pm တွင် တင်ခဲ့သည်
1604 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံ၊ နန်ကျင်းအခြေစိုက် အိမ်ခြံမြေ developer ဖြစ်သော Fullshare Holdings သည် စင်္ကာပူရှိ GSH ပလာဇာကို စင်္ကာပူ ဒေါ်လာ ၇၂၅ ဒသမ ၂ သန်း (ကန်ဒေါ်လာ ၅၁၂ သန်း) ဖြင့် ဝယ်ယူရန် သဘောတူညီချက်ရရှိထားပြီဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ထုတ်ဖော်ကြေညာသည်ဟု ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

GSH Properties Pte Ltd မှ ပိုင်ဆိုင်သော အဆိုပါ အဆောက်အအုံသည် ရုံးအဆောက်အအုံတစ်ခုဖြစ်ပြီး ၂၈ ထပ်အမြင့်ရှိကာ စင်္ကာပူရှိ ဘဏ်လုပ်ငန်းများအခြေချရာအရပ်တွင် တည်ရှိသည်။
ယခုအရောင်းအဝယ်မှာစင်္ကာပူတွင်အကြီးမားဆုံးဖြစ်ပေါ်ခဲ့သည့်
နောက်ဆုံးအရောင်းအဝယ်တစ်ခုလည်း ဖြစ်သည်။

Fullshare Holdings သည် တရုတ်နိုင်ငံတွင် လူသိနည်းသော ကုမ္ပဏီတစ်ခုဖြစ်သော်လည်း ပြီးခဲ့သောနှစ်အတွင်း ကုမ္ပဏီ၏
ရှယ်ယာဈေးများ ၂ ဒသမ ၅ ဆခန့် မြင့်တက်ခဲ့ရာ ကုမ္ပဏီပိုင်ရှင်ကို တရုတ်နိုင်ငံ၏

အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းတွင် ပါဝင်လာစေခဲ့သည်။
Fullshare Holdings သည် သြစတေးလျနှင့် ကနေဒါတို့တွင်လည်း အိမ်ရာစီမံကိန်းများ ဆောက်လုပ်လျက်ရှိသော ကုမ္ပဏီ ဖြစ်သည်။
စင်္ကာပူရှိ GSH ပလာဇာသည် ၁၉၉၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံဖြစ်ပြီး စတုရန်းပေ ၂၅၂၁၃၅ အကျယ်အဝန်းရှိရာ တစ်စတုရန်းပေလျှင် စင်္ကာပူဒေါ်လာ ၂၉၀၀ တန်ကြေးရှိနေသည်။

လက်ရှိအားဖြင့် GSH ပလာဇာတွင် ရုံးခန်းနေရာ ၂၅၉ ခုနှင့် လက်လီအရောင်းဆိုင်များအတွက် အထပ် ၂ ထပ်ပါဝင်သည်။
ပြန်လည်မွမ်းမံလျက်ရှိသော အဆိုပါအဆောက်အအုံကို ယခုနှစ် ပထမသုံးလပတ်ကာလအတွင်း ယာယီနေထိုင်ခွင့် ရရှိရန် မျှော်လင့်ထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တရုတ်ပြည်မကြီး အိမ်ခြံမြေ developer က စင်္ကာပူရှိ GSH ပလာဇာကို စင်္ကာပူ ဒေါ်လာ ၇၂၅ သန်းဖြင့် ဝယ်ယူမည် - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်မကြီး အိမ်ခြံမြေ developer က စင်္ကာပူရှိ GSH ပလာဇာကို စင်္ကာပူ ဒေါ်လာ ၇၂၅ သန်းဖြင့် ဝယ်ယူမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service