မြန်မာငွေ ၈၅ သိန်းကျော်ဖြင့် ရောင်းချမည့် ဘူလ်ဂေးရီးယားနိုင်ငံရှိ လုံးချင်းအိမ်ကလေး

မြန်မာငွေ ၈၅ သိန်းကျော်ဖြင့် ရောင်းချမည့် ဘူလ်ဂေးရီးယားနိုင်ငံရှိ လုံးချင်းအိမ်ကလေး - Property News in Myanmar from iMyanmarHouse.com
14 Feb 2017 12:02 pm တွင် တင်ခဲ့သည်
14449 ကြိမ် ကြည့်ရှု့ပြီး
ကားဂိုဒေါင်၊ မြေလွတ်ပါသော အိမ်ကလေး ၊ ပင်လယ်ကမ်းခြေမှ တစ်နာရီခရီးသာ ဝေးကွာ၏။
မြတ်နိုးနှစ်သက်ဖွယ် ပုံသဏ္ဍာန်ဖြင့် ဆောက်လုပ်ထားသော လုံးချင်းအိမ်ကလေးဖြစ်သည်။

ထောင့်ကွက်ဖြစ်ပြီး ကတ္တရာလမ်းသစ်ကြီးဘေးတွင် တည်ရှိ၏။
အိမ်ရှေ့တွင် ပိုးစာပင်ကြီးတစ်ပင် စိမ်းလန်းနေပြီး ဘေးတစ်ဘက်တွင် ကားဂိုဒေါင်ရှိ၏။
နေအိမ်မျက်နှာစာတံခါးဘောင်များ၊ နံရံထောင့်လိုင်းများကို ပင်လယ်ပြာရောင် ဆေးသုတ်ထားသည်။

အပန်းဖြေရန် ကောင်းမွန်လှသည့် နေရာတစ်ခုပင်။
ယင်းနေအိမ်၏ ရောင်းဈေးမှာ ယူရိုငွေ ၅၉၀၀ အောက် (မြန်မာငွေ ၈၅ သိန်း ၈ သောင်းခန့်) သာ ဖြစ်ရာ အလွန်တန်လှသည်ဟု ဆိုရမည် ဖြစ်သည်။
(မှတ်ချက်။ ၁ ယူရိုလျှင် မြန်မာငွေ ၁၄၅၅ ဒသမ ၆၂ ကျပ်နှုန်းဖြင့် တွက်ချက်ထားခြင်းဖြစ်ပြီး ၂၀၁၇၊ ဖေဖော်ဝါရီ ၁၃ ရက်၊ နေ့လယ်
၂ နာရီ အချိန် ပေါက်ဈေးအရ ဖြစ်ပါသည်)
တည်နေရာမှာ ဘူလ်ဂေးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဒိုဘရစ်မြို့တွင် ဖြစ်သည်။

ဒိုဘရစ်သည် ဘူလ်ဂေးရီးယားတွင် အဌမမြောက် လူဦးရေအများဆုံး မြို့တစ်မြို့ဖြစ်သည်။
ကမ္ဘာပေါ်ရှိ ထိပ်တန်းမြို့ကြီးများတွင် နုံချာညံ့ဖျင်းလှသော လူနေခန်းများအတွက် ဈေးနှုန်းခေါင်ခိုက်နေချိန်တွင် ဤနေရာကဲ့သို့ ငြိမ်းချမ်းဆိတ်ငြိမ်သောနေရာများကို အခြားစံများဖြင့် တိုင်းတာနေဦးမည်ဆိုပါက ရယ်ဖွယ်လိလိသာ ဖြစ်ပေလိမ့်မည်။

အနာဂတ်နောင်တစ်ချိန်တွင် ယခုနေရာမျိုးသည် ဈေးနှုန်းများစွာ ခေါ်လာတော့မည့် နေရာတစ်ခုဖြစ်သည်။
လက်ရှိအချိန်တွင် ဝယ်ယူမထားပါက နောင်တရဖွယ်ဖြစ်လာမည်သာ
ဖြစ်၏။ခြံဝန်းဝတွင် မုဒ်ဝပြုလုပ်ထားသည်။ ညစာစားခန်းမှတစ်ဆင့် ပန်းဥယျာဉ်ကို ကောင်းစွာရှုမြင်နိုင်သည်။
ရေပူစနစ်ပင် ပါဝင်သည့် ဤနေအိမ်၏ ခေါ်ဈေးမှာ အံ့အားသင့်ဖွယ်ရာပင် ဖြစ်သည်။

လက်ရှိအချိန်ထိ ရောင်းမထွက်သေးချေ။
၁၉၆၀ မှ ၁၉၇၀ ပြည့်ကာလများအကြား
ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အမိုးမှာ ကောင်းမွန်နေဆဲ ဖြစ်သည်။
ယခင်ပိုင်ရှင်မှာ တော်ဝင်ဘူလ်ဂေးရီးယားရေတပ်မှ ဖြစ်ပြီး ကွန်မြူနစ်ခေတ်မတိုင်မီက ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။

ဖော်ပြပါဓာတ်ပုံများတွင် သူ၏ဓာတ်ပုံတစ်ပုံပါဝင်ပြီး ဦးထုပ်တွင် အရှင်မင်းကြီးဟု ရေးသားထားသည့် စာလုံးများရှိနေပြီး နောက်ဘက်တွင် တော်ဝင်ရေတပ်ဟူသော စာလုံးများရှိ၏။
ဥယျာဉ်အတွင်းတွင် သစ်သီးပင်မျိုးစုံနှင့် မြက်ခင်းတို့ ပါဝင်သည်။
လမ်းဆုံ၏ အခြားတစ်ဘက်တွင် ဒတ်ခ်ျမိသားစုတစ်စု နေထိုင်၏။ ယင်းမိသားစုက ကျေးရွာခန်းမကို ဝယ်ယူကာ ပြန်လည်မွမ်းမံ ထားကြသည်။
နေအိမ်၏ ယာဘက်တွင် ဘူလ်ဂေးရီးယားလူမျိုးတစ်ဦးနေထိုင်သည်။
အမှန်တကယ်ကောင်းမွန်လှသည့် နေရာကောင်းတစ်ခုဖြစ်ပြီး မြစ်တစ်စင်းနှင့် မီတာ ၂၀၀ သာ ကွာဝေးသည်။

နာမည်ကျော် ဒရိုင်ယန်ရေကန်ကြီးနှင့်လည်း နီးကပ်စွာတည်ရှိသည်။
ဤအရပ်ဝန်းကျင်တစ်ခုလုံးကို ဂေဟဇုံအဖြစ် သတ်မှတ်ထားပြီး တောတွင်းသဘာဝအလှများ ကြည့်ရှုခံစားဖွယ်ရာ ပေါများလှသည်။
နာမည်ကျော် ကရာဆန်ကျေးရွာနှင့် နီးကပ်စွာတည်ရှိသည်။
ကရာဆန်သည် သာမာန်ကျေးရွာတစ်ရွာထက် ပိုမိုကြီးမားပြီး စာသင်ကျောင်း၊ စားသောက်ဆိုင်၊ ဓာတ်ဆီဆိုင်၊ ကောင်စီ အဆောက်အအုံများ၊ ကျေးရွာဘုံဆိုင်၊ ပြတိုက် ၃ ခုနှင့် ဆေးခန်းတို့ တည်ရှိသည်။

ပင်လယ်ကမ်းခြေနှင့် ၆၃ ကီလိုမီတာ အကွာအဝေးတွင်ရှိပြီး နိုင်ငံခြားဝယ်လက်တို့အကြား ရေပန်းစားသည့် နေရာတစ်ခုလည်း ဖြစ်သည်။
ဤနေအိမ်ကို ဝယ်ယူမည်ဆိုပါက ရက်သတ္တ ၂ ပတ်အတွင်း စာရွက်စာတမ်းကိစ္စများ ပြီးစီးနိုင်မည်ဟု ဆိုသည်။
နေအိမ်ဝယ်ယူရန်အတွက် ဘူလ်ဂေးရီးယားသို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုရန် မလိုဟု ဆိုသည်။

ယနေ့ခေတ်တွင် ယူရိုငွေ ၅၉၀၀ (မြန်မာငွေ ၈၅ သိန်း ၈ သောင်းခန့်) ဖြင့် မည်သည့်အရာ ဝယ်ယူနိုင်ပါသနည်း။
တစ်ပတ်ရစ်ကားအဟောင်းတစ်စင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
စာရွက်စာတမ်းနှင့် ရုံးစရိတ်အတွက်မူ ၆၅၀ ယူရို (မြန်မာငွေ ၉ သိန်းခွဲ) ခန့် ထပ်မံကုန်ကျမည် ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
မြန်မာငွေ ၈၅ သိန်းကျော်ဖြင့် ရောင်းချမည့် ဘူလ်ဂေးရီးယားနိုင်ငံရှိ လုံးချင်းအိမ်ကလေး - Property News in Myanmar from iMyanmarHouse.com
မြန်မာငွေ ၈၅ သိန်းကျော်ဖြင့် ရောင်းချမည့် ဘူလ်ဂေးရီးယားနိုင်ငံရှိ လုံးချင်းအိမ်ကလေး - Property News in Myanmar from iMyanmarHouse.com
မြန်မာငွေ ၈၅ သိန်းကျော်ဖြင့် ရောင်းချမည့် ဘူလ်ဂေးရီးယားနိုင်ငံရှိ လုံးချင်းအိမ်ကလေး - Property News in Myanmar from iMyanmarHouse.com
မြန်မာငွေ ၈၅ သိန်းကျော်ဖြင့် ရောင်းချမည့် ဘူလ်ဂေးရီးယားနိုင်ငံရှိ လုံးချင်းအိမ်ကလေး - Property News in Myanmar from iMyanmarHouse.com
မြန်မာငွေ ၈၅ သိန်းကျော်ဖြင့် ရောင်းချမည့် ဘူလ်ဂေးရီးယားနိုင်ငံရှိ လုံးချင်းအိမ်ကလေး - Property News in Myanmar from iMyanmarHouse.com
မြန်မာငွေ ၈၅ သိန်းကျော်ဖြင့် ရောင်းချမည့် ဘူလ်ဂေးရီးယားနိုင်ငံရှိ လုံးချင်းအိမ်ကလေး - Property News in Myanmar from iMyanmarHouse.com
မြန်မာငွေ ၈၅ သိန်းကျော်ဖြင့် ရောင်းချမည့် ဘူလ်ဂေးရီးယားနိုင်ငံရှိ လုံးချင်းအိမ်ကလေး - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service