ရှယ်ယာတန်ဖိုးများ ထိုးကျနေသဖြင့် ရောင်းချခြင်းမပြုကြရန် ပထမမြန်မာပုဂ္ဂလိကဘဏ်က အစုရှင်များကို တိုက်တွန်း

ရှယ်ယာတန်ဖိုးများ ထိုးကျနေသဖြင့် ရောင်းချခြင်းမပြုကြရန် ပထမမြန်မာပုဂ္ဂလိကဘဏ်က အစုရှင်များကို တိုက်တွန်း - Property News in Myanmar from iMyanmarHouse.com
14 Feb 2017 11:08 am တွင် တင်ခဲ့သည်
1613 ကြိမ် ကြည့်ရှု့ပြီး
ရှယ်ယာတန်ဖိုးများ တစ်ဟုန်ထိုးကျဆင်းနေခြင်းကြောင့် အစုပိုင်ရှင်များကို ရှယ်ယာများရောင်းချခြင်းမပြုရန် ပထမမြန်မာ ပုဂ္ဂလိကဘဏ် က ကြေညာ ချက်တစ်ရပ်ကို ထုတ်လိုက်သည်။

ပထမမြန်မာပုဂ္ဂလိကဘဏ် (First Private Bank - FPB) သည် ၄င်းတို့၏ အခြေခံရှယ်ယာတန်ဖိုးကို တစ်စုလျှင် ကျပ် ၃၉,ဝဝဝ ဖြင့် သတ်မှတ်ခဲ့သည်။ သို့ရာတွင် ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင်ကုမ္ပဏီ အဖြစ် ရှယ်ယာရောင်း ချမှု စတင်လိုက်ပြီး တစ်ပတ်ကျော်အတွင်း ကျပ် ၃ဝ,၅ဝဝ
အထိ ကျဆင်းလာခြင်းကြောင့် အဆိုပါ ကြေညာချက်ကို ဖေဖော်ဝါရီ ၆ ရက်တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ထုတ်ပြန်ချက်၏ အဓိကအကြောင်းရင်းအနေဖြင့် ပြင်ပစီးပွားရေးလုပ်ငန်းရှင်များသည် ပထမ
ပုဂ္ဂလိကဘဏ်၏ရှယ်ယာများကို ဈေးကစားနေကြကြောင်း ဖော်ပြထားသည်။ ထို့အတွက် အစုရှင်
များသည် အမှန်တကယ် ငွေလိုအပ်ချက်ရှိမှသာ ရှယ်ယာများထုတ်ရောင်းသွားကြရန် တိုက်တွန်း
ထားခြင်းလည်းဖြစ်သည်။

၎င်းဘဏ်သည် ဇန်နဝါရီ ၁၆ ရက်က ရန်ကုန်စတော့အိတ်ချိန်း၏ စတုတ္ထမြောက်စာရင်းကုမ္ပဏီ
ဖြစ်လာခဲ့ကာ အစုရှယ်ယာများရောင်းချခြင်းကို ဇန်နဝါရီ ၂ဝ ရက်တွင် စတင်ခဲ့သည်။ ဇန်နဝါရီ
၃၁ ရက်တွင် တစ်စုကို ကျပ် ၃ဝ,၅ဝဝ အထိ ကျဆင်းလာခဲ့ ခြင်းဖြစ်သည်။ ယခုဖေဖော်ဝါရီ ၈
ရက်တွင်မူ ရှယ်ယာတစ်စု ဈေးနှုန်းသည် ကျပ် ၃ဝ,၅ဝဝ ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်စတော့အိတ်ချိန်း ဈေးကွက်တစ်ခုလုံး၏ အရောင်းအဝယ်ဖြစ်ပေါ်မှုများလည်း
ဆက်တိုက် ကျဆင်းလာနေလျက်ရှိသည်။ စာရင်းဝင်ကုမ္ပဏီများ၏ ရှယ်ယာတန်ဖိုးများ အကျဘက်
သို့ ဆက်တိုက်ဦးတည်လာနေသည်။ ဖေဖော်ဝါရီ ၈ ရက် FMI ကုမ္ပဏီသည် ကျပ် ၁၄,၅ဝဝ ဈေး
နှင့် သီလဝါကုမ္ပဏီ MTSH သည် ကျပ် ၄,၁ဝဝ ဈေးအထိ ကျဆင်းလာခဲ့သည်။

မြန်မာနိုင်ငံသားများဘဏ် (MCB Bank) ကုမ္ပဏီတစ်ခုတည်းကသာ တစ်စုလျှင် ကျပ် ၉,ဝဝဝ ဖြင့်
အတက်ဈေးတွင် ရပ်တည်နေနိုင်ခြင်းလည်း ဖြစ်သည်။ ၂ဝ၁၆ ခုနှစ်၊ သြဂုတ် ၂၆ ရက်ကမူ ရှယ်
ယာတစ်ဖိုး တစ်စုလျှင် ကျပ် ၆,၈ဝဝ ဈေးဖြင့်သာ ပေါက်ခဲ့သည်။

''ရှယ်ယာဈေးနှုန်းဆိုတာကတော့ ဝယ်လိုအား ရောင်းလိုအားအခြေအနေပေါ်မှာ မူတည်နေတာပဲ။
ဝယ်မယ့်သူက နည်းနေပြီး ရောင်းတဲ့သူက များလာနေတဲ့အတွက်ရှယ်ယာဈေးတွေက ကျလာတာ
ပါပဲ။ အများပြည်သူက ကမ်းလှမ်းဈေးပေးတဲ့ ဈေးကွက်သဘော (Initial Public Offering
Market) IPO ဆိုတာကတော့ အဲဒီသဘောအတိုင်းပါပဲ''ဟု ငွေချေးသက်သေခံလက်မှတ်ကြီး
ကြပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးဌေးချွန်က မြန်မာတိုင်း(မ်)ကို ပြောသည်။

၎င်းကုမ္ပဏီသည် ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများအဖြစ် အခြားသော ပြည်တွင်းဘဏ်လုပ်
ငန်းများကဲ့သို့ လုပ်ကိုင်လျက်ရှိသော်လည်း ဘဏ်ခွဲအားဖြင့် ၂၆ ခုကိုသာ ဖွင့်လှစ်ထားခြင်းလည်း
ဖြစ်သည်။ ကမ္ဘောဇဘဏ်အနေဖြင့် ဘဏ်ခွဲပေါင်း ၂ဝဝ ကျော်၊ စီဘီဘဏ်သည် ဘဏ်ခွဲ ၇၅
ဘဏ်နှင့် ဧရာဝတီဘဏ်သည် ဘဏ်ခွဲ ၅၈ ဘဏ် ဖွင့်လှစ်ထားသည်။ ထို့ပြင်၎င်း AYA Bank၊
KBZ Bank နှင့် CB Bank တို့သည် ငွေပေးချေမှုနှင့် အကြွေးဝယ်ယူမှုဆိုင်ရာ ကတ်ဝန်ဆောင်မှု
(Card Business) ကဏ္ဍတွင်လည်း ကျယ်ပြန့်စွာ လုပ်ဆောင်နေလျက်ရှိသည်။

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီဖြစ်သော FMI ကုမ္ပဏီလုပ်ငန်းစုပိုင် Yoma Bank
အနေဖြင့်မူ ဘဏ်ခွဲပေါင်း ၅၄ ခုကိုဖွင့်လှစ်ထားပြီး အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက်
ချေးငွေများ ထုတ်ပေးခြင်းကို တွင်ကျယ်စွာ လုပ်ဆောင်သည့် လုပ်ဆောင်ချက်ရှိနေခြင်း ဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်း၏ ရှယ်ယာရောင်းဝယ်မှု စတင်ခဲ့သည့် ၂ဝ၁၆ ခုနှစ်၊ မတ် ၂၅ ရက်ကမူ
FMI ကုမ္ပဏီတစ်ခုတည်းက ရှယ်ယာအရေအတွက် ၁၁၂,၈၄၅ ကို ရောင်းဝယ်နိုင်ခဲ့သည်။ ၂ဝ၁၆၊
မေ ၂ဝ ရက်တွင်မူ FMI ကုမ္ပဏီနှင့် MTSH ကုမ္ပဏီနှစ်ခုက ရှယ်ယာရောင်းဝယ်မှုလုပ်ကိုင်ခဲ့သော်
လည်း အရောင်းအဝယ်ဖြစ်သည့် အစုအရေအတွက် ၂၉,၉၁ဝ သို့ ကျဆင်းသွားခဲ့သည်။

၂ဝ၁၆၊ သြဂုတ်လ ၃ဝ ရက်တွင် FMI၊ MTSH နှင့် MCB ကုမ္ပဏီသုံးခုက ရှယ်ယာရောင်းဝယ်ခဲ့
သော်လည်း အရေအတွက် ၁၅,၁၇၆ စုသာ အရောင်းအဝယ်ဖြစ်ခဲ့သည်။ ထို့အတူ ၂ဝ၁၇၊ ဇန်န
ဝါရီ ၂ဝ ရက်တွင် FMI၊ MTSH၊ MCB နှင့် FPB ကုမ္ပဏီလေးခုဖြစ်ခဲ့သော်လည်း ရှယ်ယာ
အရောင်းအဝယ်ဖြစ်သည့် ပမာဏမှာ အစုရေ ၁၉,ဝဝဝ ကျော်သာ ရှိလာခဲ့သည်။

ယခု ဖေဖော်ဝါရီ ၈ ရက်တွင် FMI၊ MTSH၊ MCB နှင့် FPB ကုမ္ပဏီအားလုံး၏ ရှယ်ယာအရောင်း
အဝယ်ဖြစ်ပေါ်မှုသည် ၁၁,ဝ၇၅ ခုသာ ဖြစ်ပေါ်ခဲ့ပြီး အရောင်းအဝယ်ဖြစ်ပေါ်သည့် ငွေပမာဏကျပ်
၇၅ သန်းကျော်သာ ရှိခဲ့သည်။


Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service