ရန်ကုန်တွင် စက်မှုဇုန်သစ်နှစ်ခု တိုးချဲ့ရန် CB အုပ်စု စီစဉ်

ရန်ကုန်တွင် စက်မှုဇုန်သစ်နှစ်ခု တိုးချဲ့ရန် CB အုပ်စု စီစဉ် - Property News in Myanmar from iMyanmarHouse.com
14 Feb 2017 10:38 am တွင် တင်ခဲ့သည်
1583 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် မလစ်ကျေးရွာနှင့် လှည်းကူးမြို့နယ် ဇရပ်ကွင်းကျေးရွာတွင် စက်မှုဇုန်သစ် နှစ်ခုကို ယခုနှစ်အတွင်း တိုးချဲ့ တည်ဆောက်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ စက်မှုဇုန်များကို ပြည်တွင်း ပုဂ္ဂလိက စီးပွားရေး အဖွဲ့အစည်းက ဦးဆောင်၍ တည်ထောင်မည်ဖြစ်ပြီး ရန်ကုန် တိုင်းဒေသကြီး အစိုးရ၏ ခွင့်ပြုမိန့်ကိုရယူကာ လက်ရှိတွင် လုပ်ငန်း လုပ်ကိုင်ခွင့်ရရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) သို့ တင်ထားကြောင်း စက်မှုဝန်ကြီးဌာန လက်အောက်ရှိ ရန်ကုန်တိုင်း စက်မှုကြီးကြပ်ရေးဌာနမှ တိုင်းဦးစီးမှူး ဦးတင်ဦးက ပြောကြားသည်။

“ဒီပရောဂျက်က CB အုပ်စုက လုပ်မယ်လို့ သိရတယ်။ ပြည်တွင်းကနေ ကိုယ်ထူကိုယ်ထ စက်မှုဇုန် ဖော်ဆောင်တာ ရှားတယ်။ အရင်က စက်မှုဇုန် ဖော်ဆောင်ရာမှာ အခြေခံ အဆောက်အဦ လိုအပ်ချက်တွေ၊ စီမံခန့်ခွဲနိုင်မှုတွေ သေချာ မလုပ်နိုင်ခဲ့ဘူး။ အခု ပုဂ္ဂလိကပိုင်းက လုပ်မယ်ဆိုတော့ ဒါတွေကို သေချာလုပ်နိုင်မယ်လို့ မျှော်လင့်တယ်”ဟု ၎င်းက ဆိုသည်။

ယခုအစိုးရ လက်ထက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စက်မှုဇုန်အသစ်များ တိုးချဲ့သွားရန် အစီအစဉ်ရှိပြီး ယင်းကဲ့သို့ တိုးချဲ့ရာတွင်လည်း အစိုးရက ငွေကြေးစိုက်ထုတ်ရန်မလိုဘဲ ကိုယ်ထူကိုယ်ထ ထူထောင်နိုင်မည့် စီးပွားရေး လုပ်ငန်းရှင်များကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားထားသည်။

အဆိုပါ စက်မှုဇုန် ဖော်ဆောင်မည့် စီမံကိန်းမှာ CB (သမဝါယမဘဏ်) အနေနှင့် တိုက်ရိုက် ဆောင်ရွက်ခြင်း မဟုတ်ဘဲ CB အုပ်စုခွဲတစ်ခုဖြစ်သည့် KMA အုပ်စုက ဆောင်ရွက်ခြင်းဖြစ်ကြောင်း သမဝါယမဘဏ်၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဖေမြင့်က ပြောဆိုသည်။

တစ်နိုင်ငံလုံးအနေနှင့် စက်မှုဇုန်ပေါင်း ၂၀ ခန့်ရှိပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က စက်မှုဇုန်အသစ်များ တိုးချဲ့နိုင်ရေးအတွက် စက်မှုဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်နေပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြေနေရာများကို စက်မှုဇုန်ဖော်နိုင်ရေးအတွက် အဆိုပြုလွှာများ လက်ခံနေကြောင်း စက်မှုဝန်ကြီးဌာနထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service