မြန်မာလမ်းစီမံကိန်းအတွက် ထိုင်းက ဘတ်ငွေ ၁.၈ ဘီလျံလျာထား

မြန်မာလမ်းစီမံကိန်းအတွက် ထိုင်းက ဘတ်ငွေ ၁.၈ ဘီလျံလျာထား - Property News in Myanmar from iMyanmarHouse.com
13 Feb 2017 10:21 am တွင် တင်ခဲ့သည်
1140 ကြိမ် ကြည့်ရှု့ပြီး
ထိုင်းအစိုးရသည် မြန်မာနိုင်ငံဘက်ရှိ နှစ်နိုင်ငံဆက်သွယ်သောလမ်းကို အကူအညီပေးရန် ဘတ်ငွေ ၁.၈ ဘီလျံ ( အမေရိကန် ဒေါ်လာ ၅.၃သန်း) ဘဏ္ဍာငွေခွဲဝေချထားပေးပြီး ရန်ကုန်မဲဆောက် ကုန်သွယ်ရေး အချိတ် အဆက် အဆင့်မြှင့်တင်ရေးတွက် အရှိန်မြှင့် လုပ်ဆောင်လိုက်သည်။

သယ်ယူပို့ဆောင်ရေး ပိုမိုကောင်းမွန်စေရန် မြန်မာနိုင်ငံတောင်ပိုင်း အိန္ဒုနှင့် သထုံကြားရှိ ၆၈ ကီလိုမီတာရှည်လျားသော လမ်းပိုင်းကို ပြုပြင်ရန် စီမံကိန်း ကို အစိုးရထောက်ခံသည်ဟု ထိုင်းသယ်ယူပို့ဆောင်ရေးဝန်ကြီး အာခွန်တမ် ပစ်တာရာပိုင် ဆစ် Arkhom Termpittayapaisith က ယမန်နေ့ က ပြော သည်။

ခရီးသွားလာရေးအဆင်ပြေစေရန်အတွက် အခြားလုပ်ငန်းများအပြင် ကား လမ်းကိုလည်း ချဲ့ထွင်မည်ဟု ၎င်းက ပြော သည်။ ပြီးစီးသွားပါက ထိုင်းနိုင်ငံ မဲဆောက်နှင့် မြန်မာနိုင်ငံရန်ကုန်မြို့တို့အကြား ကုန်သွယ်ရေးနှင့် ရင်းနှီြး မှုပ်နှံမှုကို အဆင်ပြေ ချောမွေ့စေမည်ဖြစ်သည်ဟုလည်း သူက ပြောသည်။

မဲဆောက်သည် မြန်မာနိုင်ငံအနီး ထိုင်းနိုင်ငံ အနောက်ပိုင်း တက်ခရိုင် မှ ဝေးလံသောဒေသတခုဖြစ်ပြီး ထိုဒေသသည် ထိုင်း အစိုးရက SEZ ခေါ် အထူးစီးပွားရေးဇုန်များ တည်ထောင်ကာ ဖွံ့ဖြိုးအောင် လုပ်ဆောင်လိုသော နယ်စပ်ဒေသ ၁၀ ခုတွင် ပါဝင်သည်။

ရန်ကုန်နှင်မဲဆောက်အကြား အခြားလမ်းပိုင်းများကို အဆင့်မြှင့်တင်ပြီး သို့မဟုတ် အဆင့်မြှင့်တင်နေဆဲဖြစ်သည်။ ထို လမ်းပိုင်းများ တွင် မြဝတီ လမ်းပိုင်းလည်း ပါဝင်ပြီး ယခင်နှစ်က ဘတ်ငွေ ၁.၃ဘီလီယံ ဘဏ္ဍာငွေ ခွဲဝေမှုဖြင့် အဆင့်မြှင့်တင်ခဲ့ပြီး ဖြစ်သည်။

ကော့ကရိတ်နှင့် အိန္ဒုအကြား ၆၇ ကီလိုမီတာရှည်သော လမ်းပိုင်းအဆင့်မြှင့် တင်ရေးမှာလည်း မြန်မာနိုင်ငံက အာရှဖွံ့ဖြိုးရေး ဘဏ်မှ ချေးငွေရ ယူပြီးနောက် အရှိန်အဟုန်ရနေပြီဖြစ်သည်ဟု ထိုဝန်ကြီး၏အဆိုအရ သိရသည်။

ဒုတိယဝန်ကြီးချုပ် Somkid Jatusripitak သည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ မှုမြှင့်တင်ရန် လာမည့် ၂ရက်တွင် မြန်မာနိုင် ငံသို့ သွားရောက်မည်ဟုလည်း Arkhom က ပြောသည်။

အခြေခံ အဆောက်အအုံအပြင် ထိုင်းအစိုးရသည် မြန်မာနှင့်မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်ရေးစာချုပ် Greater Mekong Subregion Cross-Border Transport Agreement အရ နားလည်မှုစာချွန်လွှာတခု လက်မှတ်ရေး ထိုးရေးအတွက် ပြင်ဆင်ရန်လည်း သဘောတူထားသည်။ ထိုနားလည်မှု စာချွန်လွှာကို ဒီဇင်ဘာလတွင် လက် မှတ်ထိုး မည်ဟု မျှော်လင့်ရသည်။ ထိုဒေသများ တွင် စက်မှုဇုန်များ ထူထောင်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင်ဖော်ထုတ်ရန် အိမ်နီးချင်း နိုင်ငံများသို့ ကုန် စည်တင်ပို့ရန် အာဏာပိုင်များက ရည်ရွယ်ထားသည်။

မဲဆောက်သည် အဓိကနယ်စပ်ဒေသဖြစ်ပြီး ရန်ကုန်သည် တနိုင်ငံလုံးသို့ ကုန်စည်ဖြန့်ချိရာ မြန်မာနိုင်ငံ၏အဓိကစီးပွားရေး အချက်အချာဖြစ်သည်ဟု Arkhom ကပြောပြီး နှစ်မြို့ကြား သယ်ယူပို့ဆောင်ရေး မြှင့်တင်ရန် လိုကြောင်း အလေးအနက် ပြောသည်။

ရန်ကုန်မဲဆောက်ကုန်သွယ်ရေး အချိတ်အဆက်မှာ ကျယ်ကျယ်ပြန့်ပြန့် ကြည့်ပါက မြန်မာနိုင်ငံမှတဆင့် အိန္ဒိယ၊ ဗီယက် နမ်၊ ထိုင်း၊ လာအိုတို့အထိ ကျယ်ပြန့်သော ရည်မှန်းချက်ကြီးမားလှသော အရှေ့အနောက် စီးပွားရေး စင်္ကြန် East-West Economic Corridor (EWEC) စီမံကိန်း အစိတ်အပိုင်း လည်း ဖြစ်သည်ဟု သူ ပြောသည်။

Credit: Irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service