မြေလွတ်မြေရိုင်းများအား စိုက်ပျိုးခွင့် လျှောက်ထားမှု ကြန့်ကြာနေဟု ဆို

မြေလွတ်မြေရိုင်းများအား စိုက်ပျိုးခွင့် လျှောက်ထားမှု ကြန့်ကြာနေဟု ဆို - Property News in Myanmar from iMyanmarHouse.com
10 Feb 2017 10:49 am တွင် တင်ခဲ့သည်
1123 ကြိမ် ကြည့်ရှု့ပြီး
မလွတ်မြေရိုင်းများအား စိုက်ပျိုးခွင့် လျှောက်ထားရာတွင် ကြန့်ကြာမှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း ဖောင်းပြင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၁ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးမောင်မောင်လတ်က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်ရှိ ကျေးလတ်နေတောင်သူများသည် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရန်အတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား လုပ်ကိုင်စားသောက်ခွင့် လျှောက်ထားခဲ့သော်လည်း ကြန့်ကြာနေခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

"၂၀၁၀-၁၁ ရာသီကတည်းက စိုက်ပျိုးခွင့် လျှောက်ထားခဲ့တယ်။ အခုချိန်ထိ လုပ်ပိုင်ခွင့်ချမပေးဘူး။ နိုင်ငံတော်အတွက်ကိုလည်း အခွန်လျော့နည်းစေသလို ကျေးလက်တောင်သူတွေအတွက်ကိုလည်း အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဆင်းရဲမှုလျှော့ချရေးကိုလည်း အဟန့်အတား ဖြစ်စေပါတယ်" ဟု ဖောင်းပြင်မြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးမောင်မောင်လတ်က ပြောသည်။

မြေလွတ်မြေရိုင်းအသုံးပြုခွင့်များအား ချထားပေးခဲ့ပါက နိုင်ငံတော်၏
စိုက်ပျိုးမြေ တိုးတက်လာခြင်း၊ အခွန်ငွေများပိုမိုရရှိလာခြင်း၊ နိုင်ငံခြားပို့ကုန် အရေအတွက်တိုးလာကာ နိုင်ငံခြားဝင်ငွေ ပိုမိုရရှိလာနိုင်ခြင်း၊ တို့အတွက် အကျိုးရှိလာနိုင်ကြောင်း ၄င်းကသုံးသပ်သည်။

ယင်းသို့မြေလွတ်မြေရိုင်းများအား လုပ်ပိုင်ခွင့်လျှောက်ထားပါက သတ်မှတ်ပုံစံနှင့်အညီ လျှောက်ထားရမည်ဖြစ်ပြီး ဥပဒေ၊ နည်းဥပဒေနှင့်ညီပါက လုပ်ပိုင်ခွင့် ချထားပေးလျက်ရှိကြောင်း၊ ၂၀၁၀-၁၁ ရာသီက လျှောက်ထားခြင်းသည် မြေလွတ်မြေရိုင်း စီမံခန့်ခွဲရေးဥပဒေ အသက်မဝင်သေးသည့် အချိန်ဖြစ်၍ ပြန်လည်လျှောက်ထားကြရန် လိုအပ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ပြောသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများဥပဒေကို ၂၀၁၂ ခုနှစ် မတ်လက နိုင်ငံတော်သမ္မတမှ လက်မှတ်ရေးထိုးပြဌာန်းခဲ့ပြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေများကို လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာနမှ ၂၀၁၂ သြဂုတ်လက ထုတ်ပြန်ခဲ့သည်။

Credit: Mizzima Burmese

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service