ဒဂုံလေးမြို့နယ် အတွင်း အရောင်းအ၀ယ်ဖြစ်မှုတွင် သိန်း ခြောက်ရာဝန်းကျင် မြေကွက်များအရောင်းအ၀ယ်သွက်

ဒဂုံလေးမြို့နယ် အတွင်း အရောင်းအ၀ယ်ဖြစ်မှုတွင် သိန်း ခြောက်ရာဝန်းကျင် မြေကွက်များအရောင်းအ၀ယ်သွက် - Property News in Myanmar from iMyanmarHouse.com
10 Feb 2017 9:39 am တွင် တင်ခဲ့သည်
1794 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီး၏ အိမ် ခြံ မြေ အရောင်းအ၀ယ်မှာ နေရာဒေသအလိုက် ၂၀၁၆ နှစ်ကုန်ပိုင်းထက် ပိုမိုရောင်းအားတက်လာခဲ့ပြီး လက်ရှိအရောင်းအ၀ယ်သွက်နေသော ဒဂုံလေးမြို့နယ်အတွင်းရှိ မြေကွက်များအနက် သိန်း ခြောက်ရာဝန်းကျင်မြေကွက်များ အရောင်းအ၀ယ်ဖြစ်ထွန်းနေကြောင်း အခြေစိုက်အကျိုးဆောင်များမှ ပြောသည်။

””ဒဂုံလေးမြို့နယ်ကတော့ ဈေးလျှော့ရောင်းတဲ့မြေကွက်တွေ အလုပ်ဖြစ်လာတယ်၊ဈေးကွက်မြိုင်လာတယ်ပေါ့။မြေကါက်တွေကတော့ သိန်း ၈၀၀ လောက် အရင်ကပေါက်တဲ့ မြေကွက်တွေကို အခု သိန်း ၆၀၀ လောက်နဲ့ ဈေးချရောင်းပေးလာကြတယ်။အဲဒီလိုမြေကွက်တွေနဲ့ ဈေးးတန်းတွေလောက၈်ုဘဲ အရောင်းအ၀ယ်ဖြစ်နေတယ်။နောက်ပြီး ရင်းနှီးမြုပ်နှံတဲ့ ၀ယ်ရောင်းတွေရော၊ တကယ်နေချင်တဲ့သူတွေရော က ဒီဈေးတန်းအနေအထားကိုပဲ အဓိကထားပြီး ၀ယ်ကြတယ်။ဈေးကွက်အနေအထားအရ ပြောရရင်တော့ နည်းနည်းပြန်သွက်လာတယ်လို့ပြောရမှာပေါ့””ဟု ဒဂုံမြို့နယ်အခြေစိုက် အောင်စည်ဟိန်းအကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အမှန်တကယ် နေထိုင်သူများအတွက် ၀ယ်ယူမှုသည် ၀ယ်ရောင်းများ၏ ဈေးကွက်ထက်ပိုမိုမြင့်မားနေကြောင်းလည်း သိရှိရသည်။””ခုနက ပြောတဲ့ဈေးတန်းတွေထဲမှာကိုမှ ၀ယ် ရောင်းတွေက သိန်း ၅၀၀ ၊ သိန်း ၆၀၀ လောက်နဲ့ ပြန်ကောက်တာတွေလည်းရှိတယ်၊။သူတို့ကတော့ ကြာရှည် ကိုင်ထားကြရတာများတယ်။ချက်ခြင်းပြန်ထွက်ဖို့ကလည်း မလွယ်ဘူးလေ””ဟု ၎င်းပုဂ္ဂိုလ်မှ ဆက်လက်ပြောပြခဲ့သည်။

တောင်ဒဂုံ ၊ မြောက်ဒဂုံ ၊ အရှေ့ဒဂုံ ၊ ဒဂုံဆိပ်ကမ်းစသည့်နေရာများတွင် အငှားဈေးကွက်မှာမူ အားကောင်းလျက်ရှိသည်။အငှားတွင် လုံးချင်းအိမ်များ အဖြစ်များနေကြောင်းလည်းသိရှိရသည်။ဈေးတန်းမှာမူ တစ်သိန်း ၊ ရှစ်သောင်း နှင့်ငါးသောင်းအထက် နေရာများမှာငှားရမ်းနေထိုင်မှုများနေကြောင်းလည်း
စုံစမ်းသိရှိရသည်။ထို့ပြင် ဆယ်သိန်းနှင့် ဆယ့်ငါးသိန်း ၀န်းကျင်တန်ဖိုးရှိ Fully Furniture အငှားဈေးကွက်သည်လည်း အားကောင်းလျက်ရှိသည်။

မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service