မန္တလေးတွင် အိမ်၊ ခြံ၊ မြေ ရောင်းချသူ ၉၀ ရာခိုင်နှုန်းခန့် အခွန်ရှောင်

မန္တလေးတွင် အိမ်၊ ခြံ၊ မြေ ရောင်းချသူ ၉၀ ရာခိုင်နှုန်းခန့် အခွန်ရှောင် - Property News in Myanmar from iMyanmarHouse.com
9 Feb 2017 9:38 am တွင် တင်ခဲ့သည်
1472 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးတိုင်းအတွင်း အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ခြင်းအတွက် ကျသင့်အခွန်များကို ဝယ်ယူသူများက ထမ်းဆောင်နေသော်လည်း အိမ်၊ ခြံ မြေ ရောင်းချသူများအနက် ၉၀ ရာခိုင်နှုန်းခန့်မှာ အခွန် မဆောင်ကြကြောင်း မန္တလေးတိုင်း အခွန်ဦးစီးဌာနထံမှ သိရသည်။

အိမ်၊ ခြံ၊ မြေ ရောင်းချသူများ အနေနှင့် အခြေခံပစ္စည်များ ရောင်းချပြီးသည်နှင့် တစ်ပြိုင်နက် အခြေပစ္စည်းမှ မြတ်စွန်းငွေ ခေါင်းစဉ်ဖြင့် အခွန် ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ကျသင့်သော အခွန်ကို ထမ်းဆောင်ရန်အတွက် အခြေခံပစ္စည်း ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြား တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း ပြုသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဝင်ငွေ ကြေညာလွှာကို သက်ဆိုင်ရာ မြို့နယ် အခွန်ဦးစီးဌာနမှူးထံ ပေးပို့ရမည်ဖြစ်ကြောင်း မန္တလေးတိုင်းအခွန် ဦးစီးဌာန၊ လက်ထောက် ညွန်ကြားရေးမှူး ဦးအောင်ကျော်မိုးက ပြောကြားသည်။

“အခုက ဒီလို မလုပ်ကြဘူး ဖြစ်နေတယ်။ ဒါက အခွန်ရှောင်တာလည်း ဖြစ်ပါတယ်။ ဥပဒေမှာ ရောင်းလိုက်ပြီးတဲ့ တစ်လအတွင်းမှာ ဒီပစ္စည်းကို ရောင်းချကြောင်း ကြေညာလွှာ တင်သွင်းဖို့ တာဝန် ရှိတယ်။ ရောင်းချလိုက်တဲ့ တစ်လအတွင်းမှာပဲ ရောင်းလိုက်တဲ့ ငွေအပေါ်မှာ မိမိ မြတ်တယ်လို့ထင်တဲ့ မြတ်စွန်းငွေကို ကျွန်တော်တို့ကို ကြိုတင်ခွန်အနေနဲ့ ပေးသွင်းရမယ်။ ဒါကို ဥပဒေမှာ ပြဋ္ဌာန်းထားတယ်”ဟု ၎င်းက ရှင်းပြသည်။

နိုင်ငံသားတိုင်း အခွန်ပေးဆောင်ရမည့် တာဝန်ရှိကြောင်း၊ ရောင်းချသူအနေနှင့် ရောင်းချလိုက်သည့် ပစ္စည်း၏ အမြတ်တန်ဖိုးမှ ၁၀ ရာခိုင်နှုန်းကို အခွန်ဆောင်ရမည်ဖြစ်ကြောင်း၊ အခွန်ဆောင်ပြီးပါက ယင်းငွေသည် ငွေဖြူဖြစ်သွားမည်ဖြစ်၍ ယင်းငွေဖြင့် အခြားကုန်စည်တစ်ခု ပြန်ဝယ်မည်ဆိုပါက အခွန် ထပ်မံ ပေးဆောင်ရန် မလိုတော့ကြောင်း မန္တလေးတိုင်း အခွန်ဦးစီးဌာနထံမှ သိရသည်။

“အခွန်ဆောင်တာကို သူတို့က အလကား ပေးရတယ်လို့ ထင်နေကြတယ်။ နားလည်တဲ့ စီးပွားရေးသမားကတော့ အခွန်ဆောင်တယ်။ သူ့အတွက် ငွေဖြူပြန်ရတာကြောင့်ပေါ့။ ဒါကို တော်တော်များများ နားမလည်ကြဘူး”ဟု မန္တလေးမြို့တော်ရှိ ရွှေမန္တလေး အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ငှား အကျိုးဆောင် ကုမ္ပဏီ လီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးနေလင်းအောင်က ပြောကြားသည်

ယင်းသို့ အခွန်မဆောင်သောကြောင့် နိုင်ငံတော်အနေနှင့် အခွန်ငွေ ဆုံးရှုံးရကြောင်း၊ အစိုးရအနေနှင့်လည်း ယင်းကိစ္စကို ဖြေရှင်းရာတွင် အားနည်းမှုများရှိနေကြောင်း ဦးအောင်ကျော်မိုးက ထပ်လောင်း ပြောဆိုသည်။

အိမ်၊ ခြံ၊ မြေကဲ့သို့သော အခြေခံ ပစ္စည်းဝယ်ယူမှုအတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ဧရိယာအတွင်းရှိ မြို့နယ်များ၏ အိမ်၊ ခြံ၊ မြေများကို မန္တလေးတိုင်း အိမ်၊ ခြံ၊ မြေ ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ကလည်းကောင်း၊ ကျန်မြို့နယ်များအတွက် သက်ဆိုင်ရာ အခွန်ဌာနများရှိ ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့များကလည်းကောင်း တန်ဖိုး သတ်မှတ်ပေးလျက် ရှိကြောင်း၊ အိမ်၊ ခြံ၊ မြေ ရောင်းချသူများ အနေနှင့် ရောင်းချမှုအတွက် ကျသင့်သော အခွန်ကို ထမ်းဆောင်ပြီးနောက် သက်ဆိုင်ရာ မြို့နယ် အခွန်ဦးစီးဌာနမှူးထံမှ အခွန်ငွေ တောင်းခံလွှာ (ဝင- ၈) တောင်းခံရန်လိုကြောင်း၊ အခွန်ငွေ တောင်ခံလွှာ (ဝင- ၈) သည် အိမ်၊ ခြံ၊ မြေ ရောင်းချသူအတွက် (အိမ်၊ ခြံ၊ မြေ၊ ကား) အစရှိသည့် အခြေခံပစ္စည်းတစ်ခုခု ပြန်လည် ဝယ်ယူရာတွင် ဝင်ငွေရလမ်း (ငွေဖြူ) အဖြစ် တင်သွင်းနိုင်သည့် ပုံစံဖြစ်ပြီး အခြေခံပစ္စည်း ဝယ်ယူမှုအတွက် ကျသင့် အခွန် သက်သာစေမည်ဖြစ်ကြောင်း မန္တလေးတိုင်း အခွန်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service