နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်အတူ အိမ်ခြံမြေဈေးကွက်

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်အတူ အိမ်ခြံမြေဈေးကွက် - Property News in Myanmar from iMyanmarHouse.com
8 Feb 2017 10:57 am တွင် တင်ခဲ့သည်
1911 ကြိမ် ကြည့်ရှု့ပြီး
၁။ "အိမ်ခြံမြေကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အရှိန်အဟုန်နဲ့ဝင်လာ"

အိမ်ခြံမြေကဏ္ဍက ပြည်တွင်းကို ဝင်ရောက်လာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေထဲမှာ နံပါတ်ငါး နေရာအထိ ရောက်လာပြီး အရှိန်အဟုန်နဲ့ ဆက်လက်တိုးတက်လာနိုင်မယ် လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကနေ သိရပါတယ်။

"၂၀၁၀ နောက်ပိုင်းကစပြီး အိမ်ခြံမြေကဏ္ဍက ဖွံဖြိုးလာပါတယ်။ အခုအချိန်မှာတော့ ပြည်ပနိုင်ငံ တွေ အာရုံစိုက်ပြီး အများစု လေ့လာနေကြတာက အိမ်ခြံမြေ ကဏ္ဍ ဖြစ်နေပါတယ်။ ဆက်လက်ပြီး လဲ အရှိန်ယူ တိုးလာမယ့် သဘောပါ" လို့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး က ပြောပါတယ်။

အိမ်ခြံမြေကဏ္ဍကို အများဆုံး ဝင်ရောက်ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံအဖြစ် စင်ကာပူက ရပ်တည်နေပြီး၊ ဟောင်ကောင်၊ ဂျပန် ၊ ဗြိတိန် ၊ ဗီယက်နမ်နဲ့ တောင်ကိုရီးယာတို့က အစဉ်လိုက် ရပ်တည်နေ တယ်လို့ သိရပါတယ်။

ထိပ်တန်းရောက်လာနိုင်

ရန်ကုန်မြို့ရဲ့လူဦးရေနဲ့ဝင်ငွေ ဖွံဖြိုးတိုးတက်လာမှုတွေနဲ့ အတူ လာမယ့် ဆယ်စုနှစ် တစ်ခုအတွင်း မှာ အိမ်ခြံမြေဈေးကွက်ကထိပ်တန်းကို ရောက်လာနိုင်မှာ ဖြစ်တယ်လို့လည်း အိမ်ခြံမြေ ကျွမ်းကျင် သူတွေက သုံးသပ်ထားကြပါတယ်။

အခုနှစ်အတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လုပ်ကိုင်နေတဲ့ အိမ်ခြံမြေကဏ္ဍကနေ အလုပ်နေရာပေါင်း ၆၀,၀၀၀ ဝန်းကျင် ဖန်တီးပေးနိုင်ခဲ့တယ်လို့လည်း ရင်းနှီးမြှုပ်နှံမှုကော်မရှင် အချက်အလက်တွေအရ သိပါတယ်။

၂။ "ပြည်ပရင်းနှီးမြုပ်နှံမှုငွေ သန်း ၇၀၀၀ ကျော်နဲ့ ပြန်လှုပ်လာဦးမယ့် ဇုန်မြေများ"

အိမ် ခြံ မြေ ဈေးကွက်အေးစက်တယ်ဆိုတာဟာ နေရာ တစ်ခုတည်းမှာ အေးစက်ခဲ့တာမျိုး မဟုတ်ပါဘူး။ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံကနေ ဈေးကွက်ကျဉ်းလာရာကတစ်ဆင့် အရောင်းအ ဝယ် အေးစက်သွားခဲ့တာပါ။

ဒီလို အရောင်းအဝယ် အေးစက်မှုဒဏ်ကို ခြံမြေ ၊ ဥယျာဉ်မြေ၊ ဂရမ်မြေ ၊ကွန်ဒို တိုက်ခန်း စတာတွေ အပြင် စက်မှုဇုန်တွေလည်း ထပ်တူခံစားခဲ့ကြရပါတယ်။

လက်ရှိအစိုးရသစ်လက်ထက်မှာ ပြည်ပကနေလာရောက်ရင်းနှီးမြုပ်နှံမယ့်ငွေကြေးဟာ သန်း ခုနစ်ထောင်ကျော်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။လတ်တလောကာလမှာ အိမ် ခြံ မြေ ရာသီဥတု ဟာ အပေါင်းလက္ခဏာဆောင်နေတဲ့ နည်းတူ ပြည်ပရင်းနှီးမြုပ်နှံလိုသူတွေကြောင့် စက်မှုဇုန်မြေ
ဈေးကွက်ဟာ ဦးပြန်မော့လာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

စက်မှုဇုန်မြေဈေးကွက်နဲ့ ပတ်သက်ရင် အစိုးရရဲ့ ထိန်းကျောင်းမှုကို အများဆုံးခံရတဲ့ မြေဈေးကွက် လို့ ဆိုရမှာပါ။ဘာကြောင့်လဲဆိုရင် ယခင် အစိုးရ ၊ ယခု အစိုးရ အစိုးရ အဆက်ဆက်မှာ အိမ် ခြံ မြေ ဖိအားပေးမှုတွေထက် စက်မှုဇုန်မြေဈေးကွက်ကို ဖိအားပေးမှုတွေပိုလုပ်လေ့ ရှိပါတယ်။ လက်ရှိ NLD အစိုးရလက်ထက်မှာလည်း စက်မှုဇုန်မြေတွေနဲ့ပတ်သက်ပြီး ထုတ်ပြန်ခဲ့တာရှိပါတယ်။

ဒါကတော့ အများသိထားသလို အမှန်တကယ် လုပ်ကိုင်နေခြင်း မရှိတဲ့ စက်မှုဇုန်မြေကွက်လွတ်တွေ ကို ပြန်လည်သိမ်းဆည်းမယ့် သတင်းပဲ ဖြစ်ပါတယ်။ဒီ သတင်းဟာ အရင်အစိုးရ လက်ထက်တွေ မှာလည်း ထုတ်ပြန်မှုတွေရှိခဲ့ပေမယ့် အမှန်တကယ် အရေးယူဆောင်ရွက်တာတွေ မရှိခဲ့ပါဘူး။

ဒါ့ အပြင် ဒီလိုသတင်းတွေထွက်ပေါ်ပြီးတိုင်း စက်မှုဇုန်မြေဈေးဟာ ပိုမြင့်ခဲ့သလို အရောင်းအဝယ် ဈေးကွက်ကိုလည်း မထိခိုက်ခဲ့ပါဘူး။

ဒီဘက်ခေတ်အစိုးရလက်ထက်မှာတော့ ဇုန်မြေကွက်တွေ အကြောင်းပြောဆို ထုတ်ပြန်ပြီး နောက် ပိုင်းမှာ ဇုန်မြေဈေးကွက်ဟာ လုံးဝ ရပ်တန့်သွားခဲ့ပါတယ်။ ဒီလို ရပ်တန့်ခဲ့တယ် ဆိုပေမယ့် ဇုန်မြေ ကွက်လွတ်တွေဟာလည်း ချက်ခြင်းအသက်ဝင်လာခဲ့တာ တွေ့ရပါတယ်။

ဒါကြောင့်လည်း အချိန်အတိုင်းအတာတစ်ခု ကြာပြီးတဲ့ နောက်မှာ အခြားအိမ်ခြံမြေ နည်းတူ ဇုန်မြေကွက်တွေဟာ ပြန်လည် အလုပ်ဖြစ်လာခဲ့ပါတယ်။လက်ရှိ ဇုန်မြေဈေးကွက် ပေါက်ဈေးတွေ အရတော့ ပျမ်းမျှနှုန်းထားအရ တစ် ဧက ကို သိန်း တစ်ထောင်ကျော်ကနေ သိန်းပေါင်းသောင်းချီ အထိ ဈေးကွက်ဖြစ်ထွန်း နေပါတယ်။

ဈေးနှုန်းအရကတော့ အမှန်တကယ် လည်ပတ်သက်ဝင်နေတဲ့ ဇုန်မြေတွေဟာ ဈေးပိုရနေတာဖြစ်ပြီး ရေ မီး အဆင်သင့်မဖြစ်သေးဘဲ လည်ပတ်ဖို့ အားယူနေရဆဲဖြစ်တဲ့ နေရာတွေကတော့ သိန်းထောင် ဂဏန်း ပတ်လည်နဲသာ အရောင်းအဝယ်ဖြစ်နေပါတယ်။

လတ်တလော လည်ပတ်ရန်အဆင်သင့်ဖြစ်နေတဲ့ တောင်ဒဂုံ စက်မှုဇုန် ၊ လှိုင်သာယာမြို့နယ်က ရွှေလင်ဗန်းစက်မှုဇုန် တွေရဲ့ ဈေးနှုန်းဟာ တစ် ဧကကို သိန်း ၃၀၀၀ ၊ ၅၀၀၀ ၊ ၇၀၀၀ နှင့် ၈၀၀၀ အကြားရှိနေကြောင်း သိရပါတယ်။ဒါ့အပြင် လက်ရှိကာလမှာ ဈေးကွက်အနေအထားအရ စက်မှုဇုန် မြေတွေဟာ အရောင်း အဝယ် အငှား ဈေးကွက်မျှနေတယ်လို့ ရန်ကုန်အခြေစိုက် အကျိုးဆောင်
တွေဆီက ကြားသိရပါတယ်။

ဒီလိုအခြေအနေတွေအပြင် ယခုနှစ်ရဲ့ Foreign Direct Investment (FDI)ဟာ သန်းပေါင်း ၇၀၀၀
ကျော်အထိရှိတယ်လို့ သတင်းဌာနအချို့ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဒီလို ရင်းနှီးမြုပ်နှံမှုတွေလာမယ်ဆိုတာကြောင့် လက်တလော ဈေးကွက် ပြန်ဦးမော့လာတဲ့ ဇုန်ဈေး ကွက်အတွက်ကတော့ အားတက်စရာသတင်းတစ်ခုလို့ပဲပြောရမှာပါ။ ဘာကြောင့်လဲဆိုရင် ရင်းနှီး မြုပ်နှံ လိုတဲ့သူတွေအတွက် မြေနေရာဟာ ကျိန်းသေ မရှိမဖြစ်လိုအပ်နေမှာ ဖြစ်တာကြောင့်လို့ ပြောလို့ ရပါတယ်။

ယင်းအခြေအနေကြောင့် ဖြစ်လာနိုင်ဖွယ်ရာ ဇုန်ဈေးကွက် အခင်းအကျင်းကို ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေ အက်ျုးဆောင်အသင်း ဥက္ကဌ က ခုလိုသုံးသပ်ထားပါတယ်။

"ဆရာတစ်ခါပြောခဲ့သလိုဘဲ။ ရင်နှီးမြုပ်နှံမှုတွေ ဝင်လာတယ်ဆိုရင် အိမ် ခြံ မြေ ကိုအရင်ဆုံး ဦးတိုက်ရမှာဘဲ ။ မတိုက်လို့ကိုမရဘူး။ခုလည်း ရင်းနှီးမြုပ်နှံမှုတွေလာနေမယ် ဆိုရင် ဇုန်မြေဆီကို ရောက်လာမှာဘဲ။ ဇုန်မြေဈေးဟာ ကောင်းလာဦးမှာဘဲ။ဈေးကွက်အရ အားသာလာဦးမှာဘဲလို့ ထင်တယ်။"

အမှန်တကယ် လုပ်ကိုင်သူများကို ချက်ခြင်နီးပါးတွေ့လာရတဲ့ဇုန်မြေဈေးကွက်ဟာပြည်ပ ရင်နှီးမြုပ်နှံမှုတွေ ဝင်ရောက်လာချိန်မှာ အမှန်တကယ် အားကောင်းမောင်းသန် ဦးမော့လာနိုင် ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။


Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service