ဟံသာဝတီ လေဆိပ်စီမံကိန်းကို နောက်အကျဆုံး မေလအတွင်း အပြီးသတ်သဘောတူစာချုပ်ချုပ်မည်

ဟံသာဝတီ လေဆိပ်စီမံကိန်းကို နောက်အကျဆုံး မေလအတွင်း အပြီးသတ်သဘောတူစာချုပ်ချုပ်မည် - Property News in Myanmar from iMyanmarHouse.com
8 Feb 2017 10:57 am တွင် တင်ခဲ့သည်
819 ကြိမ် ကြည့်ရှု့ပြီး
ဟံသာဝတီလေဆိပ် စီမံကိန်းကို ယခု ၂၀၁၇ ခုနှစ်တွင် စတင်နိုင်ရန်
အပြီး သတ် သဘောတူစာချုပ်ကို နောက်အကျဆုံး မေလအတွင်း ချုပ်ဆိုမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြည်မြန်မာသတင်းဂျာနယ်ကို အတည်ပြုပြောသည်။

အဆိုပါ လေဆိပ်တည်ဆောက်ရန် တင်ဒါအောင်မြင်သည့် JGC Corporationç Yongnam Holdings Limited နှင့် Changi Airports International နှင့် ဟံသာဝတီ အပြည် ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေး မူဘောင် သဘောတူညီမှုကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလက လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ကုန်ကျမည့်ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက် ရန်အတွက် တင်ဒါရရှိခဲ့သောကုမ္ပဏီအနေဖြင့် ODA ချေးငွေအဖြစ် အမေရိကန် ဒေါ်လာသန်း ၈၉၀ ချေးငွေရရှိရန် သဘော တူညီမှုရထားပြီ ဖြစ်ကြောင်းသိရသည်။

ဟံသာဝတီလေဆိပ် တည်ဆောက် ရန်အတွက် ပထမအကြိမ် တင်ဒါအောင် မြင်ခဲ့သော ကိုရီးယားကုမ္ပဏီအနေဖြင့် ချေးငွေမရရှိသည့်အတွက် မတည်ဆောက် နိုင်၍ ဒုတိယအကြိမ် တင်ဒါခေါ်ယူခဲ့ရာ ဂျပန်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့၏ ဖက်စပ် JGC Corp-orationç Yongnam Holdings Limited နှင့် Changi Airports International ကုမ္ပဏီက တင်ဒါ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ကျောက် တိုင်ကန်ရွာအနီးတွင် ဂျပန်ခေတ်က အသုံးပြုခဲ့သည်ဆိုသော မြေဧက ၉၀ ကျော် အတွင်း ဟံသာဝတီ လေဆိပ်စီမံကိန်းကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။

Credit: Pyi Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service