Interior design ဒီဇိုင်း ဆိုတာ ဘာလဲ

Interior design ဒီဇိုင်း ဆိုတာ ဘာလဲ - Property Knowledge in Myanmar from iMyanmarHouse.com
8 Feb 2017 10:35 am တွင် တင်ခဲ့သည်
3518 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

အရင်ခေတ်တွေတုန်းက Interior design တခုကို နိုင်ငံရပ်ခြား ပညာရှင်တွေဆီကနေ ငွေကြေး အမြောက်အများပေးပြီး ဝယ်ယူခဲ့ရတာပါ။ အခုကာလမှာတော့ Interior design က မြန်မာ့လူ့အဖွဲ့အစည်းမှာ အရေးပါလာနေတဲ့ အပြင် မြန်မာ Interior ဒီဇိုင်နာတွေလည်း ပေါ်ထွက်လာနေတာ တွေ့ရပါတယ်။
Interior design အကြောင်း တင်ပြရရင် …၊

Interior design ကိုအိမ်အလှဆင်တာပဲလို့သိထားကြပါတယ်။
တကယ်တော့ Interior Design ဆိုတာအများထင်သလိုအိမ်အလှဆင်တာသက်သက်မဟုတ်။သူ့မှာ
လေးနက်သည့်အဓိပ္ပာယ်တွေအများကြီးရှိပါတယ်။

အိမ်အလှဆင်ဖို့ဟိုပစ္စည်းလေးရွေး၊ဟိုအိမ်သုံးပရိဘောဂလေး ရွေး၊လုပ်နေတာမျိုးက ဒီဇိုင်နာတဦး မဟုတ်သေးပါဘူး။ Home Decorator လို့ခေါ်ရမှာပါ။ သူတို့ကအိမ်ကိုအမြင်လှအောင်ဆွဲဆောင် ဖန်တီးတတ်သူပါ။

Interior designer ကတော့အိမ်တလုံးရဲ့ တည်နေရာနဲ့ ဝန်းကျင်၊ ဆောက်လုပ်ထားပုံ၊ အခန်းဖွဲ့စည်းပုံ၊ အခန်းရဲ့ အကျယ်အဝန်း၊ လေအဝင်အထွက်၊ အလင်းရရှိမှု သာမက အဲဒီ အိမ်နဲ့ အခန်းမှာ နေထိုင် အသုံးပြုမယ့် သူရဲ့ အလုပ်အကိုင်၊ ဝါသနာတွေကိုပါ ထည့်သွင်း တွက်ချက် ဖန်တီးယူရပါတယ်။

ဥပမာ – စာဖတ်ဝါသနာ ပါတဲ့ သူ အတွက် Interior Design ဖန်တီးတဲ့ အခါ သူရဲ့အိမ်လေးကစာအုပ်စာပေ ထားဖို့နေရာ၊ အခန်း၊ အလင်းရရှိမှု၊ အထူးသဖြင့် သဘာဝ အလင်းရောင် အားပြု သုံးနိုင်အောင် ဖန်တီးပေးရတဲ့ အပြင် စာဖတ်ခန်း/ စာကြည့်တိုက်လို သက်တောင့်သက်သာနဲ့ ဖြစ်အောင် ဖန်တီးရပါတယ်။

တကယ်လို့သာ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အားလပ်ရက်တွေမှာ အနားယူစရာ အိမ်ကလေးမျိုး ဖန်တီးရမယ် ဆိုရင်တော့ စားသောက်စရာ ဘားခန်း၊ ချက်ပြုတ်ခန်း၊ စားသောက်ခန်း ပါတဲ့ အိမ်တွင်းဒီဇိုင်းမျိုး ဖန်တီးပေးရမှာပါ။ ပြောရရင် ကလပ်လေးတခုလို ဖြစ်ဖို့ပေါ့။

ဒါမှမဟုတ် ပန်းချီ ပန်းပု အပါအဝင် ရှေးဟောင်း ပစ္စည်းတွေ ထားသိုထိန်းသိမ်းဖို့ ဆိုရင်တော့ အဲဒီ အိမ်လေးကို အနုပညာ ဆန်ဆန် အခန်း၊ ပြတိုက်လို အခန်းလေး ဖြစ်အောင် ဒီဇိုင်းရေးဆွဲ ဖန်တီးရမှာပါ။

ဒါကြောင့် Interior Designer ဆိုတာ အလှဆင်ဖန်တီးမှု (Decoration) မဟုတ်ဘဲ နေရာ၊ အသုံးပြုသူနဲ့ အသုံးပြုမယ့် ရည်ရွယ်ချက်ကို လိုက်လျောညီထွေ ဖြစ်စေဖို့ ဘက်ပေါင်းစုံကနေ
စဉ်းစားစီစဉ်ပေးရပါတယ်။ ဒီဇိုင်းရေးဆွဲရပါတယ်။

ဒီနေရာမှာ ဒီဇိုင်းဆိုတဲ့ စကားကို နည်းနည်း ရှင်းပြဖို့ လိုမယ် ထင်ပါတယ်။ ဒီဇိုင်းဆိုတာ လိုက်လျောညီထွေ ပြေပြစ်ပြည့်စုံတဲ့ ဖန်တီးမှု၊ တနည်းအားဖြင့် အနုပညာ ဖန်တီးမှုပါ။ ပန်းချီ အနုပညာရှင်နဲ့ ဒီဇိုင်းပညာရှင် တို့ကြား မတူတဲ့ အချက်တွေ ရှိပါတယ်။ ပန်းချီဆရာက သူဖန်တီးတဲ့ ပန်းချီကား တခုကို ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ အလေးထား နေမှာ မဟုတ်ပါဘူး။
သူ့ရဲ့ လွတ်လပ်စွာ ဖန်တီးမှုကို အလေးထားပါတယ်။ ဒါပေမယ့် ဒီဇိုင်နာတဦးမှာတော့ ဖန်တီးဖို့ အကန့်အသတ်တွေ များပြားတဲ့ အပြင် အလုပ်အပ်သူရဲ့ လိုလားချက်၊ ပတ်ဝန်းကျင် အနေအထား လိုအပ်ချက် စတဲ့ အချက်တွေကို အဘက်ဘက်က ထည့်သွင်းစဉ်းစားပြီး ဖန်တီးရပါတယ်။

Interior Designer တဦးဟာ ဗဟုသုတ ပြည့်ဝနေဖို့ လိုသလို ဒီဇိုင်းတခုဖန်တီးရာမှာအရေးကြီးတဲ့ Theme and Concept ရှိဖို့ပါ။ Concept ဆိုတာ နွှယ်ဆက် အတွေး သို့မဟုတ် ဆက်စပ်အတွေး၊ ထပ်ဆင့်ရလာတဲ့ အတွေးနဲ့ ခံစားမှုလို့ ပြောနိုင်ပါတယ်။Concept မရှိတဲ့ ဒီဇိုင်းတခုဟာ ဖရိုဖရဲ ဖြစ်နေတတ်ပါတယ်။

Credit: irrawaddy
Interior design ဒီဇိုင်း ဆိုတာ ဘာလဲ - Property Knowledge in Myanmar from iMyanmarHouse.com
Interior design ဒီဇိုင်း ဆိုတာ ဘာလဲ - Property Knowledge in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service