စက်မှုဇုန်များအတွင်း ကျူးကျော်တဲ တည်ဆောက်မှုများ ရှိပါက စက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီသို့ အမြန်ဆုံး အသိပေးရန် စက်ရုံပိုင်ရှင်များအား တပ်လှန့်ထား

စက်မှုဇုန်များအတွင်း ကျူးကျော်တဲ တည်ဆောက်မှုများ ရှိပါက စက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီသို့ အမြန်ဆုံး အသိပေးရန် စက်ရုံပိုင်ရှင်များအား တပ်လှန့်ထား - Property News in Myanmar from iMyanmarHouse.com
8 Feb 2017 10:08 am တွင် တင်ခဲ့သည်
1349 ကြိမ် ကြည့်ရှု့ပြီး
စက်မှုဇုန်များအတွင်း ကျူးကျော်တဲများ အသစ်တည် ဆောက်မှုကို အမြန်ဆုံး အသိပေး ရန် စက်ရုံပိုင်ရှင်များကို တပ်လှန့် ထားကြောင်း စက်မှုဇုန် စီမံခန့်ခွဲ မှု ကော်မတီမှ သတင်းရရှိသည်။

ဖေဖော်ဝါရီ ၆ ရက်ညက မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန်၌ ကျူးကျော်တဲများ တည်ဆောက်ခြင်း ကြုံတွေ့ခဲ့ရ၍ ဖေဖော်ဝါရီ ၇ ရက်တွင် မြို့နယ် အိုးအိမ်မှ တာဝန်ရှိသူများ၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန တာ ဝန်ရှိသူများ၊ မြောင်းတကာစက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီ တာဝန်ရှိသူများက လိုက်လံစစ်ဆေးနေကြောင်း သတင်းရရှိသည်။

လူ ၂၀ ခန့်ပါသည့် အဖွဲ့သုံး ဖွဲ့သည် ဖေဖော်ဝါရီ ၆ ရက်က မြောင်းတကာ စက်မှုဇုန်အတွင်း ဝင်ရောက်လာပြီး အခြေအနေ လေ့လာမှု များပြုလုပ်နေ သည်ကို စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီက သတင်းရ၍ စက်ရုံပိုင်ရှင်များကို သတိထားစောင့်ကြည့်ပေးရန် တပ်လှန့်ထားရကြောင်း မြောင်း တကာ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မ တီဥက္ကဋ္ဌ ဦးတင်လှိုင်က ပြော ကြားသည်။

‘‘ညဘက်ရောက်မှ မှောင်ရိပ် ခိုပြီး ကျူးကျော်တဲတွေ ဆောက် တယ်။ အခုမ နက် သတင်းကြား ကြားချင်း ချက်ချင်းလိုက်ပြီး စစ် ဆေးမှုတွေ လုပ်ေ ဆာင်နေပါ တယ်’’ဟု ၎င်းက ဆက်လက် ပြောကြားသည်။

စက်မှုဇုန်များတွင် ကျူး ကျော်ဝင်ရောက်ပြီး တဲထိုးနေထိုင်မှုကို ရန်ကုန်တိုင်းရှိ စက်မှုဇုန်များ ၌ ကြုံတွေ့နေရပြီး စက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီများက အစိုး ရ အဖွဲ့နှင့် ပူးပေါင်းထိန်းသိမ်းနေ ရကြောင်း၊ စက်ရုံပိုင်ရှင်များသည် လည်း စက်ရုံအနီးဝန်းကျင်တွင် ကျူးကျော်တဲဆောက်လုပ်နေ သည်ကို သိရှိပါက စက်မှုဇုန်စီမံ ခန့်ခွဲမှုကော်မတီသို့ အမြန်ဆုံးအ ကြောင်းကြား သတင်းပေး ရန် မှာကြားထားကြောင်း လှိုင်သာယာ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအုန်းဆိုင်က ပြောသည်။

‘‘မြန်မြန်သိရင် မြန်မြန်ရှင်း လို့ရတယ်။ ကြာသွားရင် ရှင်းဖို့ မလွယ်ဘူး။ ဒါကြောင့် မြန်မြန် အသိပေးဖို့ ပိုင်ရှင်တွေက မှာထားတယ်’’ဟု ဦးအုန်းဆိုင် က ပြောသည်။

လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းစက်မှုဇုန်တွင် လယ်ယာ မြေလျော်ကြေး
တောင်းခံရာ၌ လူ အချို့က စက်ရုံအဝင်ဝများတွင် တဲထိုး ပိတ်ဆို့ငွေေ တာင်းခံမှုများ၊ စက်ရုံပိုင်ရှင်များကို ခြိမ်းခြောက်မှုများ ရှိခဲ့သည်။

ရွှေလင်ဗန်းစက်မှုဇုန်ရှိ မြတ်ရွှေနဒီစက်ရုံတွင် ငှားရမ်းထား သည့် စက်ယန္တ ရားများထုတ်ယူ ခြင်းကို တားမြစ်ခြင်း၊ စက်ရုံဝန် ထမ်းများနှင့် မန်နေဂျာကို ရန်ပြု ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေ ကြောင်း အဆိုပါ ကုမ္ပဏီပိုင် ရှင် ဒေါ်ညွန့်ညွန့်ဝေက ပြောသည်။

လယ်ယာမြေလျော်ကြေးအ ကြောင်းပြ၍ စက်ရုံရှေ့တွင် တဲ ထိုး ပြီး ငွေေ ကြးတောင်းခံမှုပြဿ နာသည် ရွှေလင်ဗန်းစက်မှုဇုန် တွင် ကြုံတွေ့နေရ ကာ မြတ်ရွှေနဒီကုမ္ပဏီက ကျပ်သိန်း ၁,၂၀၀၊ United Beauty Palace က ကျပ် သိန်း ၁၉၀၊ Ever Plastic က ကျပ်၂၅ သိန်းကို လျော်ကြေးတောင်း သူများအား ပေးခဲ့ရကြောင်း လုပ် ငန်းရှင်များက ပြောသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service