ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေးညွှန်းကိန်း ကျဆင်းနေသော်လည်း ပြည်တွင်းဈေးကွက်အတွင်း ၁၃၅၉ ကျပ်ဝန်းကျင်၌ တန့်နေ

ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေးညွှန်းကိန်း ကျဆင်းနေသော်လည်း ပြည်တွင်းဈေးကွက်အတွင်း ၁၃၅၉ ကျပ်ဝန်းကျင်၌ တန့်နေ - Property News in Myanmar from iMyanmarHouse.com
7 Feb 2017 10:35 am တွင် တင်ခဲ့သည်
736 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေးအညွှန်းကိန်း ကျဆင်းနေသော်လည်း ပြည် တွင်းဈေးကွက် အတွင်း တစ်ဒေါ်လာ ၁၃၅၉ ကျပ် ၀န်းကျင်၌ တန့်နေေ ကြာင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေရောင်းဝယ်နေသူများထံမှ သိရသည်။

ပြီးခဲ့သော ဇန်န၀ါရီ ၃ ရက် ညပိုင်းတွင် ကမ္ဘာ့ငွေကြေးဈေးကွက်၌ ဒေါ် လာဈေး အညွှန်းကိန်း ၁၄ နှစ်အတွင်း စံချိန်တင်နှုန်းထားအဖြစ် ၁၀၃ ဒသမ ၇၈ ပွိုင့်အထိ မြင့်တက်ခဲ့ပြီးနောက် တအိအိ ပြန်လည်ကျဆင်းခဲ့ရာ ဖေဖော် ၀ါရီ ၃ ရက်၌ ၉၉ ဒသမ ၅၅ ပွိုင့်အထိ ရောက်ရှိခဲ့ပြီး ၉၉ ဒသမ ၆၉ ပွိုင့်ြ ဖင့် ဈေးပိတ်ခဲ့သည်။ ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေးနှုန်းသည် အကျဘက် ကို တရွေ့ရွေ့ရောက်ရှိလာပြီး ပြီးခဲ့သည့် တစ်ပတ်အတွင်း အနိမ့်ဆုံးဒေါ် လာဈေး အညွှန်းကိန်းမှာ ၉၉ ဒသမ ၂၄ ပွိုင့်ဖြစ်ပြီး အမြင့်ဆုံးဒေါ်လာဈေး အညွှန်းကိန်း မှာ ၁၀၀ ဒသမ ၇၅ ပွိုင့်ဖြစ်ကာ ဇန်န၀ါရီ ၃၀ ရက် မတိုင်မီ ရက်များနှင့် နှိုင်းယှဉ်ပါက ဒေါ်လာဈေး အားပျော့လာခြင်း ဖြစ်သည်။ ဖေေ ဖ်ာဝါရီ ၄ ရက်တွင် ဖြစ်ပေါ်သော ကမ္ဘာ့အဓိကငွေကြေးအချို့ ၏ ငွေလဲနှုန်း များမှာ တစ်ယူရိုလျှင် ၁ ဒသမ ၀၇ ဒေါ် လာ၊ တစ်ပေါင်လျှင် ၁ ဒသမ ၂၄ ဒေါ်လာ၊ အမေရိကန်တစ်ဒေါ်လာလျှင် ၁၁၂ ဒသမ ၆၅ ယန်းတို့ ဖြစ် သည်။

ကမ္ဘာ့ငွေကြေးဈေးကွက်၌ ဒေါ်လာဈေး နေ့စဉ်အတက်အကျများဖြင့် မတည် မငြိမ် ဖြစ်ပေါ်နေပြီး ပြည်တွင်းဈေးကွက်တွင်လည်း သက်ရောက်မှု များ ရှိနေသည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်၌ ဒေါ်လာဈေး စံချိန်တင်နှုန်း အဖြစ် ၁၄၃၈ ကျပ်အထိ အမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး ယင်းနောက်ပိုင်း အနိမ့် ဆုံးနှုန်းထားအဖြစ် ဇန်န၀ါရီ ၁၆ ရက်တွင် ၁၃၄၆ ကျပ်အထိ ကျဆင်းခဲ့ သည်။ ထို့နောက် ဇန်န၀ါရီ ၁၉ ရက်တွင် တစ်ဒေါ်လာ ၁၃၆၇ ကျပ်အ ထိ ပြန်လည်မြင့်တက်လာပြီး ဇန်န၀ါရီ ၂၀ မှ ဖေဖော်ဝါရီ ၄ ရက်အထိ တစ်ဒေါ်လာ ၁၃၅၄ မှ ၁၃၆၂ ကျပ်ကြားတွင် နေ့စဉ်အတက် အကျ ဖြစ်ေ ပ်ါနေခြင်း ဖြစ်သည်။

ဇန်န၀ါရီလအတွင်း နိုင်ငံခြားငွေလဲနှုန်း အခြေအနေကို ကြည့်ပါက အနိမ့် ဆုံး ၁၃၄၆ ကျပ်ဖြစ်ခဲ့ပြီး အမြင့်ဆုံးနှုန်းမှာ ကျပ် ၁၃၇၀ ဖြစ်သည်။ ဇန်န၀ါရီ ၁ ရက်တွင် ကျပ် ၁၃၆၀ ဖြင့် စဖွင့်ခဲ့သော ဒေါ်လာဈေးသည် ဇန်န၀ါရီ ၁၀ ရက်၌ ကျပ် ၁၃၇၀ အထိ မြင့်တက်ခဲ့ပြီးနောက် ပြန်ကျဆင်းခဲ့ရာ ဇန်န၀ါရီ ၃၁ ရက်တွင် ကျပ် ၁၃၆၀ ဖြင့် ဈေးပိတ်ခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၄ ရက်တွင် ပြင်ပဈေးကွက်အတွင်း ဖြစ်ပေါ်သော အခြားနိုင်ငြံ ခားငွေလဲနှုန်းအချို့မှာ ယူရို ၁၄၆၀ ကျပ်၊ စင်ကာပူဒေါ်လာ ၉၆၁ ကျပ်၊ မလေးရှားရင်းဂစ် ၃၀၇ ကျပ်၊ ထိုင်းဘတ် ၃၈ ဒသမ ၈၅ ကျပ်၊ ဗြိတိန်ပေါင် ၁၆၉၅ ကျပ်၊ ဂျပန်ယန်း ၁၂ ကျပ်၊ သြစတြေးလျ ဒေါ်လာ ၁၀၃၅ ကျပ်၊ တရုတ် ယွမ် ၁၉၇ ကျပ်တို့ဖြစ်ကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service