ကူဝိတ်နိုင်ငံတွင် တည်ဆောက်မည့် ကမ္ဘာ့အကြီးမားဆုံးကလေးဆေးရုံဒီဇိုင်း ထုတ်ပြန်ပြီ

ကူဝိတ်နိုင်ငံတွင် တည်ဆောက်မည့် ကမ္ဘာ့အကြီးမားဆုံးကလေးဆေးရုံဒီဇိုင်း ထုတ်ပြန်ပြီ - Property News in Myanmar from iMyanmarHouse.com
3 Feb 2017 12:31 pm တွင် တင်ခဲ့သည်
1960 ကြိမ် ကြည့်ရှု့ပြီး
ကူဝိတ်နိုင်ငံ၊ အယ်လ် ရှူဝိတ်ခ်ဒေသတွင် ကမ္ဘာ့အကြီးမားဆုံးကလေးဆေးရုံ တည်ဆောက်မည်ဖြစ်ရာ အဆိုပါဆေးရုံဒီဇိုင်းကို SSH ကုမ္ပဏီက ထုတ်ပြန်လိုက်ကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

SSH ကုမ္ပဏီသည် အရှေ့အလယ်ပိုင်းအခြေစိုက် စီမံကိန်းစီမံခန့်ခွဲရေးကုမ္ပဏီများအနက် ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်ပြီး စီမံကိန်းရေးဆွဲခြင်း၊ အခြေခံအဆောက်အအုံများဆောက်လုပ်ခြင်း၊ အဆောက်အအုံဒီဇိုင်းရေးဆွဲခြင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲခြင်းတို့ လုပ်ကိုင်သည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။

အဆိုပါကလေးဆေးရုံတွင် ကုတင် ၇၉၂ လုံးဝင်ဆံ့မည်ဖြစ်ပြီး ကမ္ဘာပေါ်တွင် အကြီးမားဆုံးဆေးရုံဖြစ်လာမည်ဖြစ်ကာ ဆေးဝါးလိုအပ်ချက်နှင့် ကုသမှုနည်းလမ်းများ အပြည့်အစုံထည့်သွင်းပေးထားမည် ဖြစ်သည်။

ဆေးရုံအကျယ်အဝန်းမှာ စတုရန်းမီတာ ၃၀၀၀၀၀ ကျယ်ဝန်းမည် ဖြစ်သည်။
SSH သည် ဒီဇိုင်းကြောင့် နာမည်ကျော်သည့် ကုမ္ပဏီဖြစ်ပြီး ဒေသတွင်းတစ်လျှောက် အထင်ကရအဆောက်အအုံများစွာကို ဒီဇိုင်းရေးဆွဲပေးထားသည်။

ကူဝိတ်ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်သူ့လုပ်ငန်းများဆိုင်ရာဝန်ကြီးဌာနတို့က ပြီးခဲ့သော ၂၀၁၆ ခုနှစ်အတွင်း ကလေးဆေးရုံတည်ဆောက်ရေးအတွက် မြေနေရာလေ့လာဒီဇိုင်းရေးဆွဲရန် SSH ကို တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ဒူဘိုင်းတွင် ကျင်းပနေသော အာရပ်ကျန်းမာရေးကွန်ဖရင့်တွင် ကူဝိတ်ပြည်သူ့လုပ်ငန်းရေးရာဝန်ကြီးဌာနက ကလေးဆေးရုံဒီဇိုင်းကို ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။
ကလေးဆေးရုံကိုအဆင့်အမြင့်ဆုံး ဆောက်လုပ်ရေးစံချိန်စံညွှန်းများ၊ ပစ္စည်းများဖြင့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း SSH က ထုတ်ဖော်ပြောကြားသည်။

ဆေးရုံတက်မည့် ကလေးငယ်များနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် နေအိမ်နှင့်သဏ္ဍာန်တူသည့်ဝန်းကျင်မျိုး ဖန်တီးပေးမည်ဟု ဆိုသည်။
ကားစင်းရေ ၂၄၀၀ ဆန့် ကားရပ်နားရန်နေရာ၊ လေကြောင်းမှ အရေးပေါ်သယ်ယူပို့ဆောင်နိုင်ရန်အတွက် ရဟတ်ယာဉ်ကွင်းတစ်ခု၊ ကလေးငယ်များအတွက် နေ့ကလေးထိန်းဌာနတို့လည်း ပါဝင်မည် ဖြစ်သည်။
နေ့ကလေးထိန်းဌာနမှာ ဆေးရုံဝန်ထမ်းများ၏ ကလေးငယ်များအတွက် ရည်ရွယ်ခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service