ဆန်းမြတ်ထွန်းဆောက်လုပ်ရေးက ကမ္ဘောဇဘဏ်နဲ့ ချိတ်ဆက်ပြီး တိုက်ခန်းတွေကို အရစ်ကျရောင်းချပေးနေတယ်လို့ သိရပါတယ်။
သည်လို အရစ်ကျရောင်းချနေတဲ့ တိုက်ခန်းတွေကို တစ်နှစ်တိတိ အတိုးမပေးရဘဲ ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။ရောင်းချတဲ့ အခန်းကို ကုမ္ပဏီပိုင် အခန်းတွေနဲ့ မြေပိုင်ရှင်တွေရမယ့် အခန်းတွေခွဲထားတယ်လို့လဲ သိရပါတယ်။
အခုရောင်းချမယ့် ကုမ္ပဏီပိုင်အခန်းတွေက နှစ်လွှာ၊သုံးလွှာ နဲ့ လေးလွှာအခန်းတွေဖြစ်ပြီးအခန်းတွေရဲ့ အကျယ်က ပေ ၅၀ ၁၂ပေ ခွဲရှိတယ်လို့ သိရပါတယ်။
ငွေပေးချေတဲ့ အခါမှာလည်း စာချုပ်ချုပ်တဲ့နေ့မှာ down pay-ment ၃၀ရာခိုင်နှုန်းကို ပေးသွင်းရမှာဖြစ်ပါတယ်။ဝယ်ယူသူတွေက သူတို့ပေးချေနိုင်တဲ့ ပမာဏကို လိုက်ပြီး တစ်နှစ်ကနေ ငါးနှစ်အထိသွင်းလို့ရတယ်လို့ သိရပါတယ်။ငွေသွင်းတဲ့ အခါတွေလည်း ဘဏ်ကိုသာ တိုက်ရိုက်ပေးသွင်းရမှာဖြစ်တယ်။
ရောင်းချနေတဲ့ အခန်းတွေမှာ ကြွေပြားကပ်ထားတဲ့ ရေချိုးခန်း၊အိမ်သာ၊မီးဖိုခုံ၊ကိုယ်ပိုင်မီတာ၊ မော်တာတွေ တပ်ဆင်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ဆန်းမြတ်ထွန်းက ရောင်းချမယ့်တိုက်ခန်းတွေကို ၂၀၁၇ မတ်လမှာ စတင်ဆောက်လုပ်မှာဖြစ်ပြီး ၂၀၁၈ ဇန်န၀ါရီလမှာ အသင့်နေထိုင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
တိုက်ခန်းတွေတည်နေရာက အသစ်ဆောက်နေတဲ့ fortune ပလာဇာနောက်ကျောဘက်မှာ ဖြစ်ပြီး ဒေါပုံမြို့နယ် ဗိုလ်မင်းရောင် လမ်းမပေါ်မှာတည်ရှိတာဖြစ်တယ်လို့ သိရပါတယ်။
Credit : The Modern