တိုက်ခန်းတွေ ၊ လုံးချင်းအိမ်တွေကို နိုင်ငံခြားသားတွေ ငှားရမ်းတဲ့ ဈေးကွက်ပိုမိုကျယ်ပြန့်လာသိလို အချက်အချာကျတဲ့ နေရာတွေက ပိုအလုပ်ဖြစ်တယ်လို့ သိရပါတယ် ။
နိုင်ငံခြားသားတွေကို သီးသန့်အိမ်အရောင်းအဝယ်လုပ်ပေးနေတဲ့ အကျိုးဆောင်တွေ အခုဆိုရင်အများအပြားရှိလာပြီး ဆောက်လုပ်ရေး
လုပ်ငန်းကြီးတွေက ဆောက်လုပ်ပေးနေတဲ့ ကွန်ဒိုတွေ ၊ တိုက်ခန်းတွေကို နိုင်ငံခြားသားတွေအတွက် ငှားရမ်းတာတွေ ရောင်းချတာတွေကို ပြုလုပ်လာတာ
ဖြစ်ပါတယ်။
‘ သူတို့တွေက မြန်မာနိုင်ငံကို အရင်ဆုံးလာလေ့လာတယ်ဆိုရင် လာလာချင်းကတော့ ဟိုတယ်မှာ နေတာများတယ် ၊ ကြာကြာနေမယ်ဆိုရင် အဆင်မပြေနိုင်ဘူး ၊ အဲ့တော့ သူတို့က အိမ်ငှားနေကြတယ် ။ သိတဲ့အတိုင်း သူတို့တွေက နိုင်ငံခြားကနေ လာတယ်ဆိုတော့ ကောင်းတာပဲ နေချင်ကြတယ် ၊ အဲဒါကြောင့် ငှားတယ်ဆိုရင်လဲ နေရာကောင်းကောင်း အချက်လက်ကျတဲ့ နေရာတွေမှာ ငှားနေကြတယ် ၊ သူတို့အတွက် သီးသန့်ငှားတဲ့ ဈေးကွက်ဆိုတာ ရှိလာတယ် ’ လို့ အိမ်ခြံမြေအကျိုးဆောင် ဒေါ်ဝင်းဝင်းမော်က ပြောပါတယ် ။
နိုင်ငံခြားသားတွေ အများဆုံးငှားရမ်းနေထိုင်တဲ့ နေရာတွေက ရန်ကင်း၊ဗဟန်း၊လမ်းမတော်လိုအချက်အချာကျတဲ့
နေရာတွေမှာ ငှားရမ်းတာတွေ များပြီး ဒေါ်လာနဲ့ ငှားရမ်းနေတာ ဖြစ်သလို အနည်းဆုံး နှစ်ချုပ်နဲ့ ငှားရမ်းတာ ဖြစ်ပါတယ် ။
နိုင်ငံခြားသားတွေအတွက် အငှားအရောင်းဈေးကွက် ကောင်းလာတာကြောင့် အိမ်ခြံမြေအကျိုးဆောင်ဈေးကွက်မှာလည်း
နိုင်ငံခြားသားတွေအတွက် သီးသန့်လုပ်ပေးနေတဲ့ အကျိုးဆောင်တွေ ရှိလာတယ်လို့ သိရပါတယ် ။
Credit: The Modern