အခုနောက်ပိုင်းမှာ ကွန်ဒိုတွေကို မီနီကွန်ဒိုပုံစံတွေ ပြောင်းလဲပြီး ဆောက်လုပ်ရောင်းချ
လာကြတယ်လို့ သိရပါတယ် ။
မီနီကွန်ဒိုတွေကို ရောင်းချတဲ့အခါမှာလည်း နေရာကောင်းတဲ့အခန်းတွေဆိုရင် ဦးရာလူစနစ်နဲ့ ရောင်းချပေးနေတဲ့အပြင် အရစ်ကျစနစ်နဲ့ ရောင်းချလာတာတွေလည်း ရှိလာပါတယ် ။ ကွန်ဒိုတွေကို ဇိမ်ခံကွန်ဒိုတွေထက် မီနီကွန်ဒိုအသေးတွေ ဆောက်လုပ်မှု ပိုများလာတာပါ ။
‘ အခုနောက်ပိုင်းကျတော့ ကွန်ဒိုတွေကို ဝယ်တာက နည်းလာတယ် ၊ ဘာလို့လဲဆိုတော့ ကြိုပွိုင့်တွေနဲ့ ရောင်းတယ် ၊ စရန်ချခိုင်းတယ် ၊ ပြီးရင် ဆက်မဆောက်တာတို့ ဘာတို့ ဖြစ်တယ်ဆိုရင် မဆောက်ဘဲနဲ့ ရပ်လိုက်ကြတယ် ၊ အဲဒီတော့ လူတွေက မယုံကြည်ကြတော့ဘူး ၊ အဲဒီလိုတွေဖြစ်လာကြတာ ၊ အခုနောက်ပိုင်းကျတော့ မြန်မြန်ဆောက်လုပ်ပြီးစီးနိုင်တဲ့ မီနီကွန်ဒိုတွေ ဆောက်တာများလာကြတယ် ’ လို့ ချမ်းသာဆောက်လုပ်ရေးက တာဝန်ရှိသူက ပြောပါတယ် ။
ကွန်ဒိုတိုက်ခန်းတွေကို နိုင်ငံခြားသားတွေ ၊ လုပ်ငန်းရှင်ကြီးတွေက ဝယ်ယူတာတွေ ၊ ငှားရမ်းနေထိုင်တာတွေ အများဆုံးရှိနေတယ်လို့
သိရပါတယ် ။
ဝယ်ယူတဲ့အခါမှာလည်း ဇိမ်ခံကွန်ဒိုတွေကို တချို့သူတွေက မတတ်နိုင်တာရှိသလို ၊ ငှားရမ်းတဲ့အခါမှာလည်း ဈေးတွေကြီးတာကြောင့် နိုင်ငံခြားသားလုပ်ငန်းရှင်တွေကသာ ဒေါ်လာနဲ့ ဝယ်တာတွေ ငှားရမ်းနေထိုင်နေကြတယ်လို့ သိရပါတယ် ။
အခုနောက်ပိုင်းမှာတော့ ကွန်ဒိုကြီးတွေထက် လူလတ်တန်းစားတွေပါ ဝယ်ယူနေထိုင်နိုင်တဲ့ မီနီကွန်ဒိုတွေကို ဆောက်လုပ်ပြီး အရစ်ကျစနစ်နဲ့ ရောင်းချတာတွေ ၊
တန်ဖိုးအများကြီးမပေးရဘဲ ငှားရမ်းတာတွေကို ပြုလုပ်လာကြတာဖြစ်တယ်လို့
သိရပါတယ် ။
ဆောက်လက်စတွေကို ရောင်းချနေတာထပ် ဆောက်လုပ်ပြီးစီးနေပြီဖြစ်တဲ့ ကွန်ဒိုတွေကို ရောင်းချတာတွေ အခုနောက်ပိုင်းမှာ ပိုပြီး ပြုလုပ်လာကြတာဖြစ်တယ်လို့ သိရပါတယ် ။
Credit: The Modern