မန္တလေး အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုပုံစံ ပြောင်းလား

မန္တလေး အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုပုံစံ ပြောင်းလား - Property News in Myanmar from iMyanmarHouse.com
3 Feb 2017 10:59 am တွင် တင်ခဲ့သည်
2147 ကြိမ် ကြည့်ရှု့ပြီး
မန္တလေး အိမ်ခြံမြေ ဈေးကွက်အပေါ် စီးပွားရေလုပ်ငန်းသမားတွေရဲ့ ရင်းနှီးမြှုပ်နှံတဲ့ ပုံစံတွေ ပြောင်းလဲလာတယ်လို့ အကျိုးဆောင်အချို့က ဆိုပါတယ်။

‘ အရောင်းအဝယ်ပုံစံပြောင်းသွားပြီး ၊မြို့တွင်းရောမြို့ပြင်ရော အရောင်းအဝယ်က မဖြစ်ဘူး၊ ဘယ်မှာသွားရှိလဲဆိုရင်(တန်ဖိုးသင့် ) လယ်မြေကို ဝယ်ကြတဲ့သူတွေများတယ်၊ လယ်မြေကိုဝယ်တဲ့သူတွေဟာ အရင်းအနှီးနည်းတယ် ၊ အမြတ်အစွန်းများတယ် ' လို့ မန္တလေးမြို့မှာ လူသိများထင်ရှာတဲ့ အကျိုးဆောင်လုပ်ငန်း ပိုင်ရှင် တစ်ဦးကပြောပါတယ်။

သူကဆက်ပြီး ‘ မြို့ပေါ် အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံမှုအပိုင်းဆိုရင်လဲ သိန်း ၁၀၀၀ အောက်လေးတွေ ရင်းနှီးမြှုပ်မှုရှိကြတယ် ၊ အများကြီးမမြတ်ဘူး၊ သိန်း အစိတ်(၂၅)၊ ၅၀ ၊ ၁၀၀ လောက်မြတ်တာလေးတွေ၊ သိန်းထောင် ဂဏန်းအပိုင်းက ရင်းနှီးမြှုပ်နှံဖို့ အတွက် မဟုတ်ဘဲနဲ့ အမှန်တကယ်နေထိုင်ဖို့ ဝယ်ကြတဲ့အပိုင်းနေတွပဲရှိလာတယ် ‘ လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့၂၀၁၆ ခုနှစ် တစ်နှစ်လုံးမှာ အိမ်ခြံမြေဈေကွက် အတွင်း စီးပွားရေးလုပ်ငန်းသမားတွေ ဝင်ရောက် ရင်းနှီးမြှုပ်နှံမှု သိသိသာသာလျော့နည်းသွားခဲ့ပြီး မြို့တွင်း သာမက မြို့ပြင်ကနေရာတွေမှာပါ အရောင်းအဝယ်ကျဆင်းလာပါတယ်။

ယခုနှစ်မှာတော့ အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်တဲ့ စီးပွားရေးသမားအချို့အိမ်ခြံမြေဈေးကွက်ထဲမှာ
ပြန်လည်ရင်းနှီးမြှုပ်နှံဝင်ရောက်မှုတွေရှိနေတယ်။

မန္တလေးအိမ်ခြံမြေဈေးကွက်ရဲ့ အလားလားအခြေအနေဟာ မြို့တွင်းက မြေနေရာကို ကျပ်သိန်းသောင်းချီ ဈေးကြီးပေးဝယ်လှောင်ထားတာထက်
မြို့ပြင်ကနေရာကို ဝယ်လှောင်ရတာက ပိုမိုတွက်ခြေကိုက်တာကြောင့် မန္တလေးမြို့အပြင်ဘက်ကနေရာတွေမှာ ယခုလိုဝယ်ယူလာကြတာဖြစ်တယ်။အဲသည်အပြင်
မြေကို အမှန်တကယ် အသုံးချဖို့ ဝယ်ယူသူအချို့ကြောင့်လည်း တန်ဖိုးနည်းမြေယာတွေအဝယ်လိုက်နေတာဖြစ်တယ်။

မြန်မာငွေနဲ့ ဒေါ်လာလဲလှယ်ရာမှာ ကျပ်ငွေတန်ဖိုးနိမ့်ကျလာပြီး ငွေကြေးဖောင်းပွမှုကို ဦးတည်လာတာကလည်း အိမ်ခြံမြေဈေးကွက်အတွင်း
သို့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေကို စီးဝင်စေတယ်လို့ ဝါရင့်အိမ်ခြံမြေအကျိုးဆောင်အချို့က ပြောပါတယ်။

တန်ဖိုးနည်းမြေတွေမှာ အရောင်းအဝယ်ကောင်းမွန်စပြုနေပေမဲ့ မန္တလေးမြို့တွင်း အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်မှာ ကျပ်သိန်း ၅ဝဝဝ အထက်တန်ဖိုးရှိမြေဆိုရင်ကို အရောင်းအဝယ်မရှိသလောက်နီးပါဖြစ်နေတယ်လို့ အကျိုးဆောင်လုပ်ငန်းရှင် အချို့က ပြောပါတယ်။

ယခုနှစ်အစမှာ တန်ဖိုးနည်းမြေတွေ အရောင်းအဝယ်ပြန်လိုက်စပြုနေတယ်။ ဒါဟာ အေးစက် ကျဆင်းနေတဲ့ မန္တလေးမြို့တွင်း အိမ်ခြံမြေဈေးကွက်အတွက် အရောင်းအဝယ်ပြန်လည်ကောင်းမွန်းဖို့ မျှော်လင့်စရာအလားအလာကောင်း ဖြစ်တယ်။မြို့တွင်း အိမ်ခြံမြေဈေးကွက်ဟာ မကြာခင်အချိန်အတွင်းအရောင်းအဝယ် ဖြစ်လာလိမ့်မယ်
လို့ မြို့ခံဝါရင့်အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်ရှင်အချို့က ခန့်မှန်းပြောဆိုပါတယ်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service