ဆေးရုံနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကျပ်ဘီလီယံ ၂၅၀ ခန့် သုံးစွဲမည်

ဆေးရုံနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကျပ်ဘီလီယံ ၂၅၀ ခန့် သုံးစွဲမည် - Property News in Myanmar from iMyanmarHouse.com
3 Feb 2017 10:26 am တွင် တင်ခဲ့သည်
1391 ကြိမ် ကြည့်ရှု့ပြီး
ဆေးရုံများနှင့် ဝန် ထမ်းအိမ်ရာများ ဆောက်လုပ်ရန် လာမည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် တွင် ကျပ်ဘီလီယံ ၂၅၀ ခန့် သုံး စွဲမည်ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာမြင့် ထွေးက ပြောသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက အသုံးပြုမည့် ဘတ်ဂျက်ကို ဖေဖော်ဝါရီ ၁ ရက်၌ ကျင်းပသည့် ပြည်ထောင်စုလွှတ် တော်အစည်းအဝေးသို့ တင်ပြစဉ် ဆေးရုံနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန် ငွေလုံးငွေရင်း အသုံးစရိတ်အနေဖြင့် ကျပ် ၂၄၉ ဒသမ ၂၁၅ ဘီလီယံ ထည့်သွင်း တင်ပြခြင်းဖြစ်သည်။

လာမည့် ဘဏ္ဍာနှစ်အတွက် ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက သာမန်အသုံးစရိတ် နှင့် ငွေလုံးငွေရင်း အသုံးစရိတ် စုစုပေါင်း ကျပ် ၁,၀၇၇ ဒသမ ၈၈၈ ဘီလီယံ တင်ပြခဲ့ပြီး ယင်းဝန် ကြီးဌာန၏ အသုံးစရိတ်သည် ဘတ်ဂျက်တစ်ခုလုံး အသုံးစရိတ် ၏ ၅ ဒသမ ၁၆ ရာခိုင်နှုန်းရှိသည်။

‘‘ဆောက်လုပ်ရေး ပိုက်ဆံရ တဲ့ ၂၄၉ ဒသမ ၂၁၅ ဘီလီယံ ကျပ်ကို ဘယ်လိုသုံးမလဲလို့မေး တဲ့အခါ ကျွန်တော်တို့က ဝန်ထမ်း အိမ်ရာကို ၃၇ ရာခိုင်နှုန်း ပေးပြီး တော့ ဆေးရုံအဆောက်အအုံအ သစ်ကို ၆၉ ရာခိုင်နှုန်းပေးပါ တယ်။ ဒီနေရာမှာ ၃၇ ရာခိုင်နှုန်း ဆိုတာ ၉၁ ဒသမ ၀၃၈ ဘီလီယံ ကျပ် သုံးမှာပါ။ ၂၀၁၇-၁၈ မှာ ပါ။ ၁၈-၁၉ မှာဆိုရင် ဝန်ထမ်း အိမ်ရာကို ဒါ့ထက်တိုးပါမယ်။ ဖြစ်နိုင်ရင်တော့ တစ်ဆခွဲလောက် ထပ်တိုးချင်ပါတယ်’’ဟု ဒေါက်တာ မြင့်ထွေးက လွှတ်တော်သို့ တင်ပြသည်။

ယင်းသို့ ဝန်ထမ်းအိမ်ရာများ တိုးချဲ့ဆောက်လုပ်မှသာ နယ်စပ် ဝေးလံခေါင်ဖျား ဒေသများသို့ ကျန်းမာရေးဝန်ထမ်းများ သွား ရောက် တာဝန်ထမ်းဆောင်ရန် အဆင်ပြေမည်ဖြစ်ကြောင်း ဝန် ကြီးက ပြောကြားသည်။

‘‘ဒီဝန်ထမ်းအိမ်ရာ တိုးမှသာ လျှင် နယ်စပ်ဒေသ ခေါင်တဲ့နေ ရာမှာ ဆရာဝန်၊ ဆရာမ ဝန်ထမ်း အားလုံးက သွားပါမယ်။ အခုက မသွားဘူးဖြစ်နေတဲ့အတွက် ကျွန် တော်တို့က နည်းနည်းလေး အ ခြေအနေအရ မနည်းလုပ်နေရ တယ်။ သူတို့နေဖို့ရမှာသာ ဖြစ်မှာ ပါ။ ဘာကြောင့်လဲဆိုရင် ကျွန်တော် ခန္တီးကို မကြာခင်ကရောက် တဲ့အခါမှာ လက်ထောက်ဆရာ ဝန်တစ်ဦးသည် အိမ်ကိုငှားတာ တစ်သိန်းနဲ့နှစ်သောင်းပေးရပါ တယ်။ သူ့လစာသည် နှစ်သိန်းနဲ့ ငါးသောင်းပဲ ရတဲ့အတွက်ကြောင့် ၄၀ ရာခိုင်နှုန်းသော ပိုက်ဆံကို အိမ်ကို ငှားလိုက်ရတယ်ဆိုတဲ့ ဟာက သိပ်ပြီးတော့ ကောင်းတဲ့ လက္ခဏာမဟုတ်ပါဘူး။ ဒီကိစ္စ ကို အမြန်ဆုံးလုပ်နေပါပြီ’’ဟု ၎င်းက ပြောသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ဆောက်လုပ်ရေးအ သုံးစရိတ်ကို မကွေးတိုင်းတွင် ၁၄ ရာခိုင်နှုန်းဖြင့် အများဆုံး အသုံး ပြုမည်ဖြစ်ပြီး နေပြည်တော်၌ ၂ ရာခိုင်နှုန်းဖြင့် အနည်းဆုံး အသုံးပြုမည်ဖြစ်ကြောင်း ဒေါက်တာ မြင့်ထွေး၏ တင်ပြချက်အရ သိရ သည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ဆောက်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းသစ်အနေဖြင့် ဆေးရုံ၊ ဆေးပေးခန်းပေါင်း ၉၂၄ ခုရှိပြီး မပြီးပြတ်သေးသည့် လုပ်ငန်း ၃၀၃ ခု၊ ဖြည့်စွက်လုပ်ငန်း ၃၀၀ ခု စုစုပေါင်း လုပ်ငန်းပေါင်း ၁,၅၂၇ခုရှိသည်ဟု ၎င်းက ပြောသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အဆောက်အုံများ ဆောက်လုပ်ရေး လုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ ပေးအပ်မည်ဖြစ်ပြီး အချို့ကို တိုင်းနှင့်ပြည်နယ်အစိုးရက ဦးဆောင် ၍ တင်ဒါခေါ်ယူဆောင်ရွက်မည် ဖြစ်သည်။

Credit : 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service