အထီးကျန်နေသော မြောက်ကိုရီးယားနိုင်ငံတွင် အိမ်ခြံမြေဈေးကွက်သည် နားလည်မှု
ဖြင့်သာ လည်ပတ်နေခြင်းဖြစ်သည်။ မြောက်ကိုရီးယားတွင် ၎င်းတို့အစိုးရ၏ ဘောင်ကျဉ်း
သော ဥပဒေသတ်မှတ်ချက်အရမူ အိမ်ခြံမြေအရောင်းအ၀ယ်သည် တရားမ၀င်ပေ။
မြောက်ကိုရီးယား၌ အကြီးဆုံးဖြန့်ချိရေးလက်ကားဈေးဖြစ်သော ပြုံဆွန်ဈေးဟု ယခင်ကခေါ်ဝေါ်ခဲ့သည့် ဒေါ့ဆန်လယ်သမားဈေး တည်ရှိရာ ပြုံဆွန်မြို့တွင် ယခုအခါ တိုက်ခန်း
တန်ဖိုးများ မြင့်တက်နေသည်။
ယင်းသည် အများသူငါအသုံးပြုရာတွင် ပိုမိုအဆင်ပြေလာသော ပို့ဆောင်ရေးအဆောက်
အအုံများနှင့် ချမ်းသာသော လက်ကားရောင်းချသူများကြောင့် ဖြစ်ကြောင်း တောင်ကိုရီး
ယားနိုင်ငံ မြို့တော်ဆိုးလ်အခြေစိုက် Daily NK သတင်းစာက ဖော်ပြခဲ့သည်။
ယော့ချွန်းဒုံခရိုင်ရှိ တိုက်ခန်းတွဲအဆောက်အအုံတစ်ခု၏ တိုက်ခန်းဈေးနှုန်းသည်အမေရိကန်ဒေါ်လာ ၄၀,၀၀၀ မှ ၆၀,၀၀၀ အကြားသို့ မြင့်တက်ရောက်ရှိလာကြောင်း ထိုသတင်းစာနှင့် ရင်းနှီးသော သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ထိုတိုက်ခန်းတွဲ
သည် အဓိကလမ်းမကြီးများနှင့်နီးသည့်အပြင် ရထားဘူတာရုံတစ်ခုနှင့်လည်းနီးသည်။
"မကြာသေးမီကမှ အသစ်ဆောက်လုပ်ပြီးစီးတဲ့ အခန်းတွေမဟုတ်လည်းဘဲ ဆွဲဆောင်အားကောင်းနေပါတယ်။ သွားရေးလာရေးလွယ်ကူလာတာက အဓိက
အချက်ဖြစ်မယ်လို့ ထင်ပါတယ်" ဟု ရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။
"အုတ်ချွန်းဒုံခရိုင်ရှိ တိုက်ခန်းဈေးတွေလည်း မြင့်တက်နေပါတယ်။ ဒါပေမဲ့ ယော့ချွန်းဒုံ
မှာ ပိုပြီးသိသိသာသာမြင့်တက်နေတာပါ" ဟုလည်း အခြားရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။
မြောက်ကိုရီးယားတွင် အိမ်အရောင်းအ၀ယ် တရားမ၀င်ဆဲဟုမည်သို့ဆိုစေ အိမ်ခြံမြေ
အကျိုးဆောင်အချို့သည် နိုင်ငံ၏ ကာလရှည်ကြာအာဏာရယူလာခဲ့သော အလုပ်သမား
ပါတီနှင့် အဆက်အသွယ်ရှိမှုကို အားကိုး၍ အရောင်းအ၀ယ်များပြုလုပ်လာကြသည်။
"ပွဲစားတွေဟာ အာဏာပိုင်တွေနဲ့ နီးနီးကပ်ကပ်ကို အဆက်အသွယ်ရှိပါတယ်။ ဒါကြောင့်
အိမ်အရောင်းအ၀ယ်လုပ်ချင်တဲ့သူတွေက ပွဲစားတွေကို အသုံးချလာကြတယ်" ဟုလည်း
ရင်းမြစ်တစ်ဦးက RFA သတင်းဌာနသို့ ပြောကြားခဲ့သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com