အိမ်မြေစံနှုန်း သတ်မှတ်ချက်နှင့် အခွန်နှုန်းထားကြောင့် တန်ဖိုးမြင့် အိမ်မြေများ အရောင်းအဝယ်ပိုအေး

အိမ်မြေစံနှုန်း သတ်မှတ်ချက်နှင့် အခွန်နှုန်းထားကြောင့် တန်ဖိုးမြင့် အိမ်မြေများ အရောင်းအဝယ်ပိုအေး - Property News in Myanmar from iMyanmarHouse.com
2 Feb 2017 12:30 pm တွင် တင်ခဲ့သည်
1371 ကြိမ် ကြည့်ရှု့ပြီး
တိုင်းဒေသကြီးအစိုးရကနေ အတည်ပြု သတ်မှတ်ပေးထားတဲ့ အိမ်ခြံမြေ အရောင်းအဝယ် အပေါ် အခွန်စည်းကြပ်ရန် နှုန်းထားတွေနဲ့ ပေးဆောင် ရမယ့် အခွန်နှုန်းထားတွေဟာ တန်ဖိုးမြင့်တဲ့ အိမ်ခြံမြေ အရောင်းအဝယ်အ တွက် အဓိကကျတဲ့စဉ်းစားစရာအချက်ဖြစ်နေပြီး ဒီအချက်ကြောင့် အရောင်း
အဝယ် ပိုမိုနှေးကွေးနိုင်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်အများစုက သုံးသပ် ပါတယ်။

အိမ်ခြံမြေအရောင်းအဝယ်လုပ်ရာမှာ ဝယ်သူဘက်ကနေ အခွန်ပေးဆောင်ဖို့ အိမ်ခြံမြေသတ်မှတ် တန်ဖိုးတွေကို တိုင်းဒေသကြီးအစိုးရရဲ့ အတည်ပြုချက် နဲ့ နှစ်စဉ်ထုတ်ပြန်ပေးလေ့ရှိပါတယ်။ မန္တလေးမြို့တွင်း နေရာကောင်းတွေရဲ့ အိမ်ခြံမြေခေါ်ဈေးတွေဟာ မြင့်မားနေပေမဲ့ ဒီလိုထုတ်ပြန် လိုက်တဲ့ သတ် မှတ်နှုန်းထားတချို့ဟာ ဈေးကွက် ပေါက်ဈေးထက် ပိုမြင့်နေတာမျိုး ရှိတယ် လို့ လည်း အကျိုးဆောင်တချို့က ပြောပါတယ်။ ဒါဟာ လက်တွေ့ အရောင်း အဝယ် လုပ်လိုသူတွေအတွက် တုံ့ဆိုင်းစရာ ဖြစ်နေပြီး ဈေးကွက်အပေါ်ကို အနည်းနဲ့အများ အကျိုးသက်ရောက်မှုရှိစေတယ်လို့ ဆိုကြပါတယ်။

လက်ရှိ အိမ်မြေအခွန် စည်းကြပ်ရန်နှုန်းထား (အိမ်မြေစံနှုန်းသတ်မှတ် ချက်)တွေ ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာ လမ်းအလိုက် သတ်မှတ် ထုတ်ပြန်ပေးထားပါတယ်။ ဒီသတ်မှတ်နှုန်းထားတွေအရ မြို့တွင်း မှာ လမ်း ၈ဝ၊ ၈၁ လမ်း၊ ၈၂ လမ်း၊ ၈၃ လမ်း၊ ၈၄ လမ်းပေါ်က အိမ်ခြံမြေဈေးနှုန်း
(စံနှုန်းသတ်မှတ်ချက်) တွေက အမြင့်မားဆုံးဖြစ်ပြီး တစ်ဧကကို ကျပ်သန်း ၁၂,၆ဝဝ ကနေ ကျပ်သန်း ၂၃,၄ဝဝ အထိ သတ်မှတ်နှုန်းရှိနေပါတယ်။

ရောင်းဝယ်ရာမှာ အခွန်ဆောင်ဖို့အတွက်တော့ ၂ဝ၁၆ ခုနှစ် အခွန် အကောက် ဥပဒေအရ ဝင်ငွေရလမ်းမပြနိုင် ရင် အိမ်မြေတန်ဖိုး တစ်ကျပ်ကနေ ကျပ်သိန်း ၃ဝဝ အထိကို ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း
၃ဝဝ ကနေ ကျပ်သိန်း ၁,ဝဝဝ အထိ ၂ဝ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁,ဝဝဝ နဲ့အထက်ကို ၃ဝ ရာခိုင်နှုန်းပေးဆောင်ဖို့ သတ်မှတ်ထား တာကြောင့် တန်ဖိုးမြင့်လေ၊ အခွန်နှုန်းများလေ ဖြစ်ပါတယ်။

ဝယ်သူအနေနဲ့ ခိုင်မာတဲ့ ပိုင်ဆိုင်မှုဖြစ်ဖို့ တရားဝင်အခွန်ဆောင်ပြီး စာချုပ် စာတမ်းလုပ်ဖို့ လိုအပ်တာကြောင့် အခွန်နှုန်းကို ကြောက်တယ်ဆိုရင်တော့ တစ်ခုတည်းသော နည်းလမ်းက အိမ်မြေမဝယ်ဖို့ပဲ ရှိပါတော့တယ်။ ဒီနေရာမှာ အခွန်နှုန်းထားသတ်မှတ်ချက်ဟာ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်မှာ
ဝယ်ယူမယ့်သူတွေအတွက် ပိုပြီးလုပ်သာကိုင်သာရှိခဲ့ပြီး လတ်တလော အခွန်သတ်မှတ်ချက်အရတော့တန်ဖိုးကြီး အိမ်မြေတွေဟာ ခပ်နှေးနှေးသာ အလုပ်ဖြစ်နိုင်ဦးမယ်လို့ အကျိုးဆောင်အများစုက သုံးသပ်ကြပါ တယ်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service