ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၇၆၀၀၀ ကျော်အထိ ဆက်လက်မြင့်တက်

ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၇၆၀၀၀ ကျော်အထိ ဆက်လက်မြင့်တက် - Property News in Myanmar from iMyanmarHouse.com
2 Feb 2017 10:17 am တွင် တင်ခဲ့သည်
1379 ကြိမ် ကြည့်ရှု့ပြီး
ဖေဖော်ဝါရီ ၁ ရက်တွင် ကမ္ဘာ့ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေး တက်ရိပ်ပြနေ
ခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၇၆၀၀၀ ကျော်သို့ ရောက်ရှိခဲ့ပြီး မွန်းလွဲပိုင်းတွင် ကျပ် ၈၇၅၀၀၀ ကျော်အ ထိ ပြန်လည် ကျဆင်း ခဲ့ကြောင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ဇန်န၀ါရီ ၃၀ ရက်တွင် ၁၁၈၉ ဒေါ်လာဝန်းကျင်ရှိသော ကမ္ဘာ့ရွှေဈေးနှုန်း သည် ဇန်န၀ါရီ ၃၁ ရက်တွင် ၁၂၁၄ ဒေါ်လာအ ထိ ရောက်ရှိခဲ့ပြီး ဖေဖော် ၀ါရီ ၁ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ၁၂၀၇ ဒေါ်လာအထိ ပြန်လည်ကျဆင်း ခဲ့သော်လည်းယခင်ရက်များနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်း မြင့်တက်နေခြင်း ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးသည် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလဆန်းမှ စတင်ကာ ဈေးနှုန်းပြန် လည် မြင့်တက်လာပြီး ဇန်န၀ါရီ ၁၂ ရက်က စပြီး ၁၂၀၀ ဒေါ်လာအ ထိ ရောက်ရှိခဲ့သည်။ ဇန်န၀ါရီ ၁၇ ရက်တွင် ၁၂၁၇ ဒေါ်လာအထိ မြင့်တက် ခဲ့ပြီးနောက် ဇန်န၀ါရီ ၂၄ ရက်တွင် ၁၂၁၈ ဒေါ်လာအထိ ရောက်ရှိပြီး ဇန်န၀ါရီ ၂၅ ရက်တွင် ၁၁၉၇ ဒေါ်လာ၊ ဇန်န၀ါရီ ၂၆ ရက်တွင် ၁၁၈၉ ဒေါ် လာ၊ ဇန်န၀ါရီ ၂၇ ရက်တွင် ၁၁၈၃ ဒေါ်လာအထိ ကျဆင်းခဲ့သည်။

ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ ပြည်တွင်းရွှေဈေးနှုန်းသည် ကျပ် ၈၇၆၀၀၀အထက်သို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။ ပြည်တွင်းရွှေဈေးနှုန်းသည် ဇန်န၀ါရီ ၂၈ နှင့် ၂၉ ရက်တို့တွင် ကျပ် ၈၆၆၀၀၀ မှ ၈၆၇၅၀၀ ၀န်းကျင် ဖြစ်ပေါ်ခဲ့ပြီး ဇန်န၀ါရီ ၃၀ ရက် နံနက်ပိုင်းတွင် ၈၇၁၄၀၀ ၀န်းကျင် အထိ ရောက်ရှိခဲ့ကာ ဇန်န၀ါရီ ၃၁ ရက်တွင် ကျပ် ၈၇၃၀၀၀ ကျော်အထိ ဆက်မြင့်ခဲ့သည်။

၂၀၁၆ ခုနှစ်အတွင်း ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့် နိုင်ငံခြားငွေလဲနှုန်း မြင့် တက်ခဲ့ခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းသည် အောက်တိုဘာ ၄ ရက်က ကျပ် ၉၀၀၂၀၀ အထိ မြင့်တက်ခဲ့ပြီး ဒီဇင်ဘာ ၂၂ ရက်နောက်ပိုင်း နိုင် ငံခြားငွေလဲနှုန်း ပြန်လည် ကျဆင်းမှုကြောင့် ရွှေဈေးပြန်ကျလာပြီး ဒီဇင်ဘာ ၂၄ ရက်တွင် ငါးလနီးပါး ကာလအတွင်း အနိမ့်ဆုံးနှုန်းအဖြစ် ကျပ် ၈၄၀၀၀၀ အောက် ပြန်ရောက်ခဲ့သည်။ ဒီဇင်ဘာ ၂၇ နောက်ပိုင်းမှ စတင် ကာ ကျပ် ၈၄၃၀၀၀ အထက် ပြန်ရောက်ခဲ့ပြီး ဇန်န၀ါရီ ၈ ရက်တွင် ကျပ် ၈၅၀၀၀၀ အထက်၊ ဇန်န၀ါရီ ၁၀ ရက်တွင် ကျပ် ၈၆၀၀၀၀ အထက် သို့ ပြန်ရောက်ခဲ့သည်။ ဇန်န၀ါရီ ၂၄ ရက်တွင် ကျပ် ၈၇၇၇၀၀ အထိ ရောက် ရှိခဲ့ပြီး ဇန်န၀ါရီ ၂၇ ရက်တွင် ကျပ် ၈၆၁၈၀၀ အထိ ပြန်လည် ကျဆင်းခဲ့ ကာ ဇန်န၀ါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ ကျပ် ၈၇၀၀၀၀ အထက်တွင် တည်ရှိနေခြင်း ဖြစ်သည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service