အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ရင်းနှီးမြှုပ်နှံသွားမည့် ဆောက်လုပ်ရေးစီမံကိန်းကြီး MIC ခွင့်ပြုမိန့်ရရှိ

အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ရင်းနှီးမြှုပ်နှံသွားမည့် ဆောက်လုပ်ရေးစီမံကိန်းကြီး MIC ခွင့်ပြုမိန့်ရရှိ - Property News in Myanmar from iMyanmarHouse.com
1 Feb 2017 10:35 am တွင် တင်ခဲ့သည်
3264 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆူးလေဘုရားလမ်းထောင့်ရှိ သမိုင်းဝင် မြန်မာ့မီးရထားရုံးချုပ်ဟောင်း နေရာတွင် အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော် ရင်းနှီးမြှုပ်နှံသွားမည့် ကြယ်ငါးပွင့်အဆင့်ရှိ Peninsula ဟိုတယ်နှင့် Landmark Development တည်ဆောက်ရေးစီမံကိန်းအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုမိန့်ရရှိခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။

Landmark Development စီမံကိန်းများအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ (၁/၂၀၁၇)ဖြင့် ဇန်န၀ါရီ ၁၃ ရက်က ခွင့်ပြုမိန့်ရရှိပြီးကြောင်းနှင့် လာမည့်ဖေဖော်ဝါရီလလယ်တွင် စီမံကိန်းစတင်ခြင်း အခမ်းအနား ကျင်းပသွားမည်ဖြစ်ကြောင်း First Myanmar Investment (FMI) မှ တာဝန်ရှိသူတဦးက ပြောသည်။

''ဇန်န၀ါရီ ၁၃ ရက်မှာ MIC ဆီကနေ ပါမစ်ရသွားပါပြီ။ ဖေဖော်ဝါရီ လလယ်လောက်မှာတော့ စီမံကိန်းနဲ့ ပတ်သက်တဲ့ အခမ်းအနားလုပ်မှာ။ ရက်ကတော့ အတိအကျမပြောနိုင်သေးဘူး။ အဲဒီအခမ်းအနားမှာ FMI နဲ့ Yoma Strategic က အစုရှယ်ယာဝင်တွေတက်မယ်ပေါ့။ တည်ဆောက်ပိုင်းကတော့ စနေပါပြီ။ ဆက်လက် ဆောင်ရွက်မယ့်အစီအစဉ်အသေးစိတ်တွေကိုတော့ ဖေဖော်ဝါရီလလယ်မှာ သတင်းထုတ်ပြန်သွားမယ်''ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Landmark Development သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ၁၉၉၈ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စတင်သော ကနဦးအငှားစာချုပ်သက်တမ်း နှစ် ၅၀ အား သက်တမ်းတိုးထားသည့် ပင်မအငှားစာချုပ် သက်တမ်းများအရ စီမံကိန်းမြေနေရာ နှစ်ခုအပေါ်တွင် တည်ရှိကြောင်း၊ အဆိုပါ ကနဦးအငှားစာချုပ် နောက်ပိုင်း ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနသည် Landmark Development စီမံကိန်းအတွက် အငှားစာချုပ်သစ်နှစ်ခုကို မြန်မာ့မီးရထားမှတဆင့် လက်မှတ်ရေးထိုးခဲ့ရာ ၎င်းတို့မှာ သက်တမ်းတိုးကာလ နှစ် ၅၀ စီရှိသည့် အဆင့်မြင့် ဘက်စုံအိမ်ရာတည်ဆောက်ရေးအတွက် မြေငှား စာချုပ်တခုနှင့် Peninsula ရန်ကုန်ဟိုတယ် ပြုပြင်မွမ်းမံတည်ဆောက်ရေးအတွက် အငှားစာချုပ်တခုတို့ ဖြစ်ကြောင်း FMI ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါစီမံကိန်းကို FMI မှ ၁၂ ရာခိုင်နှုန်း၊ Yoma Strategic Holdings မှ ၄၈ ရာခိုင်နှုန်း၊ မစ်ဆူဘီရှီကော်ပိုရေးရှင်းမှ ၃၀ ရာခိုင်နှုန်း၊ The International Finance Corporation (IFC) မှ ၅ ရာခိုင်နှုန်းနှင့် အာရှဖွံ့ဖြိုးရေးဘဏ်(ADB) မှ ၅ ရာခိုင်နှုန်းဖြင့် ပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်ပြီး Peninsula Yangon ဟိုတယ်စီမံကိန်းကို FMI မှ ၆ ရာခိုင်နှုန်း၊ Yoma Strategic မှ ၂၄ ရာခိုင်နှုန်း၊ Hongkong and Shanghai Hotels Limited မှ ၇၀ ရာခိုင်နှုန်းဖြင့် ပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။

Landmark Development စီမံကိန်းသည် Peninsula အမှတ်တံဆိတ် အဆင့်မြင့်ဇိမ်ခံလူနေအိမ်များ၊ ရုံး အဆောက်အဦတာဝါနှစ်လုံး၊ စီးပွားရေးလုပ်ငန်းဟိုတယ်တလုံး၊ ၀န်ဆောင်မှုပါရှိသော လူနေအိမ်ခန်းများ ပါဝင်သည့် စုပေါင်းအိမ်ရာတည်ဆောက်ရေးစီမံကိန်းဖြစ်ပြီး ယင်းအဆောက်အဦများကို ဈေးဝယ်စင်တာများ ဖြင့် ချိတ်ဆက်ထားမည်ဖြစ်ကြောင်းနှင့် မြန်မာ့မီးရထားရုံးချုပ်ဟောင်းကိုလည်း Yangon Peninsula Hotel အဖြစ် ရှေးမူမပျက်ပြုပြင်တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

Landmark Development တည်ဆောက်ရေးစီမံကိန်း၏ ခန့်မှန်းကြမ်းပြင်ဧရိယာမှာ စုစုပေါင်းစတုရန်းပေ ၂ ဒသမ ၄၄ သန်းခန့်ရှိပြီး ၁၀ ဧကအကျယ် အ၀န်းပေါ်တွင် စီမံကိန်းကို အကောင်အထည်ဖော်မည်ဖြစ်သည်။ ၉ ဒသမ ၅ ဧကအကျယ်အ၀န်းကို ဟိုတယ်အတွက်နှင့် ကျန်သည့်အပိုင်းများကို စီးပွားရေးလုပ်ငန်းများအတွက် ဟူ၍ လျာထားပြီး စီမံကိန်းကို ၂၀၂၀ ပြည့်နှစ်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

Credit: News Watch

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service