ယိုယွင်းနေသော ဝန်ထမ်းအိမ်ရာများ ဖျက်ပြီး ဧရာဝတီတိုင်းလွှတ်တော် တည်ဆောက်ရန်ရှိ

ယိုယွင်းနေသော ဝန်ထမ်းအိမ်ရာများ ဖျက်ပြီး ဧရာဝတီတိုင်းလွှတ်တော် တည်ဆောက်ရန်ရှိ - Property News in Myanmar from iMyanmarHouse.com
1 Feb 2017 10:24 am တွင် တင်ခဲ့သည်
1121 ကြိမ် ကြည့်ရှု့ပြီး
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ရုံးဆောက်ရန် လွှတ်တော် တည်ဆောက်မည့် ဝန်းအတွင်းရှိ တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး အိမ်နှင့် ညွန်ကြားရေးမှူး အိမ်သုံးလုံးအား ဖျက်ပြီး လွှတ်တော် ဆောက်လုပ် မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာ ယာရေး ဝန်ကြီးဦးကျော်မြင့်က မဇ္ဈိမသို့ ပြောသည်။

"ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံး ဆောက်ဖို့ တိုင်းအစိုးရကို တင်ပြ တယ်။ လွှတ်တော်က တင်ပြီး လျာထားသတ်မှတ်ထားတဲ့နေရာ သေချာ သလောက်ဖြစ်သွားပြီ။ လွှတ်တော် တည်ဆောက်မယ်။ ဝန်းထဲမှာနေတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစိုးရအဖွဲ့အတွင်းရေးမှူးဖြစ်တဲ့ တိုင်းအုပ် ချုပ်ရေးမှူးအိမ်၊ နောက်တစ်ခါ ညွန်ကြားရေးမှူးတွေနေတဲ့ အိမ်သုံး လုံးလောက် က အိမ်တွေ နှစ်ပေါင်းများစွာ တည်ဆောက်ထားတဲ့ အိမ်တွေ ဖြစ်နေတယ်”ဟု စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က မဇ္ဈိမ သို့ ပြောသည်။

အဆိုပါ ဖျက်ပစ်မည့် အိမ်နေရာများအတွက် လက်ရှိတွင် စည်ပင်ရိပ်သာ တွင် နေရာချထားသည်ဟု သိရသည်။

“ ယိုယွင်းနေတဲ့ အိမ်တွေတော့ဖျက်ပစ်ရမယ် ။ အဲဒီနေရာမှာ လွှတ်တော်ေ ဆာက် မှာဖြစ်တော့ အသစ်ရောက်လာတဲ့ တိုင်းအုပ်ချုပ်ရေးမှူး အသစ် ကို လောလောဆယ်တော့ တိုင်းအုပ်ချုပ်ရေးမှူး နေစရာအိမ် ပေးစရာမရှိလို့ စည်ပင်ရိပ်သာမှာ နေရာချထားပေးတယ်” ဟု စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်မြင့်က ရှင်းလင်းပြောသည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် တည်ဆောက်ရန် ပထမလွှတ်တော် သက်တမ်းတွင် ပုသိမ်မြို့၊ရွှေမြင်တင်ကျေးရွာတွင် ရွေးချယ်ခဲ့ပြီး၊ ယခု လွှတ်တော်သက်တမ်းတွင် တိုင်းအဆင့်ဌာနဆိုင်ရာများ အိမ်ရာတွင် လွှတ်တော်တည်ဆောက်ရန် လျာထားခဲ့ခြင်း ဖြစ်သည်။

"နောက်ပိုင်းမှာ တိုင်းအုပ်ချုပ်ရေးမှူးရော၊ အုပ်ချုပ်ရေးဌာန က ညွန်ကြားရေး မှူး အပါအဝင် ဝန်ထမ်းတွေနေဖို့ သင့်တော်တဲ့မြေနေရာရှာပြီး ဝန်ထမ်းအိမ် ရာတွေ ဆောက်လုပ်ပေးရမဲ့ အနေအထားရှိတယ်”ဟု ဝန်ထမ်းများအိမ် ရာ ဆောက်လုပ်ပေးမည်အခြေအနေအား စည်ပင်သာယာရေးဝန်ကြီး က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တည်ဆောက်ချိန် နှစ်နှစ်ကြာမြင့်နိုင်ပြီး ၅.၅ဘီလီယံခန့် ကုန်ကျခံတည်ဆောက်မည်ဖြစ်ကြောင်းသိရှိရသည်။

Credit: Mizzima

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service