၂၀၁၇ တွင် အိန္ဒိယအိမ်ခြံမြေ ကြီးကြီးမားမား အထိနာမည်

၂၀၁၇ တွင် အိန္ဒိယအိမ်ခြံမြေ ကြီးကြီးမားမား အထိနာမည် - Property News in Myanmar from iMyanmarHouse.com
1 Feb 2017 10:16 am တွင် တင်ခဲ့သည်
1423 ကြိမ် ကြည့်ရှု့ပြီး
အိန္ဒိယ၏ ငွေစက္ကူအချို့ဖျက်သိမ်းမှုသည် ယခု ၂၀၁၇ ခုနှစ် အိန္ဒိယအိမ်ခြံမြေရောင်းအားကို ပြင်းထန်စွာ အထိနာစေလိမ့်မည်ဟု ကမ္ဘာ့ထိပ်တန်း အကဲအဖြတ်လုပ်ငန်း FitchRatings ကုမ္ပဏီက ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံထုတ်ပြန်ချက်
တစ်စောင်၌ သတိပေးဖော်ပြခဲ့သည်။

လည်ပတ်နေသည့် ၁ ထောင်တန်နှင့် ၅ ရာတန် ရူပီး ငွေစက္ကူများကို ဖျက်သိမ်းရုပ်သိမ်းမှုကြောင့် ယခုနှစ်တွင် အိမ်ခြံမြေရောင်းအား
၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအကြား ထိခိုက်နစ်နာစေမည် ထိုကုမ္ပဏီက ခန့်မှန်းခဲ့ခြင်းဖြစ်သည်။

"အိမ်ရောင်းအားအဆိုးရွားဆုံးကျဆင်းမှုဟာ ၂၀၁၇ ပထမနှစ်ဝက်မှာ ဖြစ်ပွားနိုင်ပါတယ်။
ပွဲတော်ရာသီနီးကပ်လာတာကြောင့်နဲ့ ဘဏ်တွေက အိမ်ချေးငွေအတိုးနှုန်းတွေကို
လျှော့ချလာတာကြောင့် ဒုတိယနှစ်ဝက်မှာတော့ ၀ယ်လိုအား နည်းနည်းပြန်တက်လာနိုင်ပါတယ်" ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိန္ဒိယတွင် အများအားဖြင့် ငွေစက္ကူများကို အကောက်ခွန်၊ ၀င်ငွေခွန်စည်းကြပ်ရန် တင်ပြခြင်းမရှိသော ပိုင်ဆိုင်မှုအဖြစ် သိုဝှက်နေကြပြီး တရားမ၀င်ကိစ္စအများအပြားတွင် အသုံးပြုနေကြသည်။

"၀န်ကြီးချုပ် နရင်ဒြာမိုဒီရဲ့ ဒီအစီအစဉ်က အိမ်ခြံမြေ၀ယ်ယူဖို့ရာမှာ အဲ့ဒီသိုဝှက်ထားတဲ့
ငွေတွေကို အသုံးပြုဖို့ အိမ်ဝယ်လက်တွေအတွက် ပိုမိုအခက်တွေ့စေပါတယ်" ဟုလည်းFitch Ratings က ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Knight Frank ၏ သုတေသနကို ကိုးကား၍ ဖော်ပြထားသေးသည်။

အိန္ဒိယတွင် အိမ်ရောင်းအားသည် ၂၀၁၆ စတုတ္ထသုံးလပတ်တွင် ၂၀၁၅ စတုတ္ထသုံးလပတ်အောက် ၄၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ အိန္ဒိယအစိုးရက ထို၂၀၁၆စတုတ္ထသုံးလပတ်ကာလတွင် ငွေစက္ကူဖျက်သိမ်းမှုအစီအစဉ်ကို ကြေညာခဲ့ခြင်းလည်းဖြစ်သည်။ ထိုကာလအတွင်း ဈေးကွက်ထဲရောက်ရှိခဲ့သည့် အိမ်သစ်ပမာဏသည်လည်း ၆၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service