လယ်ယာမြေဥပဒေမှာ မွေးမြူရေးမြေယာအသုံးပြုနိုင်ရေး ထည့်သွင်းပြင်ဆင်

လယ်ယာမြေဥပဒေမှာ မွေးမြူရေးမြေယာအသုံးပြုနိုင်ရေး ထည့်သွင်းပြင်ဆင် - Property News in Myanmar from iMyanmarHouse.com
31 Jan 2017 10:35 am တွင် တင်ခဲ့သည်
1340 ကြိမ် ကြည့်ရှု့ပြီး
လတ်တလောပြင်ဆင်ရေးဆွဲနေတဲ့ လယ်ယာမြေဥပဒေထဲမှာ စိုက်ပျိုးမြေအတွက်သာမက မွေးမြူရေးလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ မြေယာပြဿနာတွေကို ဖြေရှင်းရာမှာ ပိုမိုအထောက်အကူပြုလာနိုင်မယ့် အချက်တွေ ထည့်သွင်းထားပါတယ်။

စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ၊ လက်ထောက်အတွင်းဝန်ဒေါက်တာ ထွန်းလွင်က ‘ဒီလယ်ယာမြေဥပဒေကို ပြင်ဆင်ဖို့ တွန်းအားပေးတဲ့အချက်တွေကတော့ အများကြီးပဲ ၊ ဒီထဲမှာ လက်ရှိဖြစ်နေတဲ့ ငါးမွေးမြူရေးလုပ်တဲ့သူတွေရဲ့ မြေယာပြဿနာတွေလို ဖြစ်မလာအောင်လဲ
ပြင်ဆင်ပေးဖို့ တင်ပြခဲ့တယ် ၊ အဓိကကတော့ စိုက်ပျိုးတဲ့ မြေယာတွေအတွက်သာမက မွေးမြူရေးလုပ်တဲ့ မြေတွေနဲ့ပါ သက်ဆိုင်အောင်ပေါ့’ လို့ ပြောပါတယ် ။

လက်ရှိမှာ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး မွေးမြူရေးလုပ်ငန်းရှင်တွေ ကြုံတွေ့နေရတဲ့ ပြဿနာကတော့ သီးနှံစိုက်ပျိုးမြေကို အခြားနည်းလမ်းနဲ့ အသုံးပြုရာမှာ ပြစ်ဒဏ်သတ်မှတ်တဲ့ အချက်ဖြစ်ပါတယ် ။

‘ဒီဥပဒေမှာ စိုက်ပျိုးမြေကို အခြားနည်းလမ်းနဲ့ အသုံးချတယ်ဆိုရင် ဒဏ်ငွေချမှတ်ရမယ်လို့ပဲပါတယ် ၊ ဘယ်လောက်ဆိုတဲ့ ငွေပမာဏက မပါဘူး ၊ ဒီတော့ ပြည်နယ် / တိုင်းအစိုးရကနေပဲ ဒဏ်ငွေချမှတ်တယ် ၊ အဲဒီမှာ များတယ် နည်းတယ်ဆိုတာတွေ ဖြစ်လာရော ၊ ဥပဒေမှာ ပါပြီးသားဆိုရင် ဘာမှပြောစရာမလိုဘူး ၊ ပြီးတော့ မွေးမြူရေးလုပ်တဲ့မြေနေရာက ဧကတွေအများကြီးလိုတယ်လေ အခြားလုပ်ငန်းတွေထက်’ လို့ ဒေါက်တာထွန်းလွင်က ပြောပါတယ် ။

ငါးမွေးမြူရေးလုပ်ငန်း အများဆုံးလုပ်ကိုင်တဲ့အထဲမှာ ပါဝင်တဲ့ ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင် တိုင်းဒေသကြီးအစိုးရက စိုက်ပျိုးမြေတွေကို မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေအတွက် ဒဏ်ငွေတစ်ဧက ကျပ် ၁၀ သိန်းနှုန်းနဲ့ သတ်မှတ်ခဲ့ပါတယ် ။ သည်ဒဏ်ငွေနဲ့ပတ်သက်ပြီး ငါးလုပ်ငန်းရှင်တွေဘက်က မကျေလည်မှုတွေလည်း ရှိနေဆဲဖြစ်ပါတယ် ။

တစ်ဧက နှစ်သိန်း

ဒေါက်တာ ထွန်းလွင်က ‘သူတို့အနေနဲ့ ဒီဒဏ်ငွေက များတယ်လို့ ပြောကြတယ် ၊ ပေးနိုင်တဲ့သူတွေရှိသလို မပေးနိုင်တဲ့သူတွေလဲ ရှိတာပေါ့ ၊ နောက်ဆုံးတော့ တစ်ဧကကို နှစ်သိန်းနှုန်းနဲ့ ပြီးသွားတယ်လို့ ကြားတယ်’ လို့ ပြောပါတယ် ။
ပဲခူးတိုင်းဒေသကြီးမှာတော့ သည်ဒဏ်ငွေနဲ့ပတ်သက်ပြီး အခုထိမဖြေရှင်းနိုင်သေးဘူးလို့ သိရပါတယ် ။ သည်
ဒဏ်ငွေပမာဏဟာ ၂၀၁၂ လယ်ယာမြေဥပဒေထဲမှာ မပါဝင်တဲ့အတွက် အခုလို မွေးမြူရေးလုပ်ငန်းရှင်တွေနဲ့ ဖြေရှင်းမှုတွေ ပြုလုပ်နေရတာဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်အစိုးရကို ဒဏ်ငွေဆုံးဖြတ်ခိုင်းတာကတော့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့က ဖြစ်တယ် ။

‘ လယ်ယာမြေဥပဒေကို ပြင်ဆင်တဲ့အခါမှာ ဒါတွေပါ ထည့်စဉ်းစားပေးဖို့ တွန်းအားပေးထားတယ် ၊ ဒီဥပဒေမှာ စိုက်ပျိုးရေးတင်မဟုတ်ဘဲ မွေးမြူရေးနဲ့ပါ သက်ဆိုင်အောင်ပေါ့ ၊ ပါမယ် မပါမယ်ဆိုတာတော့ မသိရသေးဘူး ပါမှာများမယ်လို့ပဲ ပြောနိုင်ပါတယ် ၊ ဘာလို့လဲဆိုတော့ ဒီဥပဒေကို ပြင်ဆင်ဖို့ အဓိကအကြောင်းတွေထဲမှာ ဒါလဲပါတယ်’ လို့ ဒေါက်တာထွန်းလွင်က ပြောပါတယ် ။

လက်ရှိမှာတော့ စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ ၂၀၁၂ လယ်ယာမြေဥပဒေကို ပြင်ဆင်ရေးဆွဲထားပြီး ရေနံချုပ်ရုံးကို တင်ပြထားပြီး ဖြစ်တယ် ။ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ လယ်ယာမြေဥပဒေပြင်ဆင်မှုနဲ့အတူ မြေလွတ်မြေရိုင်းဥပဒေကိုလည်း ပြင်ဆင်ရေးဆွဲနေဆဲဖြစ်ပါတယ် ။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service