မုံရွာနှင့် ရွှေဘိုတွင် အငှားအိမ်ရာလျှောက်လွှာများ စတင်ရောင်းချ

မုံရွာနှင့် ရွှေဘိုတွင် အငှားအိမ်ရာလျှောက်လွှာများ စတင်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
31 Jan 2017 9:51 am တွင် တင်ခဲ့သည်
965 ကြိမ် ကြည့်ရှု့ပြီး
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာနက မုံရွာမြို့နယ်နှင့် ရွှေဘိုမြို့နယ်များ၌ ၂၀၁၅-၂၀၁၆ ဘဏ္ဍာ ရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်း ၂၀၀၀ ဖြင့် စတင်အကောင်အထည်ဖော်ခဲ့သော ပြည်သူ့အငှားအိမ်ရာ ၁၂ခန်းတွဲ ငါးထပ် အဆောက်အအုံလေးလုံး အခန်းပေါင်း ၂၄၀ကို ဆောက်လုပ်ပြီးစီးသွားပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို မုံရွာမြို့ မြို့သစ်ရပ်ကွက်ရှိ မြေအကျယ် ၁ ဒသမ ၅ ဧကတွင် ၁၂ ခန်းတွဲ ငါးထပ် အဆောက်အအုံနှစ်လုံး အခန်းပေါင်း ၁၂၀ နှင့် ရွှေဘိုမြို့ မင်းကျောင်းကျေးရွာအုပ်စုရှိ မြေအကျယ် ၈ ဒသမ ၈၈ ဧကပေါ်တွင် ၁၂ ခန်းတွဲ ငါးထပ် အဆောက်အအုံနှစ်လုံး အခန်းပေါင်း ၁၂၀ ဖြင့် စုစုပေါင်း အခန်း ၂၄၀ တည်ဆောက်ခဲ့ခြင်းဖြစ်ကာ အိမ်ရာတစ်ခန်းချင်းစီသည် ၃၂၄ စတုရန်းပေ အကျယ်ရှိကြောင်း သိရသည်။

အိမ်ရာအခန်းများကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အိမ်ရာပိုင်မရှိသော အခြေခံလူတန်းစားများ၊ အလယ် အလတ် လူတန်းစားများ၊ တိုင်းဒေသကြီးအတွင်း အခြေချနေထိုင်ကြမည့် နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ငှား ရမ်းနေရာချထားပေးသွားမည်ဖြစ်ရာ အိမ်ရာငှားရမ်းလိုသူများအတွက် လျှောက်လွှာ များကို ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၁၀ ရက်အထိ ၁၂ ရက်ကြာ ရောင်းချပေး သွားမည်ဖြစ်သည်။

လျှောက်လွှာပုံစံများကို မုံရွာမြို့အတွက် တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးတွင် လည်းကောင်း၊ ရွှေဘိုမြို့အတွက် ရွှေဘိုမြို့နယ် မြို့ပြနှင့်အိမ်ရာဖွံ့ ဖြိုးရေး ဦးစီးဌာနရုံးတွင်လည်းကောင်း ရောင်းချသွားမည်ဖြစ်ပြီး ရောင်းချ ပြီးသော လျှောက်လွှာများကို နှစ်ပတ်အတွင်း ဖေဖော်ဝါရီ ၂၄ ရက်နောက် ဆုံးထား၍ ပြန်လည်အပ်နှံပေးမည်ဖြစ်ကြောင်း သိရသည်။

မြို့ ပြနှင့်အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာနသို့ လျှောက်ထားလာသော အငှားလျှောက်လွှာ များကို တိုင်းဒေသကြီးအစိုးရ၏ ကြီးကြပ်မှုဖြင့် လျှောက်လွှာစည်းကမ်းချက်များနှင့် အညီ စိစစ်၍ ပွင့်လင်းမြင်သာစွာ မဲစနစ်ဖြင့် ရွေးချယ်ခြင်း၊ ဘုတ်အဖွဲ့ ဖြင့် ရွေးချယ် ခြင်း၊ အခန်းနေရာချထားခြင်း၊ စာချုပ်ချုပ်ဆိုခြင်းများ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။ နေထိုင်ခွင့်ရသော ပြည်သူများသည် အိမ်လခတစ်လလျှင် ကျပ် နှစ်သောင်းနှုန်းဖြင့် ငှားရမ်းနေ ထိုင်ခွင့်ရမည်ဖြစ်ပြီး အိမ်လခများကို သက်ဆိုင်ရာ မြို့ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေး ဦးစီးဌာနသို့ လစဉ်ပုံမှန် ပေးသွင်းရမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရွှေဝင်းထံမှ သိရသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service