တိုင်းနဲ့ ပြည်နယ် ၁၅ ခုမှာ အိမ်ရာအခန်းပေါင်း ၃၆,ဝ၀ဝ ခန့် တည်ဆောက်မည်

တိုင်းနဲ့ ပြည်နယ် ၁၅ ခုမှာ အိမ်ရာအခန်းပေါင်း ၃၆,ဝ၀ဝ ခန့် တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
31 Jan 2017 9:26 am တွင် တင်ခဲ့သည်
1138 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၅ ခုမှာ ၂၀၁၆ – ၂၀၁၇ ခုနှစ်ကနေ ၂၀၂၀ – ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အထိ ငါးနှစ်စီမံကိန်းနဲ့ အိမ်ရာအခန်းပေါင်း ၃၆,ဝ၀ဝ ခန့်တည်ဆောက်ဖို့ အစီ အစဉ် ရှိတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက သိရပါတယ်။

အိမ်ရာစီမံကိန်းတည်ဆောက်ဖို့ လျာထားတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၅ ခုက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ဧရာဝတီ၊ ပဲခူး၊ မကွေး၊ မွန်၊ တနင်္သာရီ၊ စစ်ကိုင်း၊ ရှမ်း ၊ ကချင်၊ ကယား၊ ရခိုင်နဲ့ ချင်းပြည်နယ်တို့မှာ တည်ဆောက်ဖို့ စီစဉ်ထားတာဖြစ် ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ အိမ်ရာအခန်းပေါင်း ၂၀,ဝ၀ဝ ကျော်၊ မန္တလေးတိုင်းမှာ အိမ်ရာအခန်းပေါင်း ၄၀ဝ၀ ကျော်၊ နေပြည်တော်မှာ ၁၀ဝ၀ ခန့်၊ ဧရာဝတီတိုင်းမှာ အိမ်ခန်းပေါင်း ၉၀ဝ ကျော်နဲ့ ပဲခူးတိုင်းမှာ အိမ်ခန်းပေါင်း ၉၀ဝ ခန့်ကို တည်ဆောက်ဖို့ လျာထားတာဖြစ်ပါတယ်။ ငါးနှစ်စီမံကိန်း နဲ့ အိမ်ရာ တည်ဆောက်မယ့် စီမံကိန်းက တိုင်းဒေသကြီးနဲ့ ပြည်နယ် လိုအပ်ချက် နဲ့မြေရရှိမှုပေါ်မှုတည်ပြီး အိမ်ခန်းလျာထားချက်တွေပြောင်းလဲနိုင်တယ်လို့ သိရပါတယ်။

ငါးနှစ်အိမ်ရာ စီမံကိန်းထဲမှာအငှားချအိမ်ရာ၊ တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးလတ် အိမ်ရာတွေပါဝင်မယ်လို့သိရပါတယ်။ အငှားအိမ်ရာစီမံကိန်းက ပြီးခဲ့တဲ့အစိုးရလက်ထက်တည်ဆောက်ခဲ့ပေမဲ့ အိမ်ငှားခက အိမ်ခန်းတန်ဖိုးကျေဖို့အတွက် နှစ်အများကြီးစောင့်ရတာ၊ အိမ်ခန်း ပြုပြင်ထိန်းသိမ်းစရိတ်တွေရှိတာကြောင့် အငှားအိမ်ရာတည်ဆောက်ဖို့ အခက်အခဲ ရှိနေတာဖြစ်ပါတယ်။

အစိုးရသက်တမ်း ငါးနှစ်အတွင်းအိမ်ရာ စုစုပေါင်း ၁.၈သန်းခန့် အကောင်အထည်ဖော် တည်ဆောက်ဖို့ကိုတော့ ဆောက်လုပ်ရေး ဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အတည်ပြုပြောကြားထားပြီးဖြစ် ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဒီဇင်ဘာလ ၂၄ ရက်နေ့ကကျင်းပတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာဧရာဝဏ်အိမ်ရာစီမံကိန်း တစ်ခုက ပထမဆုံးဖွင့်လှစ်တဲ့အစိတ်အပိုင်းဖြစ်တဲ့ ရတနာနှင်းဆီအဆင့်မြင့်အိမ်ရာ စီမံကိန်းဖွင့်ပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

Credit: Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service