မင်္ဂလာဈေးတည်ဆောက်ရန် အဆောက်အအုံဒီဇိုင်း ပြိုင်ပွဲခေါ်ယူမှုအဆင့်သာရှိ

မင်္ဂလာဈေးတည်ဆောက်ရန် အဆောက်အအုံဒီဇိုင်း ပြိုင်ပွဲခေါ်ယူမှုအဆင့်သာရှိ - Property News in Myanmar from iMyanmarHouse.com
30 Jan 2017 11:08 am တွင် တင်ခဲ့သည်
1468 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ က ကိုင်တွယ်ထားသည့် မီးဘေးသင့် မင်္ဂလာဈေး ပြန်လည်တည်ဆောက်ရေးမှာ တစ်နှစ်ကျော် အချိန် ကြာမြင့်နေပြီဖြစ်သော်လည်း လက်ရှိတွင် အဆောက်အအုံ ဒီဇိုင်း ပြိုင်ပွဲခေါ်ယူမှုအဆင့်သာ ရှိသေးသည်။

ယခုလ အစောပိုင်းတွင် မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအသင်းက အသစ်ဆောက်လုပ်မည့်ဈေးနှင့် ဆက်စပ် အဆောက်အအုံများအတွက် စီမံကိန်းပုံစံ (Master Plan) နှင့် ဗိသုကာဒီဇိုင်း (Architectural Design) ပြိုင်ပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ကြေညာခဲ့ပြီး ယခုလ ၃၁ရက်တွင် နောက်ဆုံးလျှောက်ထားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ
ဗိသုကာပညာရှင်များအသင်းမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

၎င်းက ''ကျွန်မတို့ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ က ညွှန်ကြားမှုနဲ့ ဗိသုကာပညာရှင်များ အသင်းက နိုင်ငံပိုင်သတင်းစာများ က နေတစ်ဆင့် ဒီလအစောပိုင်းကစပြီး ခေါ်ခဲ့တာပါ။ ဒီဇိုင်းပြိုင်ပွဲကို အကြီးတန်းလိုင်စင်ရ ဗိသုကာတစ်ဦးအနေနဲ့ဖြစ်စေ သူဦးဆောင် တဲ့ အဖွဲ့လိုက်ဖြစ်စေ ဝင်ပြိုင်လို့ရပါတယ်''ဟု မြန်မာတိုင်း(မ်)ကိုပြောသည်။

ဒီဇိုင်းပြိုင်ပွဲဝင်သူများအနေဖြင့် ယခင်အဆောက်အအုံဟောင်းတွင် ပါဝင် သည့် စားသောက်ဆိုင်ခန်းများ၊ မူလဆိုင်ခန်းများအား သက်ဆိုင်ရာ အထပ် အလိုက် ထည့်သွင်းပေးရမည်ဖြစ်ပြီး အဆောက်အအုံအမြင့် သည် ပင်လယ်ရေ မျက်နှာပြင် အမြင့် ၄၁၇ ပေ ထက်မပိုရန် သတ်မှတ် ထားကာ မူလအဆောက်အအုံ၏ အချက်အလက်များကိုလည်း ပြိုင်ပွဲဝင်များကို
ပေးမည်ဖြစ်ကြောင်းသိရသည်။

''ပြိုင်ပွဲဝင်လျှောက်လွှာ ထုတ်တဲ့သူတွေကိုတော့ ကျွန်မတို့ ဒီထက်ပိုအသေး စိတ် အချက်အလက်တွေ ပြောပြထားပါတယ်။ လောလော ဆယ်တော့ လျှောက်လွှာ လာယူထားတဲ့ သူတွေတော့ တော်တော်ရှိပါ တယ်'' ဟု ၄င်းက ပြောသည်။

ပြီးခဲ့သည့်နှစ် ဇန်နဝါရီလတွင် မီးလောင်ကျွမ်းခဲ့သည့် မင်္ဂလာဈေးမှ ဆိုင်ခန်းပိုင်ရှင် ဈေးသူ၊ဈေးသားများမှာလည်း တစ်နှစ်ကျော်ကြာသည်အထိ အသစ်ပြန်လည်တည်ဆောက်မပေးဟု ဆိုကာ
ယခုလ ၉ ရက်တွင် စတင် ဆန္ဒထုတ်ဖော်မှုများလည်း ရှိခဲ့သည်။

ထို့ပြင် ဈေးသူ၊ ဈေးသားများက မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအသင်းမှ
အဆောက်အအုံဒီဇိုင်းပြိုင်ပွဲခေါ်ယူမှုကိုလည်း ပွင့်လင်းမြင်သာမှု မရှိကြောင်း ပြောသည်။

''ဒီဇိုင်းပြိုင်ပွဲခေါ်တာ လုံးဝ ပွင့်လင်းမြင်သာမှုမရှိပါဘူး။ ဘယ်နှ ထပ် ဆောက်မယ်၊ ဘယ်လောက် အတိုင်းအတာ ဆောက်မယ်ဆိုတာ ကျွန်မတို့ မသိရဘူး။ ဆိုင်ခန်းတွေခြောက်ပေ ပတ်လည် အနည်း ဆုံးပြန်ရမယ်လို့ပဲ သိရတယ်။ တကယ်ဆို ဈေးသူ၊ ဈေးသားကို ချပြရ မှာပါ။ အခုက ဘာမှမပြောဘဲ လုပ်ချင်တာကို လုပ်နေတာပဲလို့မြင်ပါတယ်'' ဟု
မင်္ဂလာဈေးဆိုင်ခန်းပိုင်ရှင်တစ်ဦးဖြစ်သူ မဒါလီမြင့်က ပြောသည်။

မီးဘေးသင့်ခဲ့သည့် မင်္ဂလာဈေးမှ ဆိုင်ခန်းပိုင်ရှင်များကို ယာ ယီဈေးအဖြစ် နေရာချထားပေးသော်လည်း ၄င်းတို့ အနေဖြင့် အဆင်မပြေမှုများရှိကာ ဈေးသစ်ကို အမြန်တည်ဆောက်ရန်သာ
လိုအပ်ကြောင်း ပြောသည်။

''ဈေးသူ၊ ဈေးသားဆိုတာက နှစ်ကြာလေ ကိုယ်က ဒုက္ခရောက်ေ လ၊ ဈေးကွက် ပျက်လေပါ။ မင်္ဂလာဈေးဆိုတဲ့ နာမည်တစ်ခု ကို နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရတာ။ ဝယ်တဲ့သူတွေကလည်း အားကိုးခဲ့တာ အခုက တစ်နှစ်ကြာလာတဲ့ အခါမှာ ဈေးခေါင်းကွဲလာပြီ။ ပြီးတော့ ကျွန်မတို့ ယာယီရတဲ့ နေရာ က ငါးလွှာမှာ လူအလာနည်းတဲ့နေရာမှာဆိုတော့ ရောင်းလို့ အဆင်ပြေ မယ့်နေရာမှာ ငှားရတာ ငှားခတွေက အရမ်းဈေးကြီးပါတယ်။ အရင်က ဆိုင်ခန်းပိုင်ရှင်ဘဝကနေ အခု အငှားဘဝ ရောက်နေရပါတယ်''ဟု မဒါလီမြင့်က ပြောသည်။

စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှလည်း အဆောက်အအုံ ဒီဇိုင်းပြိုင်ပွဲခေါ်ယူမှု အဆင့်သာ ရှိသေးသည့်အတွက် အဆောက်အအုံ တည်ဆောက်မည့် ကုမ္ပဏီတင်ဒါ ခေါ်ယူမှု အခြေအနေနှင့် တည်ဆောက် မည့် အချိန်တို့ကို တိတိကျကျ မသိသေးကြောင်း ဌာနမှူး ဦးစံရွှေထွန်းက
ပြောသည်။

''အခုက ဒီဇိုင်းပြိုင်ပွဲခေါ်တဲ့အဆင့်ပဲ ရှိသေးတယ်။ ဆောက်ဖို့ တင်ဒါခေါ်တာတွေတော့ ကျွန်တော်တို့လည်းသေသေချာချာ မသိသေးပါဘူး''ဟု ၄င်းက ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ ဌာန (အဆောက်အအုံ) မှ ကုမ္ပဏီတစ်ခု အား တင်ဒါစနစ်ဖြင့် ရွေးချယ်ခဲ့ပြီး မီးဘေးသင့် အဆောက်အအုံကို ပြန်လည်ဖြိုဖျက်ခဲ့ရာ ယခုလ ၁၅ ရက် တွင် ပြီးစီးခဲ့ကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မင်္ဂလာဈေးအဆောက်အအုံ မီးလောင်မှုတွင် အဆောက်အအုံရှိ ဆိုင်ခန်းပေါင်း ၁,၆၃ဝ ကျော်ခန့် မီးလောင်ကျွမ်းပျက်စီးခဲ့သည်။


Credit: Myanmar Times
မင်္ဂလာဈေးတည်ဆောက်ရန် အဆောက်အအုံဒီဇိုင်း ပြိုင်ပွဲခေါ်ယူမှုအဆင့်သာရှိ - Property News in Myanmar from iMyanmarHouse.com
မင်္ဂလာဈေးတည်ဆောက်ရန် အဆောက်အအုံဒီဇိုင်း ပြိုင်ပွဲခေါ်ယူမှုအဆင့်သာရှိ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service