တောင်ကြီးမြို့ အ ရှေ့တောင်ဘက်ရှိ ရွှေမောင်း တောင် တစ်ကြောတွင် ကျူးကျော် အိမ်ရာအကွက် ဖော်ဆောင်နေ မှုများ မပြုလုပ်ရန် ရှမ်းပြည် နယ်အစိုးရက ဆိုင်းဘုတ်များဖြင့် သတိပေးကြေညာထားကြောင်း သတင်းရရှိသည်။
ရွှေမောင်းတောင်တစ်ကြော တွင် အိမ်ရာအကွက်ရိုက်ခြင်း၊ နေအိမ်များ ကျူးကျော်တည် ဆောက်ခြင်းများပြုလုပ်နေ၍ တောင်ကြီးမြို့နယ် စည်ပင်သာ ယာရေးဌာန၊ မြို့နယ်ထွေအုပ်နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဇန်န၀ါရီ ၂၅ ရက်က စတင်ကာ သတိပေးတားမြစ်ဆိုင်း ဘုတ်များ လိုက်လံ စိုက်ထူခဲ့ သည်ဟုတောင် ကြီး စည်ပင်သာယာရေးဌာန တာဝန်ရှိသူတစ်ဦး က ပြော သည်။
‘‘ရှမ်းပြည်နယ်အစိုးရအဖွဲ့ က ကျူးကျော်တွေရှင်းလင်းဖို့ ကက်ဘိနက် အစည်းအဝေး ဆုံး ဖြတ်ချက်အရ အဖွဲ့ဖွဲ့ပြီးတော့ မြို့နယ်သက်ဆိုင်ရာ ဌာနတွေကို တာဝန်ပေးထားပြီးပါပြီ။ ဒါကို အ များပြည်သူတွေကို အသိပေး တဲ့ အနေနဲ့ သတိပေးစာတွေ လိုက် ကပ်တာဖြစ်တယ်’’ဟုတောင်ကြီး စည်ပင်သာယာရေးဌာန တာဝန် ရှိသူတစ်ဦးကပြောသည်။
ရွှေမောင်းတောင် ကျူး ကျော်အိမ်ရာအကွက်များအနီး တွင် ‘အစိုးရ ပိုင်မြေဖြစ်သည်၊ မည်သူမျှ မကျူးကျော်ရ၊ တည်ဆဲ ဥပဒေအရ အရေး ယူခြင်းခံရမည်’ ဟူသည့် စာသားများရေသားထား သည့် အနီရောင် ဆိုင်းဘုတ်များ လိုက်လံစိုက်ထူထားခြင်းဖြစ် သည်။
‘‘ဒါတွေကို ကျူးကျော် ဆောက်လုပ်နေတာကြာပါပြီ။ အစည်းအဝေးတိုင်းလည်း ကျွန် တော်တို့ဘက်ကနေ မေးပါတယ်။ အခု ရှမ်းပြည်နယ် အစိုးရအဖွဲ့က ပြည်သူ့အသံကိုနားထောင်ပြီး လုပ်ဆောင်ပေးတယ်လို့မြင်တယ်’’ ဟု ကျူးကျော်အိမ်ရာကွက်များကို အစဉ်တစိုက် ကန့်ကွက်လှုပ်ရှား မှုပြုလုပ်နေသည့် တရားဥပဒေ စိုးမိုးရေးကွန်ရက်အဖွဲ့မှ ဦးဝင်း နိုင်စိုးကပြော သည်။
ရွှေမောင်းတောင် တစ် လျှောက် မြေယာအကွက်များ ဖော်ဆောင်ခြင်း၊ ကျူးကျော်နေ ရာယူခြင်း၊ ရောင်းချခြင်းတို့ကို စီး ပွားရေးသမားအချို့က ၂၀၁၅ မ တိုင်မီကတည်းကလုပ်ဆောင်နေ ခြင်းဖြစ်သည်ဟု ဦးဝင်းနိုင်စိုးက ဆိုသည်။အိမ်ရာကွက်များ မကျူး ကျော်ရန် တားမြစ်မှုနှင့်ပတ်သက် ၍ ဇန်န၀ါရီ ၂၇ ရက်ညနေအထိ စာဖြင့် တရားဝင်အကြောင်းကြား စာပေးပို့ခြင်းမရှိသေးကြောင်း ရွှေ မောင်းတောင် အိမ်ရာမြေကွက် အတွင်းနေထိုင်သူအချို့က ပြော ကြားသည်။
Credit: 7DayDaily