မုံရွာနှင့် ရွှေဘိုမြို့ရှိ ပြည်သူ့အငှားအိမ်ရာများတွင်နေထိုင်ခွင့်စတင်လျှောက်နိုင်

မုံရွာနှင့် ရွှေဘိုမြို့ရှိ ပြည်သူ့အငှားအိမ်ရာများတွင်နေထိုင်ခွင့်စတင်လျှောက်နိုင် - Property News in Myanmar from iMyanmarHouse.com
30 Jan 2017 10:04 am တွင် တင်ခဲ့သည်
1175 ကြိမ် ကြည့်ရှု့ပြီး
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နှင့် ရွှေဘိုမြို့တို့တွင် ဆောက်လုပ် ပြီးစီးထားသော ပြည်သူ့အငှားအိမ်ရာများ တွင် နေထိုင်လိုသူများ
အနေဖြင့် လျှောက် လွှာများကို ဇန်န၀ါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၁၀ ရက်အထိ သက်ဆိုင်ရာမြို့နယ်များရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနများ
၌ လျှောက်လွှာများ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

ပြည်သူ့အငှားအိမ်ရာများသည် အ ဆောက်အအုံတစ်လုံးလျှင် ၁၂ ခန်းတွဲ ငါး ထပ် အခန်းပေါင်း ၆၀ စီပါဝင်ပြီး မုံရွာမြို့ မြို့သစ်ရပ်ကွက်တွင် နှစ်လုံး၊
ရွှေဘိုမြို့ မင်း ရွာအုပ်စုတွင် နှစ်လုံး ပြည်ထောင်စုမှ ထောက်
ပံ့ရန်ပုံငွေ ကျပ်သန်းနှစ်ထောင်ဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။

အဆိုပါအိမ်ရာအခန်းများတွင် နေထိုင် လိုသူများသည် သက်ဆိုင်
ရာမြို့နယ်အတွင်း အနည်းဆုံး တစ်နှစ်ကြာနေထိုင်ပြီးသူ၊ အတူနေ မိသားစု နှစ်ဦးရှိသူ၊ မြေယာပိုင်ဆိုင်ခြင်းမရှိ ဘဲ လက်ရှိအိမ်ငှားနေထိုင်နေသူ၊ မိသားစု လစဉ်ဝင်ငွေ အနည်းဆုံး ကျပ်နှစ်သိန်းနှင့် အများဆုံးကျပ်သုံးသိန်း ထက်မကျော်သော ၀င်ငွေရှိသူတို့ လျှောက်ထားနိုင်သည်။

""အခန်းခ တစ်လ ကျပ်နှစ်သောင်းနဲ့ နေခွင့်ပေးမှာပါ။ အခန်းတိုင်း ရေ၊ မီး၊ အိမ် သာ အစုံပါတယ်။ လျှောက်လွှာကို စိစစ် ရေးအဖွဲ့က မြေပြင်ကွင်း
ဆင်းလေ့လာပြီး ပွင့်လင်းမြင်သာစွာ မဲစနစ်နဲ့ရွေးပြီး နေခွင့် ပေးမှာပါ။ ငါးနှစ်နေထိုင်အပြီးမှာ နေထိုင် သူရဲ့ တိုးတက်မှုကိုကြည့်ပြီး ဆက်ငှားသင့်၊ မငှားသင့် ပြန်ရွေးမှာပါ""ဟု စစ်ကိုင်းတိုင်းဒေသ ကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရွှေဝင်းက ပြောသည်။

အငှားအိမ်ရာများကို ၀င်ငွေနည်း၊ အလယ် အလတ်တန်းစား ပြည်သူများ၊ စစ်ကိုင်း တိုင်းအတွင်း အခြေချနေမည့် နိုင်ငံ့ဝန်ထမ်း များ၊ အငြိမ်းစားဝန်
ထမ်းများကို ထားရှိ သွားမည်ဖြစ်သည်။ မုံရွာမြို့မှ လျှောက်ထား လိုသူများသည် နန္ဒ၀န်ရပ် တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး
ဦးစီးဌာနတွင် လည်းကောင်း၊ ရွှေဘိုမြို့နေထိုင်သူများ သည် ရွှေဘိုမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနတို့တွင် လျှောက်လွှာများထုတ်ယူနိုင် ကြောင်း သိရသည်။

Credit: Democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service