အမေရိကန်-မက္ကဆီကိုနယ်စပ်တွင် နယ်ခြားတံတိုင်းတည်ဆောက်ရန် ဒေါ်နယ်ထရမ့်အမိန့်ပေးပြီ

အမေရိကန်-မက္ကဆီကိုနယ်စပ်တွင် နယ်ခြားတံတိုင်းတည်ဆောက်ရန် ဒေါ်နယ်ထရမ့်အမိန့်ပေးပြီ - Property News in Myanmar from iMyanmarHouse.com
27 Jan 2017 11:34 am တွင် တင်ခဲ့သည်
887 ကြိမ် ကြည့်ရှု့ပြီး
ဒေါ်နယ်ထရမ့်သည် အမေရိကန်၏ ၄၅ ဆက်မြောက်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ရွေးကောက်ပွဲကတိကဝတ်ကို အကောင်အထည်ဖော်သည့် ပထမဆုံးခြေလှမ်းအနေဖြင့် မက္ကဆီကိုနယ်စပ်တွင် တံတိုင်းတည်ဆောက်ရန် အမိန့်ထုတ်လိုက်ပြီ ဖြစ်ကြောင်း စီအင်န်အင်န်သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ထို့အပြင် တရားမဝင်နိုင်ငံသားများကိုလည်း နေရပ်သို့ပြန်ပို့ရန် အရှိန်မြှင့်လုပ်ဆောင်သွားမည်ဟု ဆိုသည်။
ဒေါ်နယ်ထရမ့်သည် နယ်စပ်စည်းရိုးတည်ဆောက်ရန်
အမိန့်နှင့်အတူ နယ်ခြားစောင့်တပ်နှင့် လူဝင်မှုကြီးကြပ်ရေးအရာရှိ အင်အား တိုးမြှင့်ရန် အမိန့်နှစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

“ဒီနေ့ကစပြီး အမေရိကန်ပြည်ထောင်စုဟာ သူ့ရဲ့ နယ်စပ်တွေကို ပြန်ပြီးထိန်းချုပ်ပါပြီ” ဟု ထရမ့်က ဝါရှင်တန်ရှိ အမိမြေလုံခြုံရေးဌာန တွင် ပြောကြားသည်။
ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ထရမ့်ပြောကြားခဲ့ဖူးသည်မှာ နယ်စပ်ထိန်းချုပ်ရေးနှင့် လူဝင်မှုကဏ္ဍ ပြုပြင်ပြောင်းလဲရေးတို့အတွက် ကွန်ဂရက်တွင် ဥပဒေပြဌာန်းရန် မလိုအပ်ကြောင်း၊ ၎င်းအနေဖြင့် ရှိပြီးဖြစ်သော စနစ်၊ မူဘောင်အတွင်းမှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။

“ကျွန်တော်တို့အတွက် ဥပဒေသစ်တွေ မလိုပါဘူး” ဟု အမိန့်နှစ်ရပ်ကို လက်မှတ်ရေးထိုးပြီးချိန်တွင် ဒေါ်နယ်ထရမ့်က ပြောကြားသည်။
နယ်ခြားစောင့်တပ်များတွင် အင်အား ၅၀၀၀ နှင့် လူဝင်မှုကြီးကြပ်ရေးတွင် အင်အား ၁၀၀၀၀ အင်အားဖြည့်တင်းခြင်းဖြင့် တရားမဝင်နေထိုင်သူများ မူရင်းနေရပ်သို့ ပြန်လည်ပို့ဆောင်ရေးတွင် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ထရမ့်က ဆိုသည်။

နယ်ခြားတံတိုင်းကို ပြည်ထောင်စုရန်ပုံငွေဖြင့် သုံးစွဲတည်ဆောက်သွားမည်ဖြစ်ပြီး မက္ကဆီကို၏ ကျခံထည့်ဝင်မှုရရှိရန်လည်း ကြိုးပမ်းသွားမည်ဟု ဒေါ်နယ်ထရမ့်က ပြောကြားသည်။
မက္ကဆီကိုသမ္မတကမူနယ်ခြားတံတိုင်းတည်ဆောက်မှုတွင် ငွေကြေးထည့်ဝင်မည်မဟုတ်ကြောင်း ထုတ်ပြောထားသည်။

ထရမ့်က မက္ကဆီကိုနှင့် ညှိနှိုင်းဆွေးနွေးမှုများ မကြာမီ ပြုလုပ်သွားမည်ဖြစ်ပြီး တံတိုင်းတည်ဆောက်မှုကို လပိုင်းအတွင်း အကောင်အထည်ဖော်သွားမည်ဟု ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service