ရန်ကုန်တွင် တရားမဝင် နိုင်ငံခြားသား အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူ ပိုမိုများပြားလာဟုဆို

ရန်ကုန်တွင် တရားမဝင် နိုင်ငံခြားသား အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူ ပိုမိုများပြားလာဟုဆို - Property News in Myanmar from iMyanmarHouse.com
27 Jan 2017 11:10 am တွင် တင်ခဲ့သည်
1368 ကြိမ် ကြည့်ရှု့ပြီး
တရားမဝင် နိုင်ငံခြား အိမ်ခြံမြေ အကျိုးဆောင်အရေ အတွက် ပိုမိုများပြားလာကြောင်း ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေ လုပ်ငန်းရှင်များအသင်းမှ သတင်းရရှိသည်။

နောက်ဆုံး ကောက်ခံထား သော စာရင်းများအရ တရားမဝင် လာရောက် လုပ်ကိုင်သည့် နိုင်ငံ ခြားသား အိမ်ခြံမြေအကျိုးဆောင် အရေအတွက်သည် ရန်ကုန်တစ် မြို့လုံးတွင် ၄၀ ကျော်ရှိကြောင်း အဆိုပါ အသင်းဥက္ကဋ္ဌ ဦးစိုင်းခွန် နောင်က ပြောသည်။

၎င်းတို့ကို အရေးယူနိုင်ရန် အိမ်ခြံမြေ ဝန်ဆောင်မှုဆိုင်ရာ ဥပဒေ ကြမ်း ပေါ်ပေါက်လာမှသာ အရေးယူနိုင်မည့် အခြေအနေရှိ ကြောင်း ၎င်းက ပြောသည်။

အဆိုပါဥပဒေကြမ်းသည် လက်ရှိ၌ လွှတ်တော်သို့ရောက်ရှိ နေပြီဖြစ်ကာ ယခုနှစ်အတွင်း အတည်ပြုပြဋ္ဌာန်းနိုင်မည့် အခြေ အနေများရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

တရားမဝင် လုပ်ကိုင်နေ သည့် နိုင်ငံခြား အိမ်ခြံမြေအကျိုး ဆောင်အများ စုသည် တရုတ်၊ထိုင်းနှင့် ဗီယက်နမ်နိုင်ငံသားများ က လိုင်စင်မရှိဘဲ လုပ်ကိုင်နေခြင်း ဖြစ်သောကြောင့် ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီး ဌာနက စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

‘‘တချို့က ဝန်ထမ်းလေး နှစ်ယောက်၊ သုံးယောက်နဲ့ အိမ်မှာ ဆိုင်း ဘုတ်လေးထောင်ပြီး လုပ်ကြတယ်။ တချို့ကလည်း အိမ်က နေ ကွန် ပျူတာလေးနဲ့ အရောင်း အဝယ်လုပ်နေတဲ့သူတွေလည်း အများကြီး ရှိတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်က ပြောသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအ ရ နိုင်ငံခြားသားက ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံပါက နိုင်ငံသားတစ်ဦးနှင့် ပူးပေါင်းလုပ်ကိုင် ရမည်ဟု သတ်မှတ်ထားသည်။

ရန်ကုန်မြို့တွင် တရားဝင် လုပ်ငန်းဗီဇာ (Business Visa) ဖြင့် လာရောက်လုပ်ကိုင်နေသော နိုင်ငံခြားသား ၄,၀၀၀ ကျော်ရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

စက်တင်ဘာလကုန်က ကောက်ယူထားသော စာရင်းများ အရ လုပ်ငန်းဗီဇာဖြင့် လာရောက် သော နိုင်ငံခြားသား အရေအ တွက် မြင့်တက်လာကြောင်း အလုပ်သမားရေးရာနှင့် ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဦးဇော်အေးမောင်က ပြောသည်။

နိုင်ငံခြားသား လုပ်ငန်းရှင် များ အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီး မြှုပ်နှံ ထားမှုသည် ဒီဇင်ဘာအထိ တရားဝင်စာရင်းများအရ ၃၅ ခုရှိ ပြီး ၎င်းတို့ကို လိုက်လံစစ်ဆေးရန် အခက်အခဲများရှိကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြား မှုဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောကြားထားသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service