မန္တလေးမြို့တော်စည်ပင်က ကမ်းနားလမ်းတစ်လျှောက် ကျူးကျော်နေထိုင်သူများကို စတင်ရှင်းလင်းဖယ်ရှား

မန္တလေးမြို့တော်စည်ပင်က ကမ်းနားလမ်းတစ်လျှောက် ကျူးကျော်နေထိုင်သူများကို စတင်ရှင်းလင်းဖယ်ရှား - Property News in Myanmar from iMyanmarHouse.com
27 Jan 2017 10:49 am တွင် တင်ခဲ့သည်
1089 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးမြို့၊ ကမ်းနားလမ်းတစ်လျှောက် ၅ မြို့နယ်အတွင်း ကျူးကျော်နေထိုင်သူများကို ဇန်နဝါရီလ ၂၇ ရက်နေ့ နောက်ဆုံးထား အပြီးဖယ်ရှားသွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနမှူး ဦးဝင်းမောင်က မဇ္ဈိမကို ပြောသည်။

"ကျွန်တော်တို့ နို့တစ်ပေးပြီးသားပါ။ ကမ်းနားတစ်လျှောက် ၅ မြို့နယ်မှာ ကျူးကျော်နေတဲ့သူတွေကို တစ်ချိန်တည်း ရှင်းနေပါတယ်"ဟု ဦးဝင်းမောင် က ပြောသည်။

ကမ်းနားလမ်းတစ်လျှောက်ရှိ ချမ်းမြသာစည်၊ ချမ်းအေးသာစံ၊ အောင်မြေ သာစံ၊ မဟာအောင်မြေ၊ အမရပူရမြို့နယ်အတွင်း ကျူးကျော်နေထိုင်သူများကို ဖယ်ရှားပေးရန်အတွက် ဇန်နဝါရီလ ၂၄ ရက်မှစတင်၍ အကြောင်းကြားစာ များ ပေးဝေးထားပြီးဖြစ်ကာ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် အဆိုပါနေ ရာမှကျူးကျော်နေထိုင်သူ ၂၄၆ အိမ်ကရှင်းလင်းထားပြီး ၂၇ ရက်နေ့အပြီး ရှင်းလင်းဖယ်ရှားသွားမည်ဖြစ်ကြောင်း သိရသည်။

ဖယ်ရှားခံရသူ ဦးရှု့မောင်က "ဖျက်ပေးတာတော့ ဖျက်ပေးပြီးပြီ။ ဘယ်မှာ သွားနေရမယ် မသိဘူး။ ပေးတဲ့ရက်ကနည်းတော့ နေဖို့ခက်နေ တယ်"ဟု ပြောသည်။

ဖယ်ရှားခံထားရသူ နောက်တစ်ဦးဖြစ်သည့် ကိုအေးကိုကလည်း "လမ်းနဲ့ လည်း လွတ်တယ်။ တဲသေးသေးလေးထိုးပြီး နေစရာမရှိလို့နေတာပါ။ အခုလို ချက်ချင်းကြီး ဖယ်ခိုင်းတော့ ကလေးတွေနဲ့ ဒုက္ခရောက်တာပေါ့" ဟု ပြောသည်။

အဆိုပါနေရာတွင် ရှစ်နှစ်ခန့်နေထိုင်လာသူ ဒေါ်တိုးတိုးက "ဖယ်ခိုင်း လိုက်တော့ ငိုချင်တယ်။ စုပြီးဆောင်းပြီးသားလည်း မရှိဘူး။ သင့်တော် တဲ့နေရာလေး ဆက်နေခွင့်ပေးရင်တော့ ကောင်းတယ်"ဟု ပြောသည်။

အဆိုပါကမ်းနားလမ်းတစ်လျှောက်နေထိုင်သူများကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ၂၀၁၆ခုနှစ်က အငှားအိမ်ရာများ တည်ဆောက်ပြီး ရှင်းလင်းခဲ့သော်လည်း ဆက်လက်နေထိုင် သူများ ရှိနေခြင်းကြောင့် ယခုလိုကျူးကျော်နေထိုင်သူများကို ရှင်းလင်းခြင်းဖြစ်သည် ဟု အခွန်ဌာနမှူး ဦးဝင်းမောင်က ဆိုသည်။

Credit: Mizzima

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service