အိမ်တွေတိုက်ခန်းတွေကို လက်တွေ့ငှားတဲ့ အချိန်မှာ အပြောတစ်မျိုး အလုပ်တစ် မျိုးဖြစ်နေတာတွေက အခုဆိုပိုပြီး များပြားလာတာကို တွေ့ရပါ တယ်။
‘အများဆုံးကတော့ ခွေး၊ ကြောင်ပေါ့နော်၊ အဲဒီလိုကောင် တွေကို မမွေးရ ဘူးပေါ့နော်၊ အစ်မ တို့က ချစ်တော့ မွေးချင်တယ်၊ စရန်ချကတည်းက တစ်ခါထဲ ပြောသင့်တယ်၊ စာချုပ်ချုပ်တော့မယ် ဆိုမှမရဘူးပြောတော့ စရန်ပြန် တောင်းကြည့်တယ်၊ သူတို့က တစ်ဝက်ပဲ ပြန်ပေးနိုင်မယ် ပြော တယ်၊ ပြီးတော့ စာချုပ်မှာ ထည့်ရေးရ မယ်လေ၊ တိရိစ္ဆာန်မွေးလို မရဘူးဆိုရင်လဲ အခုဟာကကျတော့ နှုတ်ကနေ ပဲ ကြောင်တွေ ခွေးတွေ ပါရင် မငှားဘူးဆိုပြီး ပြောတာဆို တော့ ဘယ်လိုမှလဲ လုပ်လို့ မရ ဘူး၊ ပိုက်ဆံ ပြန်တောင်းတော့လဲ တစ်ဝက်ပဲ ရနိုင်မယ်ဆိုတော့ ဘယ်လိုမှ လုပ်လို့ မရတော့ဘူး” လို့ သုဝဏ္ဏမှာအိမ်ငှားနေထိုင်သူ တစ်ဦးဖြစ်သူ မဇီဇဝါက ပြောပါတယ်။
ရောင်းတဲ့အခါမှာ ပြဿနာ မ ရှိပေမဲ့ ငှားကြတဲ့အခါမှာ ပြဿနာ ရှိနေတာ ဖြစ်ပါ တယ်။ အိမ်ငှားဖို့ အိမ်လိုက်ရှာတဲ့အခါမှာ အိမ်ပိုင်ရှင်တွေက ဘယ်လို အ ချက်တွေကို လိုက်နာရမယ်ဆိုတာကို ကြိုပြောပြပြီး ငှားလေ့မရှိဘဲ စရန်ကို သာ အရင်ချခိုင်းတတ်ကြပါတယ်။ စာ ချုပ်ချုပ်တဲ့နေ့မှ စာချုပ်ထဲမှာ လိုက်နာ သင့်တဲ့ စည်းကမ်းချက်တွေကို စာချုပ်ထဲ ထည့်မရေးဘဲ နှုတ် နဲ့ ပြောတတ် တာ ဖြစ်ပါတယ်။
သုဝဏ္ဏက အိမ်ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဒေါ်သီတာမြင့်ကလည်း “အမှန်တော့ အိမ်စငှားဖို့ လာစုံစမ်း တယ်ဆိုကတည်းက ပိုင်ရှင်ဘက်က ဘယ်လို အ ချက်တွေ ထုတ်ထားလည်း ဆိုတာကို မေးရမယ်၊ မမေးရင်တောင် ပိုင်ရှင် က ပြောပြရမှာ စရန်အရင်ချသွားတယ်ဆိုရင်တော့ ငှားတဲ့ သူဘက်က ရှုံးတာပေါ့ ၊ ဘာလို့လဲဆိုတော့ ပိုင်ရှင်တွေကလဲ တကယ် ငှားမယ့်လူ ထင်ပြီး နောက် လူလာရင် မရတော့ပါဘူးဆို ပြောတတ်တယ်၊ စရန်ချသွား တာကို ပြီးတော့မှ မငှားတော့ဘူးဆိုရင် ပိုင်ရှင်တွေအနေနဲ့က နောက်ထပ် လူဘယ်ချိန်လာမယ်မှန်းမသိတော့တဲ့အတွက် တစ်ဝက်ပဲပြန်ပေး တာပါ”လို့ ပြောပါတယ်။
အိမ်ရှင်တွေ၊ အိမ်ငှားတွေ အခုလတ်တလောဖြစ်နေတဲ့ ပြ ဿနာတွေ အများစု ကတော့ လိုက်နာရမယ့် စည်းကမ်းတွေ ကြို မပြောတာတွေ၊ စရန်ကို အရင် ချခိုင်းပြီး အချင်းချင်းသဘောထား မတိုက်ဆိုင်ရင် စရန်ငွေကို အပြည့်ပြန် မပေးဘဲ တစ်ဝက် ပြန်ပေးတာတွေအပြင် အိမ်အငှားလစာကို ထပ်တိုး ပြီး တောင်းလာကြတာတွေပဲ ဖြစ်ပါတယ်။
Credit: Kumudra