အခွန်ချိန်ခွင်လျှာ နှင့် ဖွံ့ဖြိုးတိုးတက်မှု အားပြိုင်ချိန်

အခွန်ချိန်ခွင်လျှာ နှင့် ဖွံ့ဖြိုးတိုးတက်မှု အားပြိုင်ချိန် - Property News in Myanmar from iMyanmarHouse.com
27 Jan 2017 10:06 am တွင် တင်ခဲ့သည်
1441 ကြိမ် ကြည့်ရှု့ပြီး
အခွန်ကောက်ခံမှု ပုံသဏ္ဍာန်တွေ ၊ အခွန်ဆွေးနွေးမှုတွေ ၊ လျှော့ချပေးဖို့ တင်ပြတောင်းဆိုတာတွေ အခုရက်ပိုင်းအတွင်းမှာ အသင်းအဖွဲ့ တွေ လုပ်ငန်းရှင်တွေ အကြားမှာ ခပ်စိပ်စိပ် ကြားနေရပါတယ် ။

ကမ္ဘာနိုင်ငံအများစု က အစိုးရ တွေ အနေနဲ့လည်း စီးပွားရေးလုပ်ငန်းတွေ ပြည်သူတွေဆီက ကောက်ခံရတဲ့ အခွန်ဝင်ငွေတွေနဲဘဲ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ ၊ စီမံခန့်ခွဲအုပ်ချုပ်ရေး လုပ်ငန်းတွေ ၊ ကာကွယ်ရေးလုပ်ငန်းတွေကို လုပ်ကိုင်စီမံရပါတယ် ။

ဖွံဖြိုးပြီး နိုင်ငံတွေ မှာ ကောက်နေတဲ့ အခွန်နှုန်းထားနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ကောက်နေတဲ့ အခွန်နှုန်းထားကလည်း မတူညီကြပါဘူး ၊ တစ်ဖက်မှာလည်း အင်အားထုထည် ကြီးမားတဲ့ စီးပွားရေး စနစ်ကောင်းရှိတဲ့ အမေရိကန် ပြည်ထောင်စုလို ဂျပန် လိုနိုင်ငံမျိုးမှာ အခွန်ကို ရာခိုင်နှုန်း နည်းနည်းလေး ကောက်တာနဲ့ တင် ဒေါ်လာဘီလီလျံ များစွာ ၀င်ငွေ ရရှိပါတယ် ၊ စီးပွားရေး အင်အား နည်းပါးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ တွေမှာတော့ အခွန်ကို ရာခိုင်နှုန်းနည်းနည်း ဘဲ ကောက်ရင် နိုင်ငံအစိုးရတွေ အနေနဲ့ ဘာမှ အလုပ်ဆက်လုပ်လို့ မရပါဘူး ။

နိုင်ငံတော်လည်း အခွန်ဘဏ္ဍာရ ၊ လုပ်ငန်းရှင်တွေလည်း လုပ်သာကိုင်သာ ရှိတဲ့ အခွန်စနစ်သစ် အကောင်အထည်ဖော်နိုင်တဲ့ နိုင်ငံတွေ အနေနဲ့ မိမိဖြစ်စေချင်တဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ စီးပွားရေး မော်ဒယ်ပေါ်မူတည်ပြီး အခွန်ကောက်ခံမှု ပုံသဏ္ဍာန်ကို ကဏ္ဍ တစ်ခုနဲ့ တစ်ခုတောင် မတူကြပါဘူး ။ ခွဲခြားကောက်ခံကြပါတယ် ၊ တိုးတက်ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ ကဏ္ဍ အတွက်ဆိုရင် အထူးသီးသန့် လျှော့ချကောက်ခံတာတွေ ၊ အခွန်မကောက်တော့တာ တွေ အထိ လုပ်ပေးပါတယ် ။

ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ အခုတလော တင်ပြတောင်းဆိုနေတာကတော့ ၀င်ငွေရလမ်းပြနိုင်ခြင်း မရှိရင် ၀င်ငွေခွန် ၃၀ ရာခိုင်နှုန်းဆောင်ရမယ့် ကိစ္စကို လျှော့ပေါ့ပေးဖို့ ဆွေးနွေးတင်ပြလာတာ ရှိပါတယ် ၊ ပြည်ထောင်စု အခွန်အကောက် ဥပဒေ အရလည်း ကျပ်သိန်း တစ်ထောင်အောက် အရောင်းအ၀ယ်ဆိုရင် ၃၀ ရာခိုင်နှုန်းအောက်သာ အခွန်ကောက်ရမှာဖြစ်ပါတယ် ၊ ဒါပေမယ့် အိမ်ခြံမြေ နဲ့ ဆောက်လုပ်ရေး လောကမှာ ကျပ်သိန်းတစ်ထောင် အောက် အရောင်းအ၀ယ် ဆိုတာ ပမာဏ သေးတဲ့ အရောင်းအ၀ယ် သာဖြစ်လို့ တော်တော်များများ အရောင်းအ၀ယ်တွေက ၀င်ငွေခွန် ၃၀ ရာခိုင်နှုန်း ပေးဆောင်ရမည့် ပမာဏ တွေ ဖြစ်နေကြပါတယ် ။ ဒါကဈေးကွက်မှာ ဖြစ်နေတဲ့ အမှန်တရားဖြစ်ပါတယ်။

ဝင်ငွေရပေါက် ရလမ်းဖော်ပြနိုင်ရင် ပေးဆောင်စရာ မလိုပေမယ့် အားလုံးသိတဲ့ အတိုင်း မြန်မာနိုင်ငံမှာ ၀င်ငွေ ရပေါက်ရလမ်း ငွေဖြူ ပြနိုင်တဲ့ လူတန်းစား ပမာဏ က အင်မတန် နည်းမှာတော့ သေချာပါတယ် ၊ သိန်းတစ်သောင်းတန် မိမိဝယ်ယူမယ့် အဆောက်အအုံ တစ်လုံး အတွက် ကျပ်သိန်း၁၀၀၀၀ ဖိုးပြည့်အောင် ငွေဖြူလိုက်ပြဖို့ ဆိုတာကလည်း လူအများစု အတွက် အခက်အခဲရှိနိုင်ပါတယ် ၊ ဒီတော့ သတ်မှတ်ထားတဲ့ ၀င်ငွေခွန်ကို ပေးဆောင်မှဘဲ အဆင်ပြေမှာဖြစ်ပါတယ် ၊ အလွယ်ဆုံး ဥပမာပေးရရင် ကျပ်သိန်း ၁၀၀၀ တန် အိမ်တစ်လုံးဝယ်မယ်ဆိုရင် ၀င်ငွေခွန် ၃၀ ရာခိုင်နှုန်းဖြစ်တဲ့ ကျပ်သိန်း ၃၀၀ နဲ့ တံဆိပ်ခေါင်းခွန် ၅ ရာခိုင်နှုန်းပေးရမှာဖြစ်ပါတယ် ။

ရန်ကုန် နဲ့ မန္တလေးလို မြို့တွေမှာ ၀ယ်မယ်ဆိုရင် နောက်ထပ် အပို ၂ ရာခိုင်နှုန်း ထပ် ဆေင်းပေးရလို့ ၀င်ငွေခွန် - တံဆိပ်ခေါင်းခွန် အားလုံးပေါင်းရင် ၃၇ ရာခိုင်နှုန်းကျသင့်ပါတယ် ၊ အလွယ်ပြောရရင် ကျပ်သိန်း ၁၀၀၀ တန်ပိုင်ဆိုင်မှု တစ်ခုအတွက် ကျပ်သိန်း ၃၇၀ အခွန်ပေးရမယ့် သဘောဖြစ်လို့ အိမ်ခြံမြေ ကွန်ဒိုတိုက်ခန်း အရောင်းအ၀ယ် အေးနေချိန်မှာ ဘယ်သူမှ မ၀ယ်ရဲကြပါဘူး ။အရောင်းအ၀ယ်က မကောင်း ၊ လုပ်ငန်းတွေ ရပ် ၊ ပြည်ပရင်းနှီးမြုပ်နှံမှု တွေ အ၀င်နည်းတဲ့ အချိန်မှာ အခွန်အကောက်ကြီးလေးမှုကတော့ အိမ်ခြံမြေ နဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို ကြီးမားတဲ့ အကျိုးသက်ရောက်မှု အဖြစ် ၀ယ်ချင်တဲ့ လူတွေတောင် မ၀ယ်ရဲတော့တဲ့ အခြေအနေ ဆိုက်လာပါတယ်၊

ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ လုပ်ငန်းတွေ ကို ထွန်းပေါက်အောင်မြင်စေချင်တယ် ဆိုရင် အောင်မြင်စေချင်တဲ့ လုပ်ငန်းတွေကို အခွန်မကောက်ရုံမျှမက တစ်ချို့သောလုပ်ငန်းတွေအတွက်အားပေးထောက်ပံ့မှုတွေကို
ပြုလုပ်ပေးပါတယ်။refund ပြန်ပေးတဲ့သဘောထိအောင်
ပြန်လည် ထောက်ပံ့ပေးခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာကျတော့ အိုးအိမ် တိုက်ခန်း ပိုင်ဆိုင်မှုတွေကို ပြင်ပကလူတွေ မ၀ယ်နိုင်အောင် လို့ အခွန်အကောက်နှုန်းထားတွေ မြုင့်ပြီး ကာကွယ်ထားတာ သဘာဝ ကျပေမယ့် ရောင်းမထွတ်တဲ့ တိုက်ခန်းကွန်ဒိုတွေ နဲ့ တိုင်ပတ်နေတဲ့ ဖွံ့ဖြိုးဆဲ ကျနော်တို့ နိုင်ငံမှာတော့ အခွန်အကောက် နှုန်းထားတွေ မြင့်နေတဲ့ ကိစ္စနဲ့ ပက်သက်ပြီး ပြန်လည်ချိန်ခွင်လျှာ ညှိ စဉ်းစားပေးဖို့လိုပါတယ် ။

ရောင်းသူ ရှိပေမယ့် ၀ယ်သူရှိအောင်လို့ ဈေးကွက်ကို အားဆေးထိုးပေးတဲ့ သဘောမျိုး လုပ်ဖို့လိုအပ်ပါတယ် ၊ အခွန်လျှော့လိုက်တာ နဲ့ တစ်ပြိုင်နက် ရောင်းမထွတ် တဲ့ တိုက်ခန်းတွေလည်း ရောင်းထွတ်သွားမှာ ဖြစ်သလို နိုင်ငံတော်အတွက်လည်း ရောင်းသူဝယ်သူ နှစ်ဖက်စလုံး အတွက်အခွန်ဘဏ္ဍာရစေမှာဖြစ်ပါတယ်။

အိမ်ခြံမြေ ဈေးကွက် ပျက်ပြီး ဆောက်လုပ်ရေး အလုပ်သမား တွေ တိုင်ပတ် ဘဏ်တွေ ပိတ်ရမလို ဖြစ်နေတဲ့ အချိန်ဖြစ်ခဲ့တဲ့ ၁၉၉၇ ခုနှစ်မှာ တောင် အိမ်နီးချင်း ထိုင်းနိုင်ငံက ဈေးကွက်ကုစားတဲ့ အနေနဲ့ ပြည်ပကနေ အိမ်ရာ ၀ယ်မယ့် သူတွေ အတွက် မက်လုံးပေးတဲ့ အခင်းအကျင်းတွေ ဖန်တီးကျော်လွှားခဲ့ပါတယ် ၊ စင်ကာပူမှာလည်းအိမ်ရာများများ ရောင်းလို့ ရအောင်လို့ အိမ်ဝယ်တဲ့ နေရာမှာ ကောက်ခံတဲ့ အခွန်ငွေကို လျှော့ပြီးပေးခဲ့ပြီး အရောင်းအ၀ယ် တက်လာအောင် လုပ်ခဲ့ပါတယ် ၊ ဒါပေမယ့် ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်လာတဲ့ အချိန်မှာတော့ အိမ်ဝယ်တဲ့ အခွန်ငွေကို တစ်ဖြည်းဖြည်း ပြန်လည်မြုင့်တင် ကောက်ယူခဲ့ပါတယ် ။

အရောင်းအ၀ယ် မကောင်းခင် အချိန်ကာလမှာ အရောင်းအ၀ယ် ကောင်းပြီး သွက်လက်လာအောင် အခွန်ကို လျှော့ယူလိုက်တဲ့ အတွက် အခွန်ကောက်တဲ့ အဖွဲ့အစည်းအာဏာပိုင် အနေနဲ့ နည်းနည်းပါးပါး ထိခိုက်နစ်နာမှု တွေရှိနိုင်ပေမယ့် ဆောက်လုပ်ရေး လောကကြီး
တစ်ခု လုံးပြန်သွက်လက်လာတဲ့ အချိန်မှာတော့ အဲဒိက ပြန်ရတဲ့ အခွန်ငွေ နဲ့ နိုင်ငံဝင်ငွေတိုးစေခဲ့ပါတယ် ။ အရောင်းအ၀ယ် မကောင်း
စီးပွားကျနေချိန်မှာ ကူညီရမှာဖြစ်ပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာ အိမ်ဝယ်မယ် ဆိုရင် အခွန် ၅ ရာခိုင်နှုန်းးလောက်ဘဲ ဆောင်နေရတဲ့ အချိန်မှာ ထိုင်းနိုင်ငံထက် စီးပွားရေးပမာဏ နည်းပါးတဲ့ ကျွန်တော်တို့ နိုင်ငံမှာ အိမ်ဝယ်ရင် အခွန် ၃၇ ရာခိုင်နှုန်း ဆောင်ရမယ် ဆိုတော့ နိုင်ငံတကာ က အိမ်ရာကဏ္ဍမှာ လာရောက်ရင်းနှီးမြုပ်နှံမယ့် သူတွေ ၊ အိမ်ဝယ်မယ့် သူတွေ ဘယ်နိုင်ငံမှာ သွားဝယ်မလဲ ဆိုတာ တွက်ဆလို့ရပါတယ် ။

ရပ်ဆိုင်နေတဲ့ စီးပွားရေး ကဏ္ဍတစ်ခုကို ပြန်လည် လည်ပတ်သွက်လက်လာအောင် အရစ်ကျ စနစ်တွေ ၊ နှစ်ရှည်စနစ်တွေ အပြင် လုပ်ငန်းရှင်တွေ အားလုံး လုပ်နိုင်တဲ့ အခြေအနေ ကောင်း ၊ ပတ်ဝန်းကျင် ကောင်းကို ဖန်တီးပေးရမှာ ဖြစ်ပါတယ် ၊ အခွန်လျှော့ ကောက်ရုံတင်မကဘဲ ဖြစ်နိုင်ရင် ဈေးကွက်ထဲကို စည်းစနစ်တကျ ငွေကို သွန်ထည့်ပေးဖို့ လိုရင်လည်း အမြန်ဆုံး ထည့်ပေးရမှာဖြစ်ပါတယ် ။

ကျဆင်းနေတဲ့ စီးပွားရေး ကဏ္ဍ တစ်ခုမဆိုထားနဲ့ တစ်နိုင်ငံလုံး စီးပွားရေးကျလို့ ကပ်ဆိုဒ်နေခဲ့ရင်တောင် ကူညီကယ်တင် ဆယ်မ ပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ် ၊ ဒါပေမယ့် နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆယ်တင်တဲ့ ပုံစံတော့ တူညီမှု မရှိပါဘူး ၊ စီးပွားပျက်ကပ် ၀ဲဂယက်ထဲက ရုန်းထွတ်ဖို့ အတွက် ကြိုးစားတဲ့ နေရာမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အကြား အသုံးပြုရမယ့် နည်းလမ်းတွေ မတူကြသလို ငွေကြေးလည်ပတ်စီးဆင်းအောင် ထည့်ဝင်ရတဲ့ ပမာဏလည်း မတူကြပါဘူး ၊ သေချာတာတစ်ခုကတော့ အခွန်လျှော့ကောက်တဲ့ နည်းလမ်းတွေကို တော့အသုံးပြုဖြေရှင်းခဲ့တာ များပါတယ် ။

ဝင်ငွေခန် အပြင် အခုနောက်ပိုင်းခေတ်စားလာတာက ပိုင်ဆိုင်မှု အခွန်ဆိုတဲ့ စကားလုံးလေးဖြစ်ပါတယ် ၊ နိုင်ငံတကာမှာတော့
အများပြည်သူ အိမ်ရာပိုင်ဆိုင်ခွင့်ရအောင်လို့ မြင့်တက်နေတဲ့ အိမ်ခြံမြေ ဈေးကို ထိန်းနိုင်အောင် ကောက်ကြတဲ့ အခွန်တစ်မျိုးဖြစ်ပါတယ် ၊ နေစရာ မရှိလို့ နှစ်ရှည်လများစုဆောင်းပြီး ရတဲ့ ငွေနဲ့ အိမ်လေးတစ်လုံး အတွက်ကိုတော့ အခွန်သက်သာခွင့်ပေးရမှာဖြစ်သလို ကင်းလွတ်ခွင့်လည်း ပြုသင့်ပါတယ် ၊ ပိုက်ဆံထားစရာမရှိအောင်ချမ်းသာတဲ့ လူတွေ အိမ်တစ်လုံးကနေ အိမ် နှစ်လုံးသုံးလုံးဝယ်ထားတဲ့ လူတွေ အတွက်ကတော့ အခွန်ကိုအလုံးအရင်းနဲ့ကို ကောက်စေချင်ပါတယ်။
မျှတတဲ့ အခွန်ကောက်ခံမှု စနစ်ဖြစ်ဖို့ ၊ အများပြည်သူ အိမ်ရာပိုင်ဆိုင်နိုင်ဖို့ ၊ လုပ်ငန်းရှင်တွေ လုပ်သာ ကိုင်သာဖြစ်ဖို့ အတွက် သင့်တင့်မျှတပြီး ဈေးကွက်အမှန်တကယ် လည်ပတ် နိုင်မယ့် အခွန်စနစ်သစ်တစ်မျိုးကို ပြန်လည်စဉ်းစားပေးဖို့ သင့်ပါကြောင်း တိုက်တွန်းတင်ပြလိုက်ပါတယ် ။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service