ဟောလိဝုဒ်ဂန္ထဝင်မင်းသမီးကြီး ဂျိမ်းဖွန်ဒါ ဘီဗာလီဟေးလ်နေအိမ်ကို ကန်ဒေါ်လာ ၁၃ သန်းနီးပါးဖြင့် ရောင်းချမည်

ဟောလိဝုဒ်ဂန္ထဝင်မင်းသမီးကြီး ဂျိမ်းဖွန်ဒါ ဘီဗာလီဟေးလ်နေအိမ်ကို ကန်ဒေါ်လာ ၁၃ သန်းနီးပါးဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
26 Jan 2017 11:55 am တွင် တင်ခဲ့သည်
813 ကြိမ် ကြည့်ရှု့ပြီး
အော်စကာ ၂ ဆုရှင် ဟောလိဝုဒ်ဂန္ထဝင်မင်းသမီးကြီး ဂျိမ်းဖွန်ဒါက လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးနေအိမ်နှင့် လမ်းခွဲတော့မည် ဖြစ်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ကာလတာရှည်ဘဝလက်တွဲဖော်ဖြစ်သော ရစ်ချတ်ပယ်ရီနှင့်အတူ ၂၀၁၂ ခုနှစ်အတွင်းက ဝယ်ယူခဲ့သည့် နေအိမ်ဖြစ်သည်။
အဲလ်ဗစ် ပရက်စလေမှ ကော့တ်နေးကို့စ်အထိ နာမည်ကျော်ကြယ်ပွင့်များ ခြေချခဲ့သည့်အရပ်ဖြစ်ပြီး ဆည်းဆာချိန်များတွင် ရင်သပ်ရှုမောဖွယ် ပင်လယ်မြင်ကွင်းများ ခံစားနိုင်သည့်နေရာဖြစ်သည်။
အကျယ်အဝန်း ၇၁၀၀ စတုရန်းပေရှိသည့် နေအိမ်အတွင်း ဓာတ်လှေကားတစ်ခုလည်း ပါဝင်သည်။

ညစာစားခန်းနှင့် ဧည့်ခန်းတို့မှာ တစ်ပေါင်းတည်းဖြစ်ပြီး မီးဖိုဆောင်မှာ မိသားစုအခန်းတစ်ခန်းနှင့် ဆက်သွယ်ထားကာ နောက်ဘက်ခြံဝန်းကို ရှုမြင်နိုင်သည့် ဆင်ဝင်တံခါးတစ်ခုဖြင့် အဆုံးသတ်ထားသည်။
ပထမထပ်တွင် မီဒီယာခန်းမ၊ အရက်ဘား၊ ကျယ်ပြန့်သော အားကစားလေ့ကျင့်ရေးခန်းမတို့ ပါဝင်သည်။

ခြံဝန်းမှာ ၃၆၀၀၀ စတုရန်းပေအထိ ကျယ်ဝန်းပြီး အပန်းဖြေစခန်းအပြင်အဆင်များစွာဖြင့် မွမ်းမံထားသည်။
ခြံဝန်းအတွင်း ရေကူးကန်တစ်ခုပါဝင်ပြီး ရေတံခွန်ပါသည့် ပန်းဥယျာဉ်လည်း ပါဝင်သည်။ရေကူးကန်တွင် နေရောင်ခြည်စွမ်းအင်သုံး ရေပူစနစ်ပါဝင်ပြီး နေအိမ်မှန်တံခါးများမှာ ခရမ်းလွန်ရောင်ခြည်ကာကွယ်ပေးသည့် မှန်တံခါးများဖြစ်ပြီး မော်တာဖြင့်ထိန်းချုပ်အတင်အချလုပ်နိုင်သည့် နေကာစနစ်လည်း ပါဝင်သည်။

အချို့အခန်းများ၏ ကြမ်းပြင်မှာ ဝါးကြမ်းခင်းများ ဖြစ်သည်။
အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၆ ခန်းပါဝင်သည့် အဆိုပါနေအိမ်ကို ရုပ်သံဒါရိုက်တာ ဂျွန်ရစ်ခ်ျထံမှ ကန်ဒေါ်လာ ၇ ဒသမ ၃ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ဂျွန်ရစ်ခ်ျက ယင်းနေအိမ်ကို ၄၄ နှစ်ကျော် ပိုင်ဆိုင်ထားခဲ့ခြင်း ဖြစ်သည်။
ယင်းနေအိမ်ကို မဝယ်ယူမီ ဂျိန်းဖွန်ဒါတို့ ဇနီးမောင်နှံသည် နေအိမ်ပေါင်း ၃၀ ကျော်လိုက်လံကြည့်ရှုခဲ့ပြီး ယခုနေအိမ်၏ တံခါးဝသို့ ရောက်သည်နှင့်ပင် ဤအိမ်သည် မိမိတို့မိသားစု ပျော်ရွှင်စွာနေထိုင်နိုင်မည့်နေရာဖြစ်သည်ဟု ခံစားလိုက်ရကြောင်း ဂျိန်းဖွန်ဒါက ပြန်လည်ပြောပြသည်။
ယခုခေါ်ဈေးဖြင့်သာ ရောင်းထွက်မည်ဆိုပါက ဂျိန်းဖွန်ဒါအတွက် ကန်ဒေါ်လာ ၅ ဒသမ ၆ သန်းခန့် မြတ်စွန်းမည် ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဟောလိဝုဒ်ဂန္ထဝင်မင်းသမီးကြီး ဂျိမ်းဖွန်ဒါ ဘီဗာလီဟေးလ်နေအိမ်ကို ကန်ဒေါ်လာ ၁၃ သန်းနီးပါးဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်ဂန္ထဝင်မင်းသမီးကြီး ဂျိမ်းဖွန်ဒါ ဘီဗာလီဟေးလ်နေအိမ်ကို ကန်ဒေါ်လာ ၁၃ သန်းနီးပါးဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်ဂန္ထဝင်မင်းသမီးကြီး ဂျိမ်းဖွန်ဒါ ဘီဗာလီဟေးလ်နေအိမ်ကို ကန်ဒေါ်လာ ၁၃ သန်းနီးပါးဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်ဂန္ထဝင်မင်းသမီးကြီး ဂျိမ်းဖွန်ဒါ ဘီဗာလီဟေးလ်နေအိမ်ကို ကန်ဒေါ်လာ ၁၃ သန်းနီးပါးဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်ဂန္ထဝင်မင်းသမီးကြီး ဂျိမ်းဖွန်ဒါ ဘီဗာလီဟေးလ်နေအိမ်ကို ကန်ဒေါ်လာ ၁၃ သန်းနီးပါးဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်ဂန္ထဝင်မင်းသမီးကြီး ဂျိမ်းဖွန်ဒါ ဘီဗာလီဟေးလ်နေအိမ်ကို ကန်ဒေါ်လာ ၁၃ သန်းနီးပါးဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်ဂန္ထဝင်မင်းသမီးကြီး ဂျိမ်းဖွန်ဒါ ဘီဗာလီဟေးလ်နေအိမ်ကို ကန်ဒေါ်လာ ၁၃ သန်းနီးပါးဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်ဂန္ထဝင်မင်းသမီးကြီး ဂျိမ်းဖွန်ဒါ ဘီဗာလီဟေးလ်နေအိမ်ကို ကန်ဒေါ်လာ ၁၃ သန်းနီးပါးဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်ဂန္ထဝင်မင်းသမီးကြီး ဂျိမ်းဖွန်ဒါ ဘီဗာလီဟေးလ်နေအိမ်ကို ကန်ဒေါ်လာ ၁၃ သန်းနီးပါးဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service