လာမယ့် ၂၀၂၅ ခုနှစ် မတိုင်ခင် ကမ္ဘာ့ခရီးသွားလုပ်ငန်းပိုင်းမှာ
အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆက်လက်တိုးတက်ကြီးထွား
လာဖို့ရှိနေပြီး ဆယ်နှစ်တာနီးပါးအတွင်း ဈေးကွက်တန်ဖိုး
ဒေါ်လာ ၁၁,၃၈၂ ဘီလီယံထိ မြင့်တက်သွားနိုင်တယ်လို့ ဆိုပါတယ်။
အဆိုပါ ခန့်မှန်းချက်ကိုတော့ ဈေးကွက်သုတေသနနဲ့ အတိုင်
ပင်ခံကုမ္ပဏီ Research Nester က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ကမ္ဘာ့ခရီးသွားလုပ်ငန်းအတွင်းမှာ တစ်နှစ်ထက်တစ်နှစ်
တိုးတက်မှုနှုန်း ၃ ဒသမ ၉ ရာခိုင်နှုန်း ရှိနိုင်ပြီး ၂၀၂၅ မတိုင်ခင်
ကမ္ဘာ့ဂျီဒီပီ ရဲ့ ၁၀ ဒသမ ၆ ရာခိုင်နှုန်းနဲ့ ညီမျှနိုင်တယ်လို့လည်း
ယင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဥရောပဒေသ ခရီးသွားလုပ်ငန်းကို ကြည့်ရင်လည်း စပိန်၊ အီတလီ
၊ ဂျာမနီ နဲ့ ဗြိတိန်တို့လို နိုင်ငံတွေမှာ ခရီးသွားဝင်ရောက်မှု သိသိ
သာသာ တိုးတက်ဖို့ရှိနေပြီး ယင်းကနေတဆင့် ဒေသတစ်ခုလုံးရဲ့
လုပ်ငန်းပိုင်းကို များစွာထောက်ကူနိုင်မယ်လို့ ဆိုပါတယ်။
မြောက်အမေရိက တိုက်ဘက်မှာဆိုရင်လည်း အမေရိကန်နိုင်ငံ
တစ်နိုင်ငံတည်းက ခရီးသွားလုပ်ငန်းတန်ဖိုး ဒေါ်လာ
၁,၂၁၈ ဘီလီယံ ရှိနေတယ်လို့ သိရပါတယ်။
တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ကတော့ အာရှ-ပစိဖိတ်ဒေသက
ကမ္ဘာ့ခရီးသွား ဂျီဒီပီရဲ့ ၉ ဒသမ ၄ ရာခိုင်နှုန်း ရှိမယ်လို့ သိရပါတယ်။
၂၀၁၅-၂၀၂၁ ကြားကာလမှာ လုပ်ငန်းအတွင်း အမြင့်ဆုံး အတိုင်း
အတာကို ရောက်ဖို့ရှိနေတယ်လို့လည်း သိရပါတယ်။ စီးပွားရေး
အားကောင်းလာနေမှု၊ ၀င်ငွေအချိုးအစားမြင့်မားလာမှု နဲ့ အခြေခံ
အဆောက်အအုံ ဖွံ့ဖြိုးလာမှုတွေကြောင့် ဈေးကွက်ကို ကောင်းစွာ
ထောက်ကူနိုင်လိမ့်မယ်လို့လည်း သိရပါတယ်။ အာရှ-ပစိဖိတ်
ဒေသတစ်လုံးအနေနဲ့ ၂၀၂၀ အရောက်မှာတော့ ခရီးသွား
၅၀၂ သန်း ဖိတ်ခေါ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။
Credit: SFJ Strategy First