လယ်သမားဟု ဆိုသူများက ရွှေလင်ပန်း စက်မှုဇုန်ရှိ ဆောက်လုပ်ဆဲ စက်ရုံများရှေ့တွင် တဲထိုး၍ ကရုဏာကြေး သိန်းရာနှင့်ချီ တောင်းခံမှုများရှိနေ

လယ်သမားဟု ဆိုသူများက ရွှေလင်ပန်း စက်မှုဇုန်ရှိ ဆောက်လုပ်ဆဲ စက်ရုံများရှေ့တွင် တဲထိုး၍ ကရုဏာကြေး သိန်းရာနှင့်ချီ တောင်းခံမှုများရှိနေ - Property News in Myanmar from iMyanmarHouse.com
26 Jan 2017 10:13 am တွင် တင်ခဲ့သည်
5268 ကြိမ် ကြည့်ရှု့ပြီး
လယ်သမားဟု ဆိုသူများက ရွှေလင်ပန်း စက်မှုဇုန်ရှိ ဆောက်လုပ်ဆဲ စက်ရုံများ ရှေ့တွင် တဲထိုးကာ ကရုဏာကြေးအဖြစ် သိန်းရာချီ တောင်းခံမှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။

“ကျွန်တော်တို့ရဲ့ ဇုန်တွေမှာ မြေကွက်အလွတ်တွေ ရှိတယ်။ တဲတွေ ၀င်ထိုးပြီး ကျူးကြတယ်။ ဖယ်ချင်တယ်ဆိုရင် ကရုဏာကြေး ပေးဆိုပြီးပြောတယ်။ကရုဏာကြေး မဟုတ်ဘူး။ အမှန်က မိုက်ကြေးခွဲတာ။ အခု အဆောက်အအုံတစ်ခု လုပ်မယ်။ အဲဒီလိုဆောက်ရင် လာပိတ်ပြီး တဲဆောက် တယ်။ ၀င်လို့လည်းမရ ထွက်လို့လည်းမရ။ ၀င်ချင် ထွက်ချင်ရင် ငါတို့ကိုပိုက်ဆံ ပေးဆိုပြီးလုပ်တယ်။ သူတို့က လယ်သမားလို့ ပြောတယ်။ လယ်သမား ဟုတ်ချင်မှလည်း ဟုတ်မယ်။ အထောက်အထား လည်း မရှိဘူး။ ရဲစခန်းမှာ အမှုဖွင့်လည်း သူတို့က အေးဆေးပဲ။ သူတို့က ပြန်တောင် ပြောသေး တယ်” ဟု ရွှေလင်ပန်း စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောကြားသည်။

ထိုသို့ ပြုလုပ်မှုများမှာ ရွှေလင်ပန်း စက်မှုဇုန်တွင် များစွာ ရှိကြောင်း၊ ကရုဏာကြေးအဖြစ် သိန်း ၁၅၀ ခန့် တောင်းဆိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“မြေကွက် ၄၂၆ ဆိုရင် အရှေ့မှာ တဲလာထိုးထားလို့ အထဲမှာ ယန္တရားခြောက်စီး ရပ်ထားတယ်။ ယန္တရားတစ်စီးကို တစ်ရက်ငှားခ ငါးသိန်းနဲ့ ရှစ်သိန်းကြား ရှိတယ်။ အဲဒါ ခြောက်စီးဆို သိန်း ၃၀ ဗျာ။ တစ်လကို လုပ်ငန်းရှင်က သိန်း ၉၀၀၊ ၁၀၀၀ နစ်နာနေပြီ။ ဒီနစ်နာမှုတွေကို အစိုးရက ဘာလုပ် ပေးမှာလဲ။ ဘာအကာအကွယ် ပေးမှာလဲ။ ပြည်တွင်း လုပ်ငန်းရှင်တွေ ဒီလို ဒုက္ခရောက်တာ နိုင်ငံ တော်က ဘာလုပ်ပေးမှာလဲ” ဟု ဦးနေလင်းဇင်က ဆက်လက်ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်ပြီး လုပ်ငန်းရှင်များက သက်ဆိုင်ရာရဲစခန်း၊ ခရိုင်ရဲစခန်း၊ ၀န်ကြီး ဌာနများထံ အကြောင်းကြားစာ ပေးပို့သော်လည်း တစ်စုံတစ်ရာ လာရောက် ဖြေရှင်းပေးခြင်း မရှိသေးကြောင်း သိရသည်။

လက်ရှိ လည်ပတ်လျက်ရှိသည့် စက်ရုံများနှင့် တည်ဆောက်လျက်ရှိသည့် စက်ရုံမြေကွက်များမှာ ယခင်က မိမိတို့ပိုင်ဆိုင်ခဲ့သည့် လယ်မြေများဖြစ်သဖြင့် ထိုသို့ တဲထိုးနေထိုင်ခြင်းဖြစ်ကြောင်း၊ လယ် မြေများကို ယခင်အစိုးရများ လက်ထက်က သိမ်းယူခဲ့ပြီး လျော်ကြေးရရှိခြင်း မရှိကြောင်း တဲထိုး
နေထိုင်ကာ ကရုဏာကြေး တောင်းခံနေသူအချို့က ဆိုသည်။

“အကုန်လုံး ဒီလိုပဲလုပ်နေလို့ ကျွန်တော်တို့လည်း ခုမှ ကရုဏာကြေးတောင်းတာ။ ဒါက ကျွန်တော် တို့ လယ်ယာမြေပါ။ ဘိုးစဉ်ဘောင်ဆက် လုပ်လာတာ။ ကျွန်တော်တို့ တောင်သူလယ်သမားတွေက အခုလို လုပ်လိုက်ရင် အဆင်ပြေသွားကြတယ်လေ။ အဲဒါကြောင့် ကျွန်တော်တို့လည်း အသနားခံ တာပေါ့။ ကျွန်တော်တို့မြေတွေကို နိုင်ငံတော်က သိမ်းသွားတာ။ ဘယ်နှခုနှစ်က သိမ်းလဲတော့ အတိ အကျ မသိဘူး။ အဲဒီတုန်းက လျော်ကြေးတော့ မရဘူး။ သီးနှံဖျက်ဆီးစရိတ် နှစ်သောင်းပေးတယ်။ အခုလို တဲထိုးနေတာက ကျွန်တော်တို့ ကရုဏာကြေး သိန်း ၂၀၀ လိုချင်လို့ပါ” ဟု တဲထိုး နေထိုင် နေသည့် ကုလား (ခေါ်) ထိန်လင်းက ပြောကြားသည်။

လက်ရှိတွင် လှိုင်သာယာ ရွှေလင်ပန်း စက်မှုဇုန်ထဲတွင် ဆောက်လုပ်စ အဆောက်အအုံရှေ့တွင် တဲထိုးပိတ်ဆို့ကာ ကရုဏာကြေး တောင်းခံမှု နှစ်ခု ရှိကြောင်း သိရသည်။


Credit: အိမ်ခြံမြေ လမ်းဆုံ

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service