တောင်ကြီးမြို့အထွက်ရှိ ကျူးကျော်မြေကွက် ဖော်ဆောင်မှုများကို ရှင်းလင်းဖယ်ရှားမည်

တောင်ကြီးမြို့အထွက်ရှိ ကျူးကျော်မြေကွက် ဖော်ဆောင်မှုများကို ရှင်းလင်းဖယ်ရှားမည် - Property News in Myanmar from iMyanmarHouse.com
26 Jan 2017 9:38 am တွင် တင်ခဲ့သည်
1579 ကြိမ် ကြည့်ရှု့ပြီး
တောင်ကြီးမြို့ အ ရှေ့ဘက် အထွက်ရှိ ထင်းရှူး တောအတွင်း စီးပွားရေးသမား အချို့က ခွင့်ပြုချက်မဲ့ မြေယာအ ကွက် ဖော်ဆောင်ကျူးကျော်နေမှု များကို ရှမ်းပြည်နယ် အစိုးရက ရှင်းလင်းဖယ်ရှားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြို့အထွက် ထင်းရှူးတော အတွင်းရှိ ကျူးကျော်မြေကွက် များနှင့် ရွှေမောင်းတောင်ပေါ်ရှိ ကျူးကျော်များကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ကက်ဘိနက်အစည်း အဝေး ဆုံးဖြတ်ချက်အရ ဖယ်ရှား ရှင်းလင်းရန် စာထုတ်ပြန်ထားပြီး ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရ အဖွဲ့ရုံးမှ သိရသည်။

‘‘ပိုက်ဆံချမ်းသာသူ တချို့ က ကျပ်သိန်းလေး၊ ငါးရာနဲ့ အကွက် ရိုက် ရောင်းနေကြတယ်။ မရှိဆင်းရဲသားတွေ ကျူးနေတာ မဟုတ်ပါဘူး’’ ဟု တရားဥပဒေ စိုးမိုးရေးကွန်ရက်အဖွဲ့မှ ဦးဝင်း နိုင်စိုးက ပြောသည်။

ထင်းရှူးတောအတွင်း မြေ ယာအကွက်များ ဖော်ဆောင်နေ ခြင်း၊ အကွက် ရိုက်နေရာဦးခြင်း၊ ရောင်းချခြင်းတို့ကို ပိုင်ဆိုင်မှု တစ်စုံတစ်ရာမရှိဘဲ အစိုးရ စီမံခန့်ခွဲပိုင် ခွင့်ရှိသည့် မြေနေရာတွင် လုပ် ဆောင်နေသည့်အပေါ် ဒေသခံ များက ကန့်ကွက်တိုင်ကြားမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်ဟု ဦးဝင်းနိုင်စိုး က ပြောသည်။

‘‘မြေယာတွေ နေရာဦးပြီး တော့ တရားဥပဒေမဲ့ ကျူးကျော် နေတာတွေ ကို ဒေသခံတွေနဲ့ ကျွန်တော်တို့ဘက်က အမြဲတမ်းကန့် ကွက်တဲ့ လှုပ်ရှား မှုတွေ လုပ်ခဲ့ သလို ပြည်နယ်အစိုးရအဖွဲ့ရဲ့ မြေယာအသုံးချမှု အစည်း အဝေးတွေ မှာလည်း မေးခွန်းထုတ်ခဲ့ပါတယ်။ အခု ဒီအပေါ်ကို ရှမ်းပြည် နယ် အစိုးရအဖွဲ့က ပြည်သူ့အသံနား ထောင်ပြီး ဆောင်ရွက်ပေးတယ် လို့ ယူဆပါတယ်’’ဟု ၎င်းက ဆို သည်။

ထင်းရှူးတောအတွင်း မြေ ယာအကွက်ဖော်ခြင်း၊ ကျူးကျော် ခြင်း၊ ရောင်း ချခြင်းတို့ကို ၂၀၁၅ မတိုင်မီကတည်းက လုပ်ဆောင် နေပြီး စည်ပင်သာ ယာရေးဌာနနှင့် သစ်တောဦးစီးဌာန၊ မြေစာရင်း၊ ထွေအုပ်အစရှိသည့် ဌာနအသီး သီးထံ ဒေသခံများက ကန့်ကွက်တိုင်ကြားထားသည်ဟုလည်း ဦးဝင်းနိုင်စိုးက ပြောသည်။

ကျူးကျော်မြေကွက် ဖော် ဆောင်နေမှုများကို ဖယ်ရှား ရှင်း လင်းရန် တောင် ကြီးမြို့နယ် အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ရှမ်းပြည်နယ် အစိုးရ အဖွဲ့က အသိပေးအမိန့်စာပေးပို့ထားပြီး မည်သည့်အချိန်တွင် စတင် ရှင်းလင်းဖယ်ရှားမည်ကို တောင်ကြီးမြို့နယ်ထွေအုပ်က တရားဝင် ထုတ်ပြန်ပေးခြင်း မရှိသေးကြောင်း ဒေသခံအချို့ က ပြောကြားသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service