မြေယာစစ်ဆေးရေး ကော်မတီကို သင်တန်းပို့ချမည်

မြေယာစစ်ဆေးရေး ကော်မတီကို သင်တန်းပို့ချမည် - Property News in Myanmar from iMyanmarHouse.com
25 Jan 2017 10:11 am တွင် တင်ခဲ့သည်
914 ကြိမ် ကြည့်ရှု့ပြီး
နေပြည်တော် ကောင်စီနယ်မြေအတွင်းမှာ လယ်ယာမြေ သိမ်းဆည်းခံ တောင်သူများကို မြေယာ ပြန်လည်ပေးဆောင်ဖို့ မြေယာ စစ်ဆေးရေး ကော်မတီတွေကို သင်တန်းပို့ချပေးမှာ ဖြစ်တယ်။

“နေပြည်တော်က မြေယာသိမ်းဆည်းခံရတဲ့ တောင်သူတွေကို မြေယာလျော်ကြေးအနေနဲ့ ပြန်လည် ပေးဆောင်ဖို့အတွက် ဘယ်လို ပုံစံနဲ့ ပေးရမလဲ၊ ဘယ်လို စိစစ်ရမလဲဆိုတာကို ကျွန်တော်တို့ကို သင်တန်းအနေနဲ့ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်” လို့ ပျဉ်းမနားမြို့က လွှတ်တော်ကိုယ်စားလှယ် ကိုသန်းစိုးအောင်က ဆိုပါတယ်။

ဇန်နဝါရီ ၂၀ ရက်နေ့ကလည်း ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်နဲ့ ဗမ္ဗူသီရိမြို့နယ်တို့မှ မြေယာစစ်ဆေးရေး ကော်မတီဝင်တွေကို လုပ်ငန်းစွမ်းဆောင်ရည် သင်တန်းပို့ချခဲ့ပြီး ဖြစ်ပါတယ်။

အဲသည်လို သင်တန်းပေးရာမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ ကိုယ်စားလှယ်တွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ တောင်သူလယ်သမား ကိုယ်စားလှယ်တွေ၊ ရပ်ကျေးအသီးသီးက ကိုယ်စားလှယ်တွေကို ခေါ်ပြီး ကော်မတီဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေက သင်တန်းပို့ချမှာ ဖြစ်ပါတယ်။

ပျဉ်းမနားမှာ ၃၆ အုပ်စု ရှိတာကြောင့် ရပ်ကျေးက ၃၆ ဦး၊ လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ ကိုယ်စားလှယ်တွေကို ဇန်နဝါရီ ၂၃ ရက်နေ့မှာ သင်တန်း ထပ်မံ ပို့ချပေးမှာ ဖြစ်တယ်။

မြေသာ ပြန်ရချင်

မြေယာသိမ်းခံ တောင်သူတွေက မြေယာလျော်ကြေး ပြန်လည်ပေးဆောင်တဲ့ အခါမှာ ငွေပေးချေမှုထက် သိမ်းဆည်းခံလိုက်ရတဲ့ မြေယာတွေကို သာ ပြန်လည် ရယူချင်တာကြောင့် တောင်သူတွေကို နေပြည်တော် စည်ပင်သာယာရေး ကော်မတီက ညှိနှိုင်းဆောင်ရွက်ခဲ့ပေမဲ့ အဆင်မပြေမှုတွေ ဖြစ်ခဲ့တယ်လို့ တောင်သူတွေရဲ့ ပြန်လည် ပြောပြချက်အရ သိရပါတယ်။

“ကျွန်တော် တောင်သူအနေနဲ့ကတော့ လယ်ယာမြေပဲ ပြန်ရချင်တယ်၊ သူတို့ဟာ သူတို့ ဘာတွေပဲ စီစဉ်နေ စီစဉ်နေပေါ့၊ အခုထိတော့ လယ်ယာမြေ အကြောင်းနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့က ဆက်သွယ်တာတော့ မရှိသေးပါဘူး” လို့ ဒက္ခိဏသီရိမြို့နယ်က လယ်ယာသိမ်းခံတောင်သူ ကိုမင်းဇော်က ဆိုပါတယ်။

“နေပြည်တော် တည်ဆောက်ရေးအတွက် ပြည်သူတွေရဲ့ မြေကွက်တွေကို အသုံးပြုခဲ့တာတွေ ရှိတယ်၊ ပြည်သူတွေ နာကြည်းမှုအတွက် ၊ ပြည်သူတွေရဲ့ ဘဝ ပြန်လည် တည်ထောင်ဖို့အတွက် အကောင်းဆုံး လုပ်ဆောင်ချက်နဲ့ သမိုင်းကြွေးကို ဆပ်သွားမှာပါ” လို့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် ဦးမင်းသူက ပြောပါတယ်။

Credit: Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service