နိုင်ငံခြားသားများရပ်ရွာ အတွင်း နေအိမ်ငှားရမ်းနေထိုင် ခြင်းများအပေါ် အရေးယူထိန်း ချုပ်နိုင်သည့် ဥပဒေမရှိ၍ နေထိုင် သွားလာမှုမှတ်တမ်းများကိုသာ ရ ယူထားနိုင်ကြောင်း လူဝင်မှုကြီး ကြပ်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဌေးလှိုင်က ပြောသည်။
ရပ်ရွာများတွင် ငှားရမ်းနေ ထိုင်နေကြသည့် နိုင်ငံခြားသား များသည် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် လ၀ကရုံး များတွင် သတင်းပို့ကြရန် အသိ ပေးကြေညာထားသော်လည်း နေ ထိုင်ခွင့်မရှိဟု ကန့်သတ်ထားခြင်း မရှိကြောင်း ၎င်းက ဆိုသည်။
‘‘နိုင်ငံခြားသားတွေ ဘယ် မှာပဲ တည်းခိုရမယ်ဆိုတာမျိုးက နိုင်ငံခြားသားဥပဒေမှာလည်း သတ်မှတ်ထားတာမရှိဘူး။ ဟို တယ်/ခရီးရဲ့ ဥပဒေမှာလည်း ဧည့်လမ်းညွှန်က နိုင်ငံခြားသားကို ဟိုတည်မှာတည်းခိုဖို့ လမ်းညွှန် ပေးရမယ်ဆိုတာပဲပါတယ်။ နိုင်ငံ ခြားသားက ဟိုတယ်မှာပဲ တည်း ရမယ်ဆိုပြီးမပါဘူး။ အဲဒီလိုကွဲလွဲ မှုတွေရှိနေတာပေါ့’’ဟု ဦးဌေး လှိုင်က ပြောသည်။
ရပ်ရွာများရှိ အိမ်ပိုင်ရှင်များ က ၎င်းတို့ထံတွင် ငှားရမ်းနေထိုင် ကြသည့် နိုင် ငံခြားသားများသည် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးများ၌ လာရောက်၍အ ကြောင်းကြားကြရန် ၂၀၁၆ နှစ် ကုန်ပိုင်းက အသိပေးကြေညာခဲ့သည်။
၎င်းတို့အား နေအိမ်ငှားရမ်း ထားသူများသည် သက်ဆိုင်ရာ ရပ်ကွက်ရုံးအပြင် စည်ပင်သာ ယာရေးကော်မတီနှင့် မြို့နယ် လ၀ကရုံးများသို့လည်း အ ကြောင်းကြားရန် လိုအပ်သည်ဟု ဆိုသည်။
ရန်ကုန်မြို့သို့ ရောက်ရှိလာ ကြသည့် နိုင်ငံခြားသားအချို့ သည် ဆင်ခြေဖုံးရပ်ကွက်များအ ထိ သွားရောက်ငှားရမ်းနေထိုင်မှု များ ပိုမိုမြင်တွေ့လာကြောင်း ဒေသခံများက ပြောသည်။
လက်ရှိတွင် ရပ်ရွာများ၌ ငှားရမ်းနေထိုင်ကြသည့် နိုင်ငံခြား သားစာရင်းကို သက်ဆိုင်ရာတိုင်း ဒေသကြီး၊ ပြည်နယ်ရုံးများတွင် သာပြုစုထားရှိပြီး တစ်နိုင်ငံလုံးအ တိုင်းအတာစာရင်းချုပ်ထားခြင်း မရှိသေးကြောင်း ဦးဌေးလှိုင်က ပြောသည်။
Credit: 7DayDaily