အတု အတု တွေနဲ့ သပွတ်အူ လောကကြီး သတိထားကြပါ

အတု အတု တွေနဲ့ သပွတ်အူ လောကကြီး သတိထားကြပါ - Property News in Myanmar from iMyanmarHouse.com
24 Jan 2017 10:35 am တွင် တင်ခဲ့သည်
1708 ကြိမ် ကြည့်ရှု့ပြီး
ကုန်ပစ္စည်းအတု ၊ စားစရာ အတု ၊ တံဆိပ်အတု တွေ နဲ့ ဆင်တူယိုမှား ပစ္စည်းပေါင်းစုံကြားထဲ နေ့တစ်ဓူဝ ဖြတ်သန်းနေရတဲ့ ကျွန်တော်တို့ ရွှေပြည်ကြီးမှာ ဘ၀ပျက်သွားလောက်အောင် စာရွက်စာတမ်း အတုတွေလည်း အများကြီး ပေါ်ထွတ်လာနေပါပြီ ၊ သာမာန် ကုန်ပစ္စည်းတစ်ခု အရည်အသွေးမမှီဘဲ တုပထားတဲ့ အတု တစ်ခုကို ၀ယ်မိခဲ့ရင်တောင် နှမျောတသ နဲ့ အချိန်ကုန် ငွေကုန် ကျန်းမာရေးထိခိုက်နိုင်တဲ့ အထိလောက်ဘဲ ဆိုးကျိုးဖြစ်စေပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ ကျင်လည်ကျက်စားနေတဲ့ အိမ်ခြံမြေ လောကမှာ စာရွက်စာတမ်းအတုတွေနဲ့ ၀ယ်ရောင်းလုပ်မိခဲ့ကြရင်တော့ ဘ၀ပျက်ရုံတင်မက အခန့်မသင့်ရင် ထောင်နန်းပါ စံရမှာဖြစ်ပါတယ်၊ ရောင်းသူ ၀ယ်သူ နှစ်ဦးနှစ်ဖက် ကျေနပ်လို့ အရောင်းအ၀ယ်ဖြစ်တယ်ဆိုပေမယ့် ကိုယ်ရောင်းတဲ့ ပစ္စည်းကို ၀ယ်တဲ့ သူက တန်ရာတန်ကြေးပေးဝယ်ရတာဖြစ်လို့ စစ်မှန်တဲ့ ပစ္စည်းဖြစ်ဖို့တော့ တာဝန်ရှိပါတယ် ၊ အကျိုးဆောင်တွေ အနေနဲ့လည်း ကိုယ်ရောင်းပေးလိုက်တဲ့ မြေကွက်နဲ့ ပက်သက်ပြီး တန်ရာတန်ကြေး အကျိုးဆောင်ခရထားလို့ ကိုယ်အကျိုးဆောင်ပေးလိုက်တဲ့ ပိုင်ဆိုင်မှု စစ်မှန်ဖို့ အတွက် တစ်စိတ်တစ်ပိုင်း တာဝန်ယူကြရမှာဖြစ်ပါတယ်။

တိုက်ခန်းတွေ ထက် မြေကွက်အရောင်းအ၀ယ်ကိစ္စတွေ ၊ အထူးသဖြင့် မြို့စွန်က မြေကွက်တွေ အရောင်းအ၀ယ်ပြုလုပ်တဲ့နေရာမှာ စာရွက်စာတမ်းအတုနဲ့ အရောင်းအ၀ယ် တွေလုပ်မိကြလို့ အပြန်အလှန်တရားစွဲမှုတွေ ၊ အပြန်အလှန် ပြောဆိုလိုက်လို့ နှစ်ဦးနှစ်ဖက် ငွေကြေး အတိုင်းအတာ တစ်ခုနဲ့ ပြေလည်သွားကြတဲ့ ကိစ္စတွေကလည်း အခုတလော စဉ်ဆက်မပြတ်ကြားနေရပါတယ်။ ပြသနာသိပ်ကြီးလာတဲ့ တစ်ချို့ အတုဇယားတွေဆိုရင် ငွေစိုက်လျော်ရတဲ့ ကိစ္စတွေမှာ အကျိုးဆောင်မိတ်ဆွေ အချို့ပါ ပေးလျော်လိုက်ရတဲ့ အထိ ပြသနာ ကြီးပါတယ် ၊ ဒါတောင် မြေကွက်တွေ အရောင်းအ၀ယ်မကောင်းတဲ့ အချိန် ဖြစ်နေလို့ အတုဇာတ်လမ်းတွေ နည်းနည်းပါးပါး ကြားနေရတာဖြစ်တာ မြေကွက်အရောင်းအ၀ယ် သွက်တဲ့ အချိန်တုန်းက ဆို အတုဇတ်လမ်းရုပ်ရှင်တွေက ခပ်စိပ်စိပ် ကြားရမှာဖြစ်ပါတယ်။

စာရွက်စာတမ်း အတုတွေ ခေါင်းထောင်လာတဲ့ အချိန်ကတော့ လွန်ခဲ့တဲ့ နှစ်နှစ်ဝန်းကျင်ဖြစ်တဲ့ ၂၀၁၄ ခုနှစ်လောက်က အများဆုံးဖြစ်ပါတယ် ၊ အရောင်းအ၀ယ် ကောင်းတဲ့အချိန် ဖြစ်တဲံ အတွက် စာချုပ်စာတမ်းအတုတွေကြောင့် အထိနာခဲ့ရတဲ့ လူတွေလည်း တော်တော်လေးများခဲ့ပါတယ် ၊ တစ်ချို့ဆို မရှိရှိတာလေး ပုံအောပြီး ၀ယ်လိုက်တဲ့ မြေကွက်ကလေး က ပိုင်ဆိုင်မှု စာရွက်စာတမ်းကို စည်ပင်ရုံးမှာ သွားစစ်တဲ့ အခါ အတုဖြစ်နေတယ် ၊ မမှန်ကန်ဘူး ဆိုတဲ့ အဖြေကြောင့် ဘ၀ပျက်ခဲ့ ၊ အရင်းဆုံးခဲ့ရတဲ့ မိသားစုတွေ ဘ၀ကလည်း မနည်းပါဘူး ။

မြန်မာလူ့အဖွဲ့အစည်းမှာ တော်ရုံတန်ရုံ ပြသနာလောက်နဲ့ ဘယ်သူမှ တရားရုံးတက် ၊ ရှေ့နေဌားပြီး တရားစွဲ အမှုလုပ်ဖို့ တော်တ်ာလေးဝန်လေးကြပါတယ် ၊ တစ်ချို့ဆိုရင် အတိတ်ဘ၀က အကုသိုလ် ကံကြောင့် ဖြစ်ရတယ် ၊ အကြွေးဆပ်ရတယ်လို့ သဘောထားပြီးလျော်ပစ်လိုက်တဲ့ ကိစ္စတွေကလည်း နည်းမှာ မဟုတ်ပါဘူး ၊ မြေကွက်အရောင်းအ၀ယ် လုပ်တယ်ဆိုတာ အနည်းဆုံး သိန်း ဆယ်ဂဏာန်းကနေ သိန်းပေါင်းသောင်းချီတန်တဲ့ အရောင်းအ၀ယ်တွေဖြစ်လို့လည်း အခန့်မသင့်လို့ ဆုံးရှုံးမှုဖြစ်ခဲ့ရင် တစ်ခြားသော အတုတွေထက် အဆပေါင်းများစွာ ဆုံးရှုံးမှု ကြီးမားပါတယ် ။

ကျွမ်းကျင်ဝါရင့်တဲ့အိမ်ခြံမြေ လုပ်ငန်း ကျွမ်းကျင်တဲ့ လူတွေ အကျိုးဆောင်တွေကတော့ စာရွက်အသား ၊ အရောင် ၊ အထူးအပါးကို ကိုင်ကြည့်တာနဲ့ နှစ်ပေါင်းများစွာ လုပ်လာခဲ့တဲ့ အတွေ့အကြုံအရစာရွက်စာတမ်း အတု အစစ်ကို ရာခိုင်နှုန်းတော်တော်များများထိ မှန်အောင် ခန့်မှန်းတွက်ဆလို့ ရပေမယ့် အခုမှ အိမ်ခြံမြေ အရောင်းအ၀ယ်နဲ့ အကျိုးဆောင်လောကထဲကို ၀င်လာတဲ့ လူတွေ အနေနဲ့ မလွယ်ကူနိုင်ပါဘူး။ ၀ါရင့် ကျွမ်းကျင်သူတွေတောင် အခုနောက်ဆုံးပေါ် နည်းပညာသစ်တွေကြောင့် တစ်ခါတစ်လေ အမှားအယွင်းတွေ ရှိတက်ကြပါတယ် ။

စာရွက်စာတမ်း အတုအစစ် မှန်မမှန် စစ်ဆေးမယ် ဆိုရင်လည်း စည်ပင်ဘက်က ဂရန် အမည်ပေါက် မှန်မမှန်ကိုဘဲ စစ်ဆေးပေးတာဖြစ်ပါတယ် ၊ ဂရန်မူရင်း ပိုင်ရှင်အစစ်ကို ပြောမှာ မဟုတ်တဲ့အတွက် အတုလုပ်တဲ့ လူတွေ အတွက် မြေကွက်ပိုင်ရှင် အစစ် ဘယ်သူဘယ်ဝါဆိုတာ မသိနိုင်အောင် အတက်နိုင်ဆုံး ကာကွယ်ပေးထားတဲ့စနစ်ကလေးတော့ ရှိကြပါတယ် ၊ ဒါတောင်မှဘဲ အတု လုပ်တဲ့ လူတွေက မြေကွက်ပိုင်ရှင်အစစ် နာမည်ကို သိပြီး အသုံးချလုပ်စားသွားကြလို့ အတုအစစ် ရှင်းရတဲ့ ဇာတ်လမ်းတွေကလည်း မကြာခဏ ကြားနေမြင်နေရ ဆဲဖြစ်ပါတယ်။

စည်ပင်ဘက်ကတော့ စာရွက်စာတမ်း အစစ် အတုခွဲခြားမှုကို ပိုင်ရှင်နာမည် ၊ သက်ဆိုင်ရာတံဆိပ် ၊ လက်မှတ် ၊ နေ့စွဲ နဲ့ သတ်မှတ်ထားတဲ့ အချက်အလက်တွေ အားလုံးကို သေချာစစ်ဆေးပြီးမှ အကြောင်းပြန်ပေးတာ ဖြစ်ပြီး ၀န်ဆောင်ခ ကတော့ ၅၀၀၀ ကောက်ခံပါတယ် ၊ သေချာတာတစ်ခုကတော့ အတုအစစ် ပိုင်ဆိုင်မှု ပြသနာတွေကို ရဲစခန်း နဲ့ တရားရုံးတွေက တဆင့် သာ ဖြေရှင်းကြဖို့ ရှိပါတယ် ။

နောက်ပိုင်းကျရင်တော့ မြေနဲ့ ပက်သက်ပြီး လျှောက်ထားတာတွေက အစ လုပ်ထုံးလုပ်နည်းတော်တော်များများကို အွန်လိုင်းစနစ်က နေသုံးဖို့ အရှိန်ယူနေပြီဖြစ်လို့ စာရွက်စာတမ်း ထိန်းသိမ်းရတဲ့ ပြသနာ ၊ ငွေကြေးအရှုပ်အရှင်း ၊ လာဘ်ပေးလာဘ်ယူ ပြသနာတွေ အပြင် အကျိုးဆောင်တွေ ရှေ့နေတွေက နေ လာရောက်လျှောက်ထားမှု တွေ ပပျောက်သွားမှာဖြစ်ပါတယ် ၊ သစ်မရခင် ၀ါးကူဆိုသလို ဘဲ စပ်ကူးမတ်ကူး ကာလ အတွင်းမှာတော့ မြေ၀ယ်မယ် ဆိုရင် ငွေအကြေမပေးချေခင် မိမိဝယ်တဲ့ မြေအတွက် စိတ်ချရအောင် ၊ရောင်းချသူ လက်ဝယ်ကနေ မိမိ လက်ဝယ်ရောက်လာမယ့် စာရွက်စာတမ်း စစ်မစစ်ကို ငွေနည်းနည်းပါး ပါးလောက်ဘဲ အကုန်ကျခံရမှာဖြစ်လို့ ကြိုတင်စစ်ဆေးပြီးမှသာ ၀ယ်ယူဖို့ လိုပါတယ်၊သိန်း ၁၀၀၀ လောက်ဈေးကွက်ပေါက်ဈေးဖြစ်နေတဲ့ မြေကို သိန်း ၃၀၀ လောက်နဲ့ အလျင်အမြန် ထိုးရောင်းတာတို့ ၊ မတန်တဆ ဈေးနှုန်းနဲ့ ငွေပေါ် အမြန်ရောင်းတဲ့ လူတွေ လက်ထဲက ၀ယ်မယ် ဆိုရင်ပိုပြီး သတိထားဖို့ အရေးကြီးပါတယ် ၊

ဒဂုံအရှေ့က သိန်း တစ်ရာလောက်တန်တဲ့ မြေကွက်တစ်ကွက်ကို သိန်း ၆၀ လောက်နဲ့ ရောင်းလို့ စာရေးသူ သူငယ်ချင်းက စည်ပင်မှာ ပိုင်ရှင်မြေကွက် အတုအစစ် မှန်မမှန် သွားစစ်လိုက်တဲ့ အခါ မမှန်မကန် ဖြစ်နေတဲ့ မြေကွက် ပိုင်ဆိုင်မှု ဖြစ်နေလို့ ပေးပြီးသား စရံငွေတောင် မနည်းရအောင် ပြန်လိုက်တောင်းရတဲ့ အခြေအနေ ထိ ဖြစ်ခဲ့သလို စကားလည်း အခြေအတင် ပြောခဲ့ရပါတယ် ။
လက်လွှဲလက်ပြောင်းရောင်းတဲ့ မြေကွက်တွေ ဆိုရင် ပိုလို့တောင် စာရွက်စာတမ်း အတုအစစ် ကိစ္စက ပိုပြီး ဂရုစိုက်ဖို့လိုပါတယ် ။

ဒါကြောင့် အတုတွေပေါတဲ့ ဒီလောက ကြီးမှာ ရောင်းမှားဝယ်မှားမဖြစ်အောင် သေသေချာချာ အချိန်ယူစစ်ဆေးပြီးမှ သာ ၀ယ်ယူဖို့လိုပါတယ် ၊ ဘ၀တစ်ခု ဆိုတာ အမှားတစ်ချက်ကြောင့် အချိန်မရွေး မိနစ်ပိုင်းအတွက် ပျက်စီးဆုံးရှုံး နိုင်တယ်ဆိုပေမယ့် ဘ၀တစ်ခု ထူထောင်ဖို့ ဆိုတာ ကတော့ နှစ်ပေါင်းများစွာ ရင်းနှီးတည်ဆောက်ရတာဖြစ်လို့ ရောင်းမှားဝယ်မှား မဖြစ်အောင် အထူးသတိထား စီစစ်ပြီးမှ ၀ယ်ယူသင့်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ် ။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service