အောင်မြင်သော လုပ်ငန်းများဆောင်ရွက်လေ့ရှိသည့် နည်းဗျူဟာ ၄ချက်

အောင်မြင်သော လုပ်ငန်းများဆောင်ရွက်လေ့ရှိသည့် နည်းဗျူဟာ ၄ချက် - Property Knowledge in Myanmar from iMyanmarHouse.com
23 Jan 2017 12:05 pm တွင် တင်ခဲ့သည်
1472 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

အောင်မြင်တဲ့လုပ်ငန်းများ အသုံးပြုသော နည်းဗျူဟာ ၄ချက် တီထွင်မှုနဲ့ တိုးတက်ဖို့အတွက် အောင်မြင်တဲ့ကုမ္ပဏီတွေ ဘာလုပ်လဲဆိုတာကို ကျွန်တော်တို့လေ့လာ လို့ရပါတယ်။ ကမ္ဘာပေါ်မှာအအောင်မြင်ဆုံး ကုမ္ပဏီများသည် အနည်းဆုံးအောက်ပါ အချက်လေးချက်ကို လိုက်နာလေ့ရှိသည်။

၁. အခြား S-curve ကိုရှာဖွေချင်း
၂. ၀ယ်ယူသူအပေါ်မှီခိုခြင်း
၃. ဒီဇိုင်နာတစ်ဦးကဲ့သို့ စဉ်းစားခြင်း
၎. ဦးဆောင်ခြင်း

၁. အခြား S-Curve ကိုရှာဖွေခြင်း

ဘယ်အရာမှတစ်သက်လုံး ကြီးထွားနေမှာမဟုတ်ပါဘူး။ အကောင်းဆုံးသော ပစ္စည်း၊ ဈေးကွက်နဲ့စီးပွားရေး model များဟာ အချိန်တစ်ခုရောက်တဲ့အထိ ကြီးထွားပြီး၊ အချိန်တန်တဲ့အခါ ကြီးထွားမှုရပ်သွားပါသည်။ လုပ်ငန်းပြိုင်ဆိုင်မှုကြီးမားလာတဲ့အခါ၊ အခြားကုမ္ပဏီပစ္စည်းများမှ ပိုမိုကောင်းမွန်သော အရည်အသွေးပေးနိုင် သောအခါ၊ နည်းပညာ မြှင့်တင်ရန်လိုအပ်လာသောအခါ လုပ်ငန်းဝင်ငွေများဟာ တဖြည်းဖြည်းလျော့ကျလာ ပါသည်။

တိုးတက်နေသောလုပ်ငန်းများသည် မိမိတို့ခန့်မှန်းထားသည့် ပုံစံနဲ့ပဲ လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ကြ ပါသည်။ ဒီလို S curve ဟာပိုမိုထင်ရှားလာတဲ့အခါမှာ နောက်အကြိမ် Growth strategy ကိုဆွဲဖို့အတွက် တော်တော်နောက်ကျသွားပါပြီ။ တီထွင်ဖို့အကောင်းဆုံးအချိန်ဟာ ဒီ growth curve ပြောင်းလဲချိန်ပါ။ ဒါပေမယ့် ဒီ growth curve ဟာဘယ်အချိန်မှာ ပြောင်းလဲမလဲ မသိနိုင်တဲ့အတွက် စဉ်ဆက်မပြတ် ကုမ္ပဏီဟာတီထွင်နေဖို့လိုပါသည်။ Steve Jobs ဟာဒီအချက်ကိုနားလည်ပြီး Apple ကို ပြန်လာတဲ့အချိန်မှာ သူ့ကုမ္ပဏီရဲ့ အောင်မြင်မှု ရပ်တန့်နေတဲ့အချက်ကို ပြောင်းပြန်လှန်လိုက်ပါတယ်။ ဒီအချိန်မှာ Apple သည် ဈေးကွက်ဝေစု ၁၀ ရာခိုင်နှုန်း ထက်မပိုခဲ့ပါဘူး။ ပြီးတော့ ၂၀၀၂ ခုနှစ် Time Magazine မှာ ကျွန်တော်ဟာ Sony ၊ Microsoft တို့နဲ့ယှဉ်ပြိုင်မှာ ပါလို့ပြောခဲ့ပါသည်။ နောက် ၈နှစ်အကြာမှာ IPod၊ iPhone၊ iPad နဲ့အခြား ဈေးကွက်ကစားမှုပုံစံတွေကို ပြောင်းလဲခဲ့ပြီး၊ Jobs ကသူ့ရဲ့ အောင်မြင်မှုကိုကြော်ငြာခဲ့ပြီး၊ Apple Computer မှ Apple Inc. လို့ပြောင်းလဲခဲ့ပါသည်။ iPod ကို စတင်မိတ်ဆက်စဉ်က Jobsက Apple စာ ကမ္ဘာပေါ်မှာအကြီးဆုံး ဖုန်းကုမ္ပဏီဖြစ်ရမယ်လို့ ကြော်ငြာခဲ့ပြီး၊ Sony၊ Samsung နှင့် Nokia တို့ထက် အောင်မြင်ရမယ်လို့ ကြော်ငြာခဲ့ပါသည်။

၂. ၀ယ်ယူသူကို မှီခိုပါ။

အောင်မြင်တဲ့ကုမ္ပဏီများသည် ၀ယ်ယူသူရဲ့ပြသနာကို ကောင်းကောင်းနားလည်သူများ ဖြစ်ကြပါသည်။ ဒီလုပ်ငန်းများဟာ ၀ယ်ယူသူကိုနားလည်ပြီး၊အခွင့်အလမ်းကောင်းများ ဖော်ထုတ်ဖို့အတွက် နည်းလမ်းတွေ ရှိကြပါသည်။ ၀ယ်ယူသူရဲ့အမြင်ဟာ ကိုယ့်ထုတ်ကုန်ကို တီထွင်ဖို့အတွက် အခြေခံဖြစ်ပြီး၊ ပုံစံငယ်ထုတ်ခြင်း၊ ထုတ်ကုန်သုံးစွဲသူများနှင့်ပူးတွဲပြီး ဒီဇိုင်းများတီထွင်ခြင်း တို့ကိုလုပ်ဆောင်ကြပါသည်။

ကျွန်တော်အမြဲတမ်းစိတ်ဝင်စားခဲ့တာက အချို့ကုမ္ပဏီများသည် သူတို့ရဲ့အချိန်အချို့ကိုအလုပ်ကနေ သွားပြီး ၀ယ်ယူသူများနဲ့ တွေ့ဆုံဖို့ကြပါတယ်။ IBM မှ Lou Gersterner ဟာ ကုမ္ပဏီဝန်ထမ်းများကို ၀ယ်ယူ သူများနဲ့ တွေ့ဆုံနိုင်အောင်ဖန်တီးပေးပါသည်။ IBM ထိပ်တန်းအဆင့်ဝန်ထမ်း ၅၀ ဟာ တစ်ပတ်မှာ ၀ယ်ယူသူ ၅ဦးနဲ့တွေ့ဆုံရမယ်လို့ စနစ်ထုတ်ပြန်ထားပါသည်။

၃. ဒီဇိုင်နာတစ်ဦးကဲ့သို့ စဉ်းစားပါ။

မန်နေဂျာတစ်ဦးဟာ ရွေးချယ်ဖို့နဲ့၊ ဆုံးဖြတ်ချက်ချဖို့အတွက် သင်ကြားထားတာဖြစ်ပြီး၊ သူတို့မှာ ရွေးချယ်ဖို့အကောင်းဆုံးဆိုပြီး မရှိပါဘူး။ တီထွင်မှုမှာ ရွေးချယ်ဖို့အသစ်တွေဖန်တီးတာလည်း ပါဝင်ပါသည်။ Apple သုံးစွဲသူတွေအတွက် ဖန်တီးထားတဲ့ ဖုန်းဟာ Jonathan Ive ဆိုတဲ့ ဒီဇိုင်နာတစ်ဦး တီထွင်ထား တာဖြစ်ပါသည်။ ဒီဇိုင်းများစဉ်းစားရန်အတွက် အခြားလိုအပ်ချက်တွေရှိပါသည်။ တိုးတက်နေသောကုမ္ပဏီများသည် Porter’s Five Forces ကို မေ့ထားကြပြီး၊ ဈေးကွက်ဟာ ခိုင်မာပြီး၊ ပြိုင်ဆိုင်သူများဟာ သူတို့ဈေးကွက်ဝေစုအတွက် ပြိုင်ဆိုင်ရမှာပဲလို့ သတ်မှတ်ထားပါသည်။ သူတို့ဟာ အခြားမဖော်ထုတ်ထားတဲ့ ဈေးကွက်ကိုရှာဖွေမယ့်အစား (Blue Ocean Strategy) ၊ လက်ရှိဈေးကွက်ကို ပြိုင်ဆိုင်ကြပါတယ်။

၎. ဦးဆောင်ခြင်း

CEO ဟာ တီထွင်ဖန်တီးမှုကို ဦးစားပေးအနေနဲ့မထားရင်၊ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ တီထွင်ဖန်တီးမှုမှာ အန္တရာယ်များမှု၊ ရှုံးနိမ့်မှုတို့ အတိုင်းအတာတစ်ခုအထိ ရှိနိုင်ပါသည်။ အအောင်မြင်ဆုံးကုမ္ပဏီများသည် တီထွင်မှုကို အားပေးတဲ့ပတ်ဝန်းကျင်ကို ဖန်တီးထားပါသည်။ Howard Schultz ဟာ Starbucks သည်သူ့ရဲ့လမ်းကြောင်းပျောက်သွားပြီလို့ ယူဆတဲ့အခါမှာ၊ တစ်ကမ္ဘာလုံးမှာ ကော်ဖီဆိုင်များကို သွားရောက်ပြီး၊ ဆိုင်ဒီဇိုင်းနဲ့ အတွေ့အကြုံကိုပြောင်းလဲ ခဲ့ပါသည်။ Google ဟာသူ့ဝန်ထမ်းများကို တစ်ပတ်မှာတစ်ရက် idea အသစ်တွေစဉ်းစားဖို့ တွန်းအားပေးပါသည်။ P&G ဟာသူတို့ ထုတ်ကုန်နဲ့ ၀န်ဆောင်မှုအသစ်ရဲ့ ၀င်ငွေကိုအမြဲ tracking လိုက်ပါသည်။ Amazon ထူထောင်သူဖြစ်တဲ့ Jeff Bezos ဟာသူ့ဝန်ထမ်းများနဲ့ ရှယ်ယာရှင်တွေကို အမြတ်ထက်၊ နောင်နှစ် ၅နှစ်နဲ့ ၇နှစ်ကြားမှာ အရင်းကျေနိုင်တဲ့ လုပ်ငန်းအမျိုးအစားကို ပိုသဘောကျတယ်လို့ပြောခဲ့ပါသည်။


Credit: Advertising Directory

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service