မကြာခင်ထွက်ပေါ်လာမဲ့ ဥပဒေအသစ်တွေနဲ့ ရင်းနှီမြုပ်နှံမှုဆိုင်ရာ
နည်းဥပဒေတွေကြောင့် ရန်ကုန်အိမ်ခြံမြေ ဈေးကွက် ကောင်း
လာနိုင်တယ်လို့ စိုင်းခွန်နောင်အိမ်ခြံမြေလုပ်ငန်းရှင် ဦးစိန်းခွန်နောင်
ကပြောပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေ အလေးထား
စောင့်ကြည့်နေတဲ့ ရင်းနှီမြုပ်နှံမှုဥပဒေအ တည်ပြုထားပြီး
မကြာခင်နည်းဥပဒေထပ်မံထွက်ပေါ်လာမှာကြောင့် လုပ်ငန်းအ
သစ်တွေဝင်ရောက်လာပြီး စီး ပွားရေးနဲ့ အိမ်ခြံမြေလုပ်ငန်းတွေ အကောင်းဘက်မှာရှိလာတော့မှာဖြစ်ပါတယ်။
ဒါ့အပြင်အိမ်ခြံမြေလုပ်ငန်းရှင်တွေမျှော်လင့်နေတဲ့ ကွန်ဒိုဥ
ပဒေကလည်း အခုနှစ်အတွင်း ထွက်ပေါ်လာဖို့ အ လားအ
လာကောင်းတွေရှိတာကြောင့် မြန်မာအိမ်ခြံမြေဈေးကွက်က
အခုနှစ်မှာအတက်ဘက်မှာ ရှိနေနိုင်တယ် လို့ခန့်မှန်းထား
တာဖြစ်ပါတယ်။
အစိုးရအပြောင်းအလဲနောက်ပိုင်း အခုနှစ်ပွင့်လင်းရာသီမှာ
ဆောက်လုပ်ရေးလုပ်ငန်းတွေလည်း ပြန်လည် ကောင်းမွန်
လာတာကြောင့်လည်း အိမ်ခြံမြေဈေးကွက်မှာ အလားအ
လာကောင်းတွေ တွေ့မြင့်နေရပါတယ်လို့ အောင်မြင်သူဆောက်
လုပ်ရေးလုပ်ငန်း တာဝန်ခံတစ်ဦးကလည်း ပြောဆိုပါတယ်။
မူဝါဒအလှည့်အပြောင်းတွေနဲ့ အုပ်ချုပ်ရေးတာဝန်အလွှဲအ
ပြောင်းတွေကြောင့် ပြီးခဲ့တဲ့နှစ်မြန်မာအိမ်ခြံမြေဈေး ကွက်က
ပိုမိုအေးစက်နေပြီး အဌားလုပ်ငန်းတွေနဲ့ အသက်ဆက်ခဲ့ရတဲ့ အခြေအနေတွေဖြစ်ပေါ်ခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေ
မှာလည်း အရစ်ကျစနစ်တွေ လျှော့ဈေးတွေဖြင့် လုပ်ငန်းရပ်
တည်နိုင်အောင် ကြိုးစားခဲ့ရ တယ်လို့လည်း ယင်းလုပ်ငန်းရှင်
တွေထံကသိရပါတယ်။
Credit: SFJ Strategy First