စစ်ကိုင်းမြို့တွင် ပထမ ဦးဆုံး ပြည်သူ့ အငှားအိမ်ရာ စီမံကိန်း စတင်တည်ဆောက်နေပြီး ဝင်ငွေနည်းပြည်သူများအတွက် ငှားရမ်းမည်ဖြစ်ကြောင်း စစ်ကိုင်း မြို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သတင်းရရှိသည်။
စစ်ကိုင်းမြို့ ဆွမ်းချက်ရပ် ကွက် နွားပွဲဈေးအနီး ၁ ဒသမ ၁ ဧက ကျယ်သည့် မြေပေါ်တွင် ၁၂ ခန်းတွဲ လေးထပ် အဆောက်အအုံ နှစ်လုံးကို ကျပ် ၄၈၂ သန်းဖြင့် စတင် တည်ဆောက်နေပြီး စုစု ပေါင်း ၉၆ ခန်းပါရှိမည်ဖြစ် ကြောင်း စစ်ကိုင်းမြို့နယ် မြို့ပြ နှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်စုမွန်ဝေက ပြောသည်။
‘‘စစ်ကိုင်းမြို့နယ်အတွင်းမှာ ရှိတဲ့ အိမ်မဲ့ဝင်းမဲ့ ဝင်ငွေနည်းပြည်သူတွေကို ငှားပေးမှာပါ။ ဝန်ထမ်း အငြိမ်းစားတွေ ပင်စင်ယူပြီးလို့ အိမ်မဲ့ဝင်းမဲ့ဖြစ်နေတဲ့သူတွေ လည်း လာလျှောက်လို့ရပါတယ်’’ ဟု ဒေါ်စုဝေမွန်က ပြောကြား သည်။
တစ်ခန်းလျှင် ၄၄၁ စတုရန်း ပေ ကျယ်ဝန်းပြီး ရေချိုးခန်း၊ အိမ် သာ ပါဝင်မည်ဖြစ်ကာ ရေမီးစနစ် လည်း ရရှိမည်ဖြစ်ကြောင်း၊ ပျမ်း မျှ တစ်လလျှင် ကျပ်သုံးသောင်း ခန့်ဖြင့် ငှားရမ်းမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
၂၀၁၆ ဒီဇင်ဘာ ၁၆ ရက် က စတင်တည်ဆောက်နေပြီဖြစ် ပြီး ယခု ဘဏ္ဍာနှစ်မကုန်မီ ပြီးစီး အောင် ဆောင်ရွက်မည်ဖြစ် ကြောင်း၊ တည်ဆောက်ပြီးစီးပါ က ငှားရမ်းနေထိုင်ရန် လျှောက် ထားသူများပြားလျှင် မဲစနစ်ဖြင့် နေရာချထားငှားရမ်းမည်ဟု စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ သိရသည်။
စစ်ကိုင်းမြို့တွင် မြို့ပေါ်ရပ် ကွက် ၁၈ ခုနှင့် ကျေးရွာအုပ်စု ၈၁ အုပ်စုရှိကာ ၂၀၁၄ မြန်မာ နိုင်ငံလူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်းအရ စစ် ကိုင်းမြို့နယ်၌ လူဦးရေ ၃၀၇,၁၉၄ဦးရှိပြီး မြို့ပြ၌ နေထိုင်သူ ၈၁,၄၃၂ဦးရှိကာ ကျေးလက်နေထိုင်သူ ၂၂၅,၇၆၂ ဦးရှိကြောင်း ဖော်ပြ ထားသည်။
Credit: 7DayDaily