ရန်ကုန်တိုင်းဒေသကြီးတွင် တစ်နှစ်အတွင်း အိမ်ရာအခန်းပေါင်း ၄၀၀၀ တည်ဆောက်ရန် ပြင်ဆင်နေဟု ဆို

ရန်ကုန်တိုင်းဒေသကြီးတွင် တစ်နှစ်အတွင်း အိမ်ရာအခန်းပေါင်း ၄၀၀၀ တည်ဆောက်ရန် ပြင်ဆင်နေဟု ဆို - Property News in Myanmar from iMyanmarHouse.com
23 Jan 2017 9:57 am တွင် တင်ခဲ့သည်
1860 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီးတွင် တစ်နှစ်အတွင်း အိမ်ရာ အခန်းပေါင်း ၄၀၀၀ ကို တည်ဆောက် အကောင်အထည်ဖော်ရန် ပြင်ဆင်လျက် ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ဇန်န၀ါရီ ၂၁ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း၌ တွေ့ဆုံစဉ် ပြောကြားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် လာမည့် နှစ်နှစ်အတွင်း အိမ်ရာ ယူနစ်ပေါင်း ၈၀၀၀ ကို အကောင်အထည်ဖော်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက် ရှိသည်။

“ပထမဦးစွာ သန်လျင်ဘက်အခြမ်းမှာ အောင်ချမ်းသာအိမ်ရာ စီမံကိန်းကို ဆောင်ရွက်သွားဖို့ ရှိပါတယ်။ အဲဒီမှာ တန်ဖိုးနည်းအိမ်ရာတွေ ပါဝင်ပြီး ဆောင်ရွက်မှာဖြစ်ပါတယ်။ အလားတူ လှိုင်သာယာ ကျန်စစ်မင်းအိမ်ရာ အပိုင်း-၂၊ အပိုင်း-၁ ကတော့ ဆောက်လုပ်လျက် ရှိပါတယ်။ ဆက်လက်ပြီး ကျန်စစ်မင်းအိမ်ရာအပိုင်း-၂ မှာ တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာတွေကို တည်ဆောက်သွားမှာ ဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောကြားသည်။

“လက်ရှိမှာ ဆောင်ရွက်နေတဲ့ အခြားသော စီမံကိန်းတွေလည်း ရန်ကုန်တိုင်းဒေသကြီးမှာ ရှိပါတယ်။ ဒဂုံဆိပ်ကမ်း၊ ဒဂုံတောင်မှာရှိနေတဲ့ အောင်မြင့်မိုရ်အိမ်ရာ စီမံကိန်း၊ ရိုးမအိမ်ရာ စီမံကိန်း ဒါတွေကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ လာမယ့် တစ်နှစ်အတွင်း အိမ်ရာယူနစ် ၄၀၀၀ လောက်ကို အကောင်အထည် ပေါ်လာအောင်၊ တည်ဆောက်နိုင်အောင် ဆောင်ရွက်နေပါပြီ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ထို့ပြင် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ မူလရည်မှန်းချက်အတိုင်း သတ်မှတ်ထားသည့် အခန်းပေါင်း ၈၀၀၀ ကို ပြည့်မီအောင် တည်ဆောက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“တန်ဖိုးနည်း၊ တန်ဖိုးမျှတ အိမ်ရာတွေကို ဦးစားပေးပြီး တည်ဆောက် အကောင်အထည်ဖော်လျက် ရှိပါတယ်။ ဒီလို တည်ဆောက် အကောင်အထည်ဖော်ရာမှာ လူဦးရေ သိပ်သည်းမှု များပြားတဲ့ ရန်ကုန်တိုင်းဒေသကြီး အတွင်းကို ဦးစားပေး အကောင်အထည်ဖော်ပါတယ်။ ဒါ့အပြင် အခြားသော တိုင်းဒေသကြီး၊ ပြည်နယ်တွေကိုလည်း တစ်ချိန်တည်း တစ်ပြိုင်တည်း တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး အကောင်အထည်ဖော်လျက် ရှိပါတယ်” ဟု ဦးမင်းထိန်က ပြောကြားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service