အမှန်တကယ်နေထိုင်မည့်သူများ ၀ယ်ယူလာခြင်းကြောင့် မန်းအိမ်ခြံမြေဈေး ကွက်အရောင်းအ၀ယ်သွက်

အမှန်တကယ်နေထိုင်မည့်သူများ ၀ယ်ယူလာခြင်းကြောင့် မန်းအိမ်ခြံမြေဈေး ကွက်အရောင်းအ၀ယ်သွက် - Property News in Myanmar from iMyanmarHouse.com
20 Jan 2017 11:36 am တွင် တင်ခဲ့သည်
1485 ကြိမ် ကြည့်ရှု့ပြီး
မန္တလေး အိမ်ခြံမြေဈေးကွက်အတွင်း ရင်းနှီး မြှုပ်နှံလိုသူ နည်းပါးနေသော်
လည်း အမှန်တကယ်နေထိုင်မည့်သူများမှ ၀ယ်ယူလာခြင်းကြောင့် အရောင်း
အ ၀ယ်သွက်လျက်ရှိကြောင်း မန္တလေး တိုင်းဒေသကြီး အိမ်ခြံမြေကိုယ်စား
လှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်း မှသိရသည်။

ပြီးခဲ့သည့်နှစ်တွင် မန္တလေးအိမ် ခြံမြေဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံ လိုသူနည်းပါးနေခြင်းကြောင့် အရောင်းအ၀ယ်ကျဆင်းခဲ့သော်လည်း ယခုနှစ် ဆန်းပိုင်းတွင် အမှန်တကယ်နေထိုင် မည့်သူများမှ ၀ယ်ယူလာခြင်းကြောင့် အရောင်းအ၀ယ်ပြန်သွက်လာခြင်း ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး အိမ် ခြံမြေကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုး တက်ရေးအသင်း၏ဥက္ကဋ္ဌ ဦးတင်မောင် က ""အိမ်ခြံမြေကဏ္ဍမှာ
ရင်းနှီးမြှုပ်နှံ သူတွေက ပြန်ဝင်ရောက်လာတာမရှိ သေးဘူး။ အခုအရောင်းအ၀ယ်ပြန် သွက်နေတာက အမှန်တကယ်နေထိုင် မယ့်သုံးစွဲသူတွေ ၀ယ်ယူလာ
တာကြောင့် အရောင်းအ၀ယ် ပြန်သွက်နေတာပါ။

အကွက်ငယ်တွေသာမကဘူး အကွက် ကြီးတွေပါ အရောင်းအ၀ယ်ပြန်ဖြစ် လာပါတယ်""ဟု ဇန်န၀ါရီ ၁၉ ရက် က ဒီမိုကရေစီတူဒေးသို့ပြောသည်။
ယင်းသို့ မန္တလေးအိမ်ခြံမြေဈေး ကွက်အတွင်း အိမ်ခြံမြေတိုက်ခန်း
အရောင်းအ၀ယ်များ ပြန်လည်အရောင်း သွက်လာသော်လည်း ပေါက်ဈေး
ထက် ဈေးနှုန်းတိုးမြှင့်ရောင်းချခြင်းမရှိဘဲ ဈေးနှုန်း လျှော့ချရောင်း
ချမှုများသာ ရှိကြောင်း သိရသည်။

ဦးတင်မောင်က ""အရောင်းက ဈေးမတက်သလို အငှားမှာလည်းဈေး မတက်ပါဘူး။ အရောင်းအ၀ယ်ဈေး ကွက်ထက် အငှားဈေးကွက်ကပိုသွက်ပါ တယ်။ အငှားများပေမယ့်အငှားဈေး တက်သွားတာမရှိဘူး""ဟုပြောသည်။
လက်ရှိတွင် မန္တလေးတိုင်းဒေသ ကြီး အိမ်ခြံမြေကိုယ်စားလှယ်များဖွံ့ ဖြိုးတိုးတက်ရေးအသင်းသည် အိမ်၊ ခြံ၊ မြေ ၀န်ဆောင်မှုဥပဒေ
မူကြမ်းအား မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှု အသင်း၊ ရန်ကုန်တိုင်း
အိမ်ခြံမြေလုပ် ငန်းရှင်များအသင်း၊ ဆောက်လုပ်ရေး ၀န်ကြီးဌာနအပါအ၀င် သက်ဆိုင်ရာ အစိုးရဌာနများနှင့်ပူးပေါင်း၍ အိမ်ခြံ မြေ၀န်ဆောင်မှု ဥပဒေမူကြမ်းအား ရေးဆွဲလျက်ရှိကြောင်းသိရသည်။

မန္တလေးမြို့အခြေစိုက် နှင်း ဧကရီအိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ် ငန်းမှ
ဒေါ်မာချိုက ""ဈေးကွက် အရောင်းအ၀ယ်အေးစက်တာ စီးပွား ရေး
မကောင်းတာကြောင့် ၀ယ်ရောင်း တွေရင်းနှီးမြှုပ်နှံမှုတွေ မလုပ်နိုင်ကြ တာလည်းပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်လာနိုင်အောင် နိုင်ငံခြား
ရင်းနှီး မြှုပ်နှံမှုတွေ ၀င်လာနိုင်အောင်ခိုင်မာ တဲ့ ဥပဒေပြဋ္ဌာန်းပြီး
ရင်တော့အလား အလာကောင်းလာနိုင်မယ်လို့မျှော်လင့်တယ်""ဟုပြောသည်။

Credit: Democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service