မလေးရှားတွင် ယခုအချိန်အိမ်ခြံမြေ ဝယ်ယူခြင်းမပြုသေးဘဲ ငှားရမ်းနေထိုင်ခြင်းက ပိုမိုကောင်းမွန်ကြောင်း အိမ်ခြံမြေ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား

မလေးရှားတွင် ယခုအချိန်အိမ်ခြံမြေ ဝယ်ယူခြင်းမပြုသေးဘဲ ငှားရမ်းနေထိုင်ခြင်းက ပိုမိုကောင်းမွန်ကြောင်း အိမ်ခြံမြေ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား - Property News in Myanmar from iMyanmarHouse.com
20 Jan 2017 11:04 am တွင် တင်ခဲ့သည်
890 ကြိမ် ကြည့်ရှု့ပြီး
မလေးရှားတွင် အိမ်ခြံမြေ ဝယ်ယူမည့်သူများအနေဖြင့် ဈေးနှုန်းများ ကျဆင်းချိန်ကိုစောင့်ဆိုင်းသင့်ကြောင်းကွာလာလမ်ပူအခြေစိုက် အိမ်ခြံမြေအတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးကအကြံပေးပြောကြားသည်ဟုမလေးရှားအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ကမ္ဘာ့စီးပွားရေးနှေးကွေးနေသည့်ကာလလက်ရှိအိမ်ခြံမြေပေါက်ဈေးများဖြင့် ဝယ်ယူခြင်းမှာမိမိကိုယ်ကိုအဆုံးစီရင်ခြင်းမျိုးသာ ဖြစ်ကြောင်းပြောကြားသည်ဟုဆိုသည်။
အားနက်စ် ချောင်သည် အိမ်ခြံမြေအတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် နှစ်ပေါင်း ၄၀ ကျော်အတွေ့အကြုံရှိခဲ့သူတစ်ဦးဖြစ်သည်။

အိမ်ခြံမြေဈေးကွက်သည် သီးခြား ရပ်တည်နိုင်သည့် ဈေးကွက် မဟုတ်ကြောင်းနှင့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအခြေအနေများကို အာရုံစိုက် စောင့်ကြည့်ရန်လိုအပ်ကြောင်း အားနက်စ်ချောင်ကပြောကြားသည်။

အိမ်ခြံမြေအပိုင်ရှိခြင်းကသာမိသားစုတစ်ခု၏ နေရေးကိုအာမခံချက်ပေးလိမ့်မည်ဟူသောယုံကြည်ချက်များကိုစွန့်ပစ်ကြရန် အားနက်စ်က အကြံပေးခဲ့ပြီး အိမ်ငှားဘဝဖြင့် နေထိုင်နိုင်သေးကြောင်းပြောကြားသည်။

“ခင်ဗျားတို့ အိမ်ခြံမြေ ဆရာကြီးတွေလို့ ခေါ်နေတဲ့သူတွေက အိမ်ခြံမြေတန်ဖိုးရေရှည်မှာ ပြန်ဆပ်နိုင်ဖို့ အလားအလာမရှိတဲ့သူတွေကိုအိမ်ဝယ်ဖို့ တိုက်တွန်းနေကြတဲ့သူတွေပဲ။ အိမ်ခြံမြေဆိုတာဘယ်တော့မှ ဈေးမကျဘူး… ဒီတော့အိမ်ဝယ်တာဟာရင်းနှီးမြှုပ်နှံခြင်းပဲလို့ သူတို့ကပြောကြလိမ့်မယ်”

“အရစ်ကျဆပ်ရမယ့် ငွေကိုခင်ဗျားမဆပ်နိုင်ရင်၊ ဒီအိမ်ကလည်း ပြန်ရောင်းခွင့်မရှိဘူးဆိုရင်၊ ပြန်ငှားထုတ်မယ်ဆိုသည့်တိုင် ရလာမယ့်ငှားခကအရစ်ကျဆပ်ရမယ့်ငွေ မပြည့်မီဘူးဆိုရင် ဘာတွေဖြစ်လာမလဲ။ ခင်ဗျားဒုက္ခလှလှ ရောက်ပြီပေါ့ဗျာ” ဟုအားနက်စ်ချောင်ကဆိုသည်။

မလေးရှားတွင် မကြာသေးမီက ပြုလုပ်ခဲ့သောစစ်တမ်းတစ်ရပ်အရ ၂၀၁၇ ခုနှစ်အတွင်းမလေးရှားအိမ်ခြံမြေဈေးကွက် အခြေအနေမကောင်းလှသည့်တိုင် ဝယ်လက် ၅၈ ရာခိုင်နှုန်းသည် ပထမ ၆ လတာကာလအတွင်းအိမ်ခြံမြေဝယ်ယူကြဖွယ်ရာရှိနေကြသည်။
အားနက်စ်ချောင်ကမူစီးပွားရေးမရေရာသည့် ကာလမျိုးတွင် နေအိမ်ဝယ်ယူခြင်းထက် ငှားရမ်းနေထိုင်ခြင်းကသာပိုမိုကောင်းမွန်ကြောင်းပြောကြားသည်။
“ငှားနေမယ်ဆိုရင် ပြောင်းလို့ပြင်လို့လွယ်တယ်။ ဆိုပါစို့။ ခင်ဗျားကရင်းဂစ် ၂၀၀၀ ပေးပြီးအိမ်ငှားနေတယ်။ ဒီအချိန်မှာခင်ဗျား (ဒါမှမဟုတ်) ဇနီးကအလုပ်လက်မဲ့ဖြစ်သွားတယ်ဆိုရင် ဈေးသက်သာတဲ့နေရာကိုပြောင်းလို့ရတယ်။ တကယ်လို့သာရင်းဂစ် ၂၀၀၀ အရစ်ကျသွင်းစနစ်နဲ့ အိမ်ဝယ်ခဲ့မယ်ဆိုရင် ခင်ဗျားအနေနဲ့ ခုနလိုအကုန်အကျသက်သာအောင် ရွေးချယ်နိုင်တဲ့လမ်းကြောင်းမရှိတော့ဘူး”

“ဝယ်ထားတဲ့အိမ်ကို ပြန်ငှားထုတ်ပြီးဈေးသက်သာတဲ့နေရာကိုပြောင်းလို့ရတယ်လို့ ခင်ဗျားကပြောမယ်။ မေးစရာကခင်ဗျားအိမ်ကိုရင်းဂစ် ၂၀၀၀ နဲ့ငှားမယ့်သူကိုရှာနိုင်ပါ့မလား။ အငှားဈေးကွက်မှာအိမ်တွေဒီလောက်ပုံနေတဲ့ အချိန်မျိုးမှာခင်ဗျားရဲ့အိမ်ကိုငှားထုတ်နိုင်ပါ့မလားဆိုတာမေးရပါမယ်” ဟုအားနက်စ်ကထောက်ပြသည်။
ထို့ကြောင့် နေအိမ်ဝယ်ယူကြမည့်သူတို့အနေဖြင့် ပြန်လည်ပေးဆပ်ရမည့်ကာလတစ်လျှောက်လုံးအတွက် ငွေပေးသွင်းနိုင်စွမ်းရှိသည်ဟုအခိုင်အမာယုံကြည်မှသာနေအိမ်ဝယ်ယူကြရန် အားနက်စ်ကအကြံပေးသည်။

“လစဉ်နေအိမ်ဖိုးသွင်းရတဲ့ငွေပမာဏဟာအိမ်ထောင်စုတစ်ခုလုံးဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းထက် မပိုသင့်ဘူး။ ၇၅ ရာခိုင်နှုန်းကိုလူနေမှုစရိတ်အတွက်ချန်ထားပြီး ဖြစ်နိုင်ရင် ငွေစုဖို့လိုပါတယ်” ဟုလည်းအားနက်စ်ကဆက်လက်ပြောကြားသည်။

လက်ရှိကာလမလေးရှားအိမ်ငှားဈေးကွက်တွင် ငှားရမ်းမည့်နေအိမ်များအလွန်အကျွံမြင့်တက်နေခြင်းကြောင့် အငှားဈေးများ ပြုတ်ကျလျက်ရှိရာမလေးရှားပြည်သူတို့အနေဖြင့် အဆိုပါအခြေအနေကိုအခွင့်ကောင်းယူကြရန် အားနက်စ်ချောင်ကတိုက်တွန်းသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service