ကွာရှင်းပြီး လင်မယားထံမှ အိမ်နှင့်မြေကို ၀ယ်မည်ဆိုလျှင်....

ကွာရှင်းပြီး လင်မယားထံမှ အိမ်နှင့်မြေကို ၀ယ်မည်ဆိုလျှင်.... - Property Knowledge in Myanmar from iMyanmarHouse.com
19 Jan 2017 11:51 am တွင် တင်ခဲ့သည်
1888 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

''ဒဂုံမြို့သစ်က မြေကွက်တစ်ကွက်သွားကြည့်ပြီး ပြန်လာတာ''

စိတ်ပျက်နေသည့် ပုံစံဖြင့် ရုံးခန်းထဲသို့ ဝင်လာသော သူငယ်ချင်း ၏ စကားကိုကြားလိုက်ရသည်။

''ဘယ်လိုဖြစ်လာရပြန်တာလဲ၊ မြေဝယ်ဖို့သွားတာလား၊ အဆောက်အအုံပါသေးလား'' စာရေးသူ က မေးလိုက်ခြင်း ဖြစ်သည်။

''ပေ၄ဝ x ပေ၆ဝ အဆောက်အအုံလည်း ပါတယ်။ ဝယ်မယ်လို့ သွားတော့မှ ကွာရှင်းထားတဲ့ မိန်းမ က ကန့်ကွက်နေလို့ ခဏစောင့်ပါဦးဆိုပြီး ပြောလိုက်တယ်။ ကွာရှင်းပြီးမှ ကန့်ကွက်ပိုင်ခွင့် ရှိသေးလို့ လား။ အဲဒါ စိတ်ထဲ မကျေမနပ်ဖြစ်နေလို့ သူငယ်ချင်း ဆီဝင်လာတာ''

''လင်မယား လက်ထက်ပွား ပစ္စည်းဖြစ်နေလို့ ဖြစ်မှာပေါ့''

''မဟုတ်ဘူးကွ၊ အမည်ပေါက်က ယောက်ျားအမည်ပေါက်နဲ့ဆိုတော့ အမွေခွဲစိတ်ပြီး ဖြစ်မှာပေါ့''

''အသေ ပြောလို့တော့ မရဘူး။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ လင်မယားနှစ်ဦး ပေါင်းသင်းနေစဉ် တိုးပွားရရှိလာတဲ့ ပစ္စည်းကို လက်ထက်ပွား ပစ္စည်းလို့ ခေါ်တယ်။ အဲဒီ လက်ထက်ပွား ပစ္စည်းဆိုရင် လင်မယားနှစ်ဦးလုံး ပူးတွဲပိုင်ရှင်တွေ ဖြစ်တယ်။ တစ်ဦးတည်း သဘောနဲ့ ရောင်းပိုင်ခွင့်မရှိဘူး။
အရောင်းအဝယ် ပျက်ပြယ်တယ်လို့ ဆိုတယ် ''

''အခုကိစ္စက ကွာရှင်းပြီးသားလို့ ပြောတာပဲ''

''အေး-အဲဒီအခြေအနေကို ဆက်ရှင်းပြမယ်။ ဆက်စပ်ပြီး နားလည်မှ သဘောပေါက်မှာ သူငယ်ချင်း''

''ကောင်းပါပြီ၊ ဆက်ပါဦး''

''အချို့လင်မယားတွေက တစ်ဦးတည်းအမည်နဲ့ အိမ်မြေ ဝယ်ထားကြတာရှိတယ်။ အဲဒီလို တစ်ဦး တည်း အမည်ပေါက်ရုံနဲ့ တစ်ဦးတည်းပိုင် ပစ္စည်းအဖြစ် ပြောင်းလဲမသွားဘူး သူငယ်ချင်း၊ နောက်ဆုံး လင်မယားကွာရှင်းပြီးသည့်တိုင် လက်ထက်ပွား ပစ္စည်းဖြစ်ရင် တစ်ဦးတည်း အမည်ပေါက်လည်း
နှစ်ဦးပိုင် ပစ္စည်းဖြစ်တယ်လို့ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ အမှုလည်း ရှိတယ်''

''လင်မယားကွာရှင်းပြီးရင်တော့ ပစ္စည်းပိုင်ဆိုင်မှု မရှိတော့ဘူး မဟုတ်လား''

''ဒီလိုရှိတယ်သူငယ်ချင်း၊ လင်မယားကွာရှင်းပြီးပေမယ့် ပစ္စည်း မခွဲဝေရသေးရင် ကန့်ကွက်ခွင့် ရှိ တယ် သူငယ်ချင်း။ တစ်ခါ တစ်ရံမှာ လင်မယားကွာရှင်းမှု သက်သက်ပဲ တရားရုံးမှာ လျှောက်ထား ကြတာ ရှိတယ်။ တရားရုံးကလည်း ကွာရှင်းခွင့်ကိစ္စသာ အမိန့် ချပေးမှာ ဖြစ်တယ်။ ပစ္စည်းခွဲဝေခွင့် ပူးတွဲမလျှောက်တဲ့အတွက် ပစ္စည်းခွဲဝေတဲ့ အမိန့်မပါဘဲ ဖြစ်တတ်တယ်။ အချို့က ကွာရှင်းမိန့်ရပြီးမှ ပစ္စည်းခွဲဝေခွင့်ကို ထပ်မံ လျှောက်ထားတတ်ကြတယ်။ ဒါကြောင့် ကွာရှင်းရုံနဲ့ ပစ္စည်းပိုင်ဆိုင်ခွင့်က
မခွဲဝေရသေးတဲ့အတွက် ပူးတွဲပိုင်ရှင်အဖြစ်ပဲ ရှိနေတယ်''

''မယားက ဖောက်ပြန်ရင် အမွေဆုံးရှုံးတယ်လို့ ကြားဖူးတယ်''

''မှန်ပါတယ်၊ မယားဖြစ်သူက အခြားသော ယောက်ျားနဲ့ ဖောက်ပြန်တာ မှန်ကန်တယ်ဆိုရင် လင်မယားနှစ်ဦးပိုင် ပစ္စည်းမှာ မယားက အခွင့်အရေးဆုံးရှုံးတယ်လို့ ဥပဒေ အရ သတ်မှတ် ထားတယ်။ ဒါပေမယ့် ဒီကိစ္စက လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူး သူငယ်ချင်း။ လင်က မယားကို အခြားသူနဲ့ စွပ်စွဲရုံနဲ့ ဖောက်ပြန်ပါတယ်လို့ တရားရုံးက သတ်မှတ်မပေးဘူး။ အမှန်တကယ် ဖောက် ပြန်ကြောင်း ခိုင်လုံတဲ့ အထောက်အထားပြဖို့ လင် ယောက်ျားမှာ တာဝန်ရှိတယ်။ ကဲ-ထားပါတော့၊
သူငယ်ချင်းကိစ္စ ကို ဆက်ဆွေးနွေးကြရအောင်၊ လင်မယားကွာရှင်းတာကတရားဝင် စာချုပ်စာတမ်း နဲ့ တရားရုံးမှာ ကွာရှင်း ကြတာလား''

''သူပြောစကားအရတော့ တရားရုံးမှာ ကွာရှင်းပြီးသားလို့ ပြောတာပဲ''

''ပစ္စည်းခန်းခွဲဝေပြီး၊ မပြီး ဆိုတာရော မမေးမိဘူးလား''

''မြေကွက်က သူ့အမည် ပေါက်နေတယ်ဆိုတော့ ပစ္စည်းခန်း ခွဲဝေပြီး ဖြစ်တယ်လို့ ထင်တာပေါ့၊ အခုမှ မိန်းမက ကန့်ကွက်လာလို့ ခေတ္တ ဆိုင်းပါဦး ဖြစ်တာ''

''ဒါကိုတော့ သူငယ်ချင်း သေချာပြန်မေးဖို့လိုလိမ့်မယ်။ ပစ္စည်း ခန်းမခွဲဝေရသေးဘူး။ ရောင်းမယ့် မြေနဲ့ အိမ်ကလည်း လင်မယားနှစ်ဦး လက်ထပ်ပြီးမှ တိုးပွားလာတဲ့ ပစ္စည်းလား၊ လက်မထပ်မီ ကတည်း က လင်ရဲ့အမည်နဲ့ ဝယ်ထားတဲ့ ပစ္စည်းလား ဆိုတာကို သေချာ စုံစမ်းစေချင်တယ်။ ဒါမှ ရောင်းသူကို အကြံပေးနိုင်သလို၊ မိမိကိုယ်တိုင် ကလည်း ဝယ်သင့်၊ မဝယ်သင့် ဆုံးဖြတ်နိုင်မှာ ဖြစ်တယ်''

''သူငယ်ချင်းပြောလို့ သတိရ သွားတယ်''

''ကဲ-ပြောပါဦး''

''အခုရောင်းမယ့်အိမ်နဲ့ မြေ က သူနဲ့ အိမ်ထောင်မကျမီ ဝယ်ထားတဲ့ ပစ္စည်းမို့ မဆိုင်ဘူးပြောတယ်''

''ဒါပေမယ့် အဲဒီအိမ်မှာပဲ အတူနေခဲ့ကြတာမဟုတ်လား။ လင်ယောက်ျားရဲ့ ပါရင်း ပစ္စည်း ဖြစ် သွားတယ်။ ဒါတွေရှင်းပြနေရင် သူငယ်ချင်း ရှုပ်ထွေးကုန်မယ်''

''အေး-ဥပဒေအကြောင်းအချက်တော့ မလိုအပ်ဘူး။ အခု သိချင်တာက လင်မယားတရားဝင် ကွာရှင်းပြီးရင် လင်ပိုင်ပစ္စည်းကို ရောင်းတဲ့အခါကန့်ကွက်ခွင့် ရှိ မရှိဆိုတာပဲ သိချင်တယ်''

''သူငယ်ချင်းကို ရှင်းအောင် ပြောရရင် ၁၉၆၅ ခုနှစ်ကတည်း က တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့
စီရင်ထုံးတစ်ခုရှိတယ်၊ ယခုတိုင်လည်း အဲဒီဆုံးဖြတ်ချက်ကို လိုက်နာဆဲဖြစ်တယ်။ မောင်ထွန်းလင်းနဲ့ မမယ်ခင် ၁၉၆၅ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက် နှာ ၃၇၄ မှာ ကွာရှင်းပြီး လင်မယား ဖြစ်သော်လည်း အချင်းဖြစ် ပစ္စည်းကိုခွဲဝေခြင်းမပြုရသေးသဖြင့် မယားတွင် ပိုင်ဆိုင်ခွင့် ရှိသည်''
လို့ ဆုံးဖြတ်ခဲ့တယ်။

ဒါကြောင့် လင်မယားပိုင်ဆိုင် တဲ့ ပစ္စည်းရှိခဲ့ရင် တရားဝင် ကွာရှင်းပြီးပေမယ့် ပစ္စည်းခန်း မခွဲဝေရ သေးက အဲဒီပစ္စည်းဟာ လင်မယားနှစ်ဦးပိုင်ပစ္စည်းအဖြစ် တည်ရှိနေမှာပဲ သူငယ်ချင်း၊ ရောင်းမယ်၊ ပေါင်မယ် လွှဲပြောင်းပေးမယ်ဆိုရင် ကျန်တဲ့သူက ကန့်ကွက်ခွင့်ရှိမှာဖြစ်တယ်''

''ဒါဆိုရင် အခုရောင်းမယ့် မြေနဲ့အိမ်ဟာ ပစ္စည်းခန်းခွဲဝေပြီးတဲ့ စာရင်းထဲ ပါ၊ မပါ စုံစမ်းရမှာပေါ့''

''မှန်ပါတယ်။ ပစ္စည်းခန်း ခွဲဝေပြီးလို့ လင်ယောက်ျားပိုင် ပစ္စည်းအဖြစ် ခွဲဝေထားတယ်ဆိုရင် အမြန် သာ ပြေးဝယ်လိုက်တော့ သူငယ်ချင်း''ဟု အကြံပြုရင်း ဗဟုသုတအဖြစ် ရေးသားလိုက်ပါသည်။


Credit: ဈေးကွက်ဂျာနယ်

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service